What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 22 February 2020 11:41

ရင်ပြည့်ရင်ကယ်ဝေဒနာရှင်များ စားသုံးပေးသင့်သော အစားအစာများ

ရင်ပြည့်ရင်ကယ်ဝေဒနာကို လူအများစုကြုံတွေ့ဖူး ကြမှာဖြစ်ပြီး ရင်ပြည့်ရင်ကယ်ခြင်းကလူကို မအီမသာဖြစ်စေတာ ၊ ပျို့အန်ချင်တာ ၊ လေပွတာ ၊ ခံတွင်းချဉ်တာ ၊ ရင်ပူတာများ ကိုဖြစ်ပေါ်စေနိုင်ပါတယ်။

ရင်ပြည်ရင်ကယ်ဆိုတာ အစာစားချိန်မျိုချ လိုက်သောလေများ၊ ဝမ်းဗိုက်အတွင်း အစားချေစနစ်မှ ထွက်လာတဲ့ လေများ အလွန်များပြားခြင်းကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ပါတယ်။ ဒါကြောင့် ရင်ပြည့်ရင်ကယ်ဝေဒနာရှင်များ အနေဖြင့် စားသုံးပေးသင့်တဲ့အစား အစာများကို ဖော်ပြပေးလိုက်ပါတယ်။

 

လက်ဖက်ရည်ကြမ်း

ေရေႏြးပူပူတစ်ခွက်ထဲတွင် ကြိုက်နှစ်သက်သော လက်ဖက်ခြောက်အနည်းငယ် ထဲပြီး ၅မိနစ် ထားကာ သောက်သုံးနိုင်ပါတယ်။ လက်ဖက်ရည်ကြမ်းက အစာချေစနစ်ကို ကောင်းမွန်စေပြီး အဖန်ဓာတ်များပါဝင်ခြင်းကြောင့် မအီမသာဖြစ်ခြင်းကို သက်သာစေယုံ သာမက ခံတွင်းအနံ့ကိုပါ ကောင်းမွန်စေပါတယ်။

 

သံပုရာဖျော်ရည်

သံပုရာသီးနှစ်လုံးကို အရည်ညစ်ပြီး လီတာဝက်ခန့်ရေခွက်ထဲတွင် ဆားအနည်းငယ် ၊ သကြား နဲ့ ရေသန့်ရောပြီး မွှေကာသောက်သုံးခြင်းဖြင့် အစာကြေစနစ်ကို ကောင်းမွန်စေတဲ့အပြင် သံပုရာသီးတွင် အက်ဓာတ်တစ်မျိုးပါရှိသောကြောင့် အူလမ်းကြောင်းကို သန့်ဇင်စေနိုင်ပါတယ်။

 

Veterinary Medicine & Nutrition (တိရစ္ဆာန်ကုဆေးရောင်းချသောဆိုင်ပေါင်း ၂၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)

Image result for Veterinary Medicine & Nutrition

ဒိန်ချဉ်

ဒိန်ချဉ်ကို ပျာရည်းအနည်းငယ်ရောပြီး သောက်သုံးပေးခြင်းဖြင့် အစာမကြေ ရင်ပြည့်ရင်ကယ် ဖြစ်ခြင်းကို သက်သာစေနိုင်တဲ့အပြင် ဒိန်ချဉ်မှာ ခန္ဓာကိုယ်အတွက်လိုအပ်သော ဘတ်တီးရီးယားများပါရှိသောကြောင့် ဝမ်းဗိုက်မအီမသာဖြစ်ခြင်းကိုသက်သာစေနိုင်ပါတယ်။

 

နာနတ်သီး

နာနတ်သီးထဲမှာ ဘရိုမီလင်အင်ဇိုင်းက အစာအိမ်ချေဖျက်ပေးတဲ့ အက်စစ်ကို ပုံမှန်ဖြစ်စေတဲ့အတွက် ဝမ်းဗိုက်မအီမသာဖြစ်ခြင်းကို သက်သာစေတဲ့အတွက် ရင်ပြည့်ရင်ကယ်သူများအနေဖြင့် နာနတ်သီးဖျော်ရည်ကို သောက်သုံးပေးသင့်ပါတယ်။

 

ငှက်ပျောသီး

ငှက်ပျော်သီးက ကျန်းမာရေးအတွက် စားသုံးရန်အလွန်ကောင်းမွန်တဲ့ အသီးတစ်မျိူးလည်းဖြစ်တဲ့အပြင် ဝမ်းနဲ့ အစာချေစနစ်အတွက်လည်း ကောင်းမွန်စေတဲ့အတွက် ရင်ပြည့်ရင်ကယ် ဝေဒနာရှင်များ နေဖြင့်အစာစားပြီး တစ်နေ့တစ်လုံး စားသုံးနိုင်ပါတယ်။

Written By Health Products Directory


(Zawgyi)

=====

ရင္ျပည့္ရင္ကယ္ေ၀ဒနာရွင္မ်ား စားသံုးေပးသင့္ေသာ အစားအစာမ်ား

 

ရင္ျပည့္ရင္ကယ္ေ၀ဒနာကို လူအမ်ားစုႀကံဳေတြ႔ဖူး ၾကမွာျဖစ္ၿပီး ရင္ျပည့္ရင္ကယ္ျခင္းကလူကို မအီမသာျဖစ္ေစတာ ၊ ပ်ိဳ႔အန္ခ်င္တာ ၊ ေလပြတာ ၊ ခံတြင္းခ်ဥ္တာ ၊ ရင္ပူတာမ်ား ကိုျဖစ္ေပၚေစႏိုင္ပါတယ္။ ရင္ျပည္ရင္ကယ္ဆိုတာ အစာစားခ်ိန္မ်ိဳခ် လိုက္ေသာေလမ်ား၊ ၀မ္းဗိုက္အတြင္း အစားေခ်စနစ္မွ ထြက္လာတဲ့ ေလမ်ား အလြန္မ်ားျပားျခင္းေၾကာင့္ ျဖစ္ေပၚလာရျခင္းျဖစ္ပါတယ္။ ဒါေၾကာင့္ ရင္ျပည့္ရင္ကယ္ေ၀ဒနာရွင္မ်ား အေနျဖင့္ စားသံုးေပးသင့္တဲ့အစား အစာမ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။

 

လက္ဖက္ရည္ၾကမ္း

ေရေႏြးပူပူတစ္ခြက္ထဲတြင္ ႀကိဳက္ႏွစ္သက္ေသာ လက္ဖက္ေျခာက္အနည္းငယ္ ထဲၿပီး ၅မိနစ္ ထားကာ ေသာက္သံုးႏိုင္ပါတယ္။ လက္ဖက္ရည္ၾကမ္းက အစာေခ်စနစ္ကို ေကာင္းမြန္ေစၿပီး အဖန္ဓာတ္မ်ားပါ၀င္ျခင္းေၾကာင့္ မအီမသာျဖစ္ျခင္းကို သက္သာေစယံု သာမက ခံတြင္းအနံ႔ကိုပါ ေကာင္းမြန္ေစပါတယ္။

 

သံပုရာေဖ်ာ္ရည္

သံပုရာသီးႏွစ္လံုးကို အရည္ညစ္ၿပီး လီတာ၀က္ခန္႔ေရခြက္ထဲတြင္ ဆားအနည္းငယ္ ၊ သၾကား နဲ႔ ေရသန္႔ေရာၿပီး ေမႊကာေသာက္သံုးျခင္းျဖင့္ အစာေၾကစနစ္ကို ေကာင္းမြန္ေစတဲ့အျပင္ သံပုရာသီးတြင္ အက္ဓာတ္တစ္မ်ိဳးပါရွိေသာေၾကာင့္ အူလမ္းေၾကာင္းကို သန္႔ဇင္ေစႏိုင္ပါတယ္။

 

Veterinary Medicine & Nutrition (တိရစၦာန္ကုေဆးေရာင္းခ်ေသာဆိုင္ေပါင္း ၂၀ ေက်ာ္ကို ၾကည့္ရန္ ႏွိပ္ပါ)

Image result for Veterinary Medicine & Nutrition

 

ဒိန္ခ်ဥ္

ဒိန္ခ်ဥ္ကို ပ်ာရည္းအနည္းငယ္ေရာၿပီး ေသာက္သံုးေပးျခင္းျဖင့္ အစာမေၾက ရင္ျပည့္ရင္ကယ္ ျဖစ္ျခင္းကို သက္သာေစႏိုင္တဲ့အျပင္ ဒိန္ခ်ဥ္မွာ ခႏၶာကိုယ္အတြက္လုိအပ္ေသာ ဘတ္တီးရီးယားမ်ားပါရွိေသာေၾကာင့္ ၀မ္းဗိုက္မအီမသာျဖစ္ျခင္းကိုသက္သာေစႏိုင္ပါတယ္။

 

နာနတ္သီး

နာနတ္သီးထဲမွာ ဘရိုမီလင္အင္ဇိုင္းက အစာအိမ္ေခ်ဖ်က္ေပးတဲ့ အက္စစ္ကို ပံုမွန္ျဖစ္ေစတဲ့အတြက္ ၀မ္းဗုိက္မအီမသာျဖစ္ျခင္းကို သက္သာေစတဲ့အတြက္ ရင္ျပည့္ရင္ကယ္သူမ်ားအေနျဖင့္ နာနတ္သီးေဖ်ာ္ရည္ကို ေသာက္သံုးေပးသင့္ပါတယ္။

 

ငွက္ေပ်ာသီး

ငွက္ေပ်ာ္သီးက က်န္းမာေရးအတြက္ စားသံုးရန္အလြန္ေကာင္းမြန္တဲ့ အသီးတစ္မ်ိဴးလည္းျဖစ္တဲ့အျပင္ ၀မ္းနဲ႔ အစာေခ်စနစ္အတြက္လည္း ေကာင္းမြန္ေစတဲ့အတြက္ ရင္ျပည့္ရင္ကယ္ ေ၀ဒနာရွင္မ်ား ေနျဖင့္အစာစားၿပီး တစ္ေန႔တစ္လံုး စားသံုးႏိုင္ပါတယ္။

Written By Health Products Directory

Read times Last modified on Saturday, 22 February 2020 11:59
Rate this item
(0 votes)