What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 15 August 2018 11:34

OMEGA 3 fatty acids ဆိုတာ ဘာလေးလဲ

OMEGA 3 fatty acids ဆိုတာ ဘာလေးလဲ Google.com

OMEGA 3 fatty acids ဆိုတာ ခန္ဓာကိုယ်က မရှိမဖြစ်လိုအပ်တဲ့ Fatty acid အမျိုးအစားဖြစ်ပြီး တကယ်တမ်းတော့ ငါးကြီးဆီခေါ်တဲ့ အရာပါပဲ။

ဒါပေမယ့် ငါးအဆီတိုင်းကတော့ OMEGA 3 fatty acids မဟုတ်ပါဘူး။ ဒါဆို OMEGA 3 fatty acids ဘာကြောင့် လိုအပ်ပါသလဲ? ခန္ဓာကိုယ်က OMEGA 3 fatty acidsကို မရှိမဖြစ်လိုပေမယ့် ထုတ်လုပ်ဖို့ရန် မတတ်နိုင်ပါဘူး။ ဒါကြောင့် OMEGA 3 fatty acidsကို ပြင်ပအစားအစာကသာ ဖြည့်တင်းရပါတယ်။

OMEGA 3 fatty acids ကို ဘယ်ကရသလဲ

ငါးစားတိုင်း OMEGA 3 fatty acids မရပါဘူး။ OMEGA 3 fatty acids ရနိုင်တဲ့ ငါးတွေကတော့ ကကတစ်၊ ဆော်လမွန်၊ တူနာ စတဲ့ငါးမျိုးစိတ်တွေ ဖြစ်ပါတယ်။ ဒါ့အပြင် OMEGA 3 fatty acids ငါးကြီးဆီအဖြစ်လည်း သောက်သုံးကြပါတယ်။

OMEGA 3 fatty acids က ဘာတွေ လုပ်ပေးလဲ?

၁။ Cholesterol ကျဆင်းခြင်း

OMEGA 3 fatty acidsဟာ ခန္ဓာကိုယ်မှာ မလိုအပ်တဲ့ ပြည့်ဝဆီတွေကို နည်းစေပြီး ကောင်းမွန်တဲ့ HDL Cholesterol တွေကို တက်စေပါတယ်

၂။ နှလုံးသွေးကြောကျဉ်း ကာကွယ်ခြင်း

OMEGA 3 fatty acidsဟာ သွေးကြောတွေ အဆိဖုံးတာ ကာကွယ်ပေးလို့ နှလုံးသွေးကြောသာမက အခြား သွေးကြောကျဉ်းရောဂါတွေကိုပါ ကာကွယ်ပါတယ်

၃။ သွေးတိုး ကာကွယ်ခြင်း

လေ့လာချက်တွေအရတော့ OMEGA 3 fatty acids တစ်နေ့ ၃ဂရမ် သောက်ပေးရင် သွေးတိုးကာကွယ်ပါသတဲ့။ ဒါပေမယ့် ၃ဂရမ်ဆိုတာ များတော့ ဆရာဝန်နဲ့ တိုင်ပင်ပါ။

၎။ အဆစ်ယောင် လေးဘက်နာ Rheumatoid arthritis

OMEGA 3 fatty acids က အဆစ်ယောင်လေးဘက်နာကို ပျောက်ကင်းစေနိုင်သလား? အဲဒီလိုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် OMEGA 3 fatty acidsဟာ အဆစ်ယောင်တာကြောင့် နာကျင်မှုကို သက်သာလျော့နည်းစေတယ်လို့ လေ့လာချက်တွေက ဆိုပါတယ်။ အဆစ်ပျက်စီးမှုကိုတော့ မကာကွယ်ပေးနိုင်ပါဘူး။

၅။ အရိုးမပွအောင်…

OMEGA 3 fatty acidsဟာ ကယ်လ်ဆီယမ်ဓာတ်ကို မြင့်တက်လာစေလို့ အရိုးသိပ်သည်းဆက်ုလည်း မြင့်တက်လာစေတယ်လို့ လေ့လာတွေ့ရှိထားပါတယ်။ ၆၅နှစ်အထက် အရိုးပွသူ အမျိုးသမိးတစ်စုကို OMEGA 3 fatty acids ၃နှစ်တာ တိုက်ကျွေးပြိး စစ်ဆေးကြည့်တဲ့အခါ အရိုးသိပ်သည်းဆ မြင့်တက်လာတာကို တွေ့ခဲ့ရပါတယ်။

၆။ မှတ်ဉာဏ်

အရွယ်မတိုင်ခင် မှတ်ဉာဏ် ကျဆင်းခြင်းကို လေ့လာတဲ့အခါ OMEGA 3 fatty acids မှီဝဲမှု နည်းပါးခြင်းကြောင့် လို့ ဆိုပါတယ်။ ဒါကြောင့် မှတ်ဉာဏ် ကောင်းမွန်အောင် ငါးစားကြရအောင်လား။

source:ဒေါက်တာယမင်း(mydoctor.com)

Read: ကျန်းမာရေးနဲ့ညီညွတ်အောင် ဘယ်လိုရေချိုးရမလဲ

ကျန်းမာရေးနဲ့ညီညွတ်အောင် ဘယ်လိုရေချိုးရမလဲ

Read times Last modified on Wednesday, 15 August 2018 11:54
Rate this item
(1 Vote)