What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 23 November 2020 17:26

ဆေးသောက်စရာမလိုဘဲ ခေါင်းကိုက်ပျောက်စေမယ့် နည်းလမ်းများ

ခေါင်းတွေ ကိုက်တိုင်း အကိုက်အခဲ ပျောက်ဆေးတွေ သောက်မယ့်အစား ဒီဆေးနည်းတွေကို အရင်စမ်းသုံးကြည့်ပါ။

 

နှိပ်နယ်ပေးခြင်း

ပြင်းထန်တဲ့ ခေါင်းကိုက်ဝေဒနာ ပျောက်ကင်းသက်သာစေဖို့ ဦးရေပြား၊ လည်ပင်နဲ့ ပခုံးတွေကို နှိပ်နယ်ပေးပါ။ ခေါင်းကိုက်ဝေဒနာတွေ သက်သာ ပျောက်ကင်းစေပါလိမ့်မယ်။

 

ရေဓာတ်ဖြည့်ပေးပါ

ရေများများသောက်ပေးပါ။ ခေါင်းကိုက်မှုဖြစ်စေတဲ့ အဆိပ်တောက်တွေ ဖယ်ရှားသုတ်သင်ပေးပါတယ်။

 

အဝတ်စ ခပ်အေးအေးတစ်ခု နဲ့ဖိသိပ်ပါ

နဖူးပေါ်ရေစိုပဝါလေးတစ်ခု တင်ထားပါ။ နာကျင်ကိုက်ခဲမှုလျော့ကျစေပြီး ခေါင်းကိုက်ဝေဒနာ သက်သာစေပါလိမ့်မယ်။

 

နားနားနေပါ

ဖြစ်နိုင်ရင် မဲမှောင်ပြီး တိတ်ဆိတ်တဲ့နေရာတစ်ခုခုမှာ မိနစ် ၃၀ လောက်လဲပေးပါ။ ခေါင်းကိုက်တာဟာ တစ်ခါတလေ မျက်လုံးအားစိုက်ခြင်း သို့မဟုတ် ပင်ပန်းနွမ်းနယ်ခြင်းကြောင့် ဖြစ်နိုင်ပါတယ်။

 

လေ့ကျင့်ခန်းလုပ်ပါ

ခန္ဓာကိုယ်တောင့်တင်းမှုကို လျော့နည်းစေပြီး သွေးလည်ပတ်မှု ကောင်းမွန်စေခြင်းအားဖြင့် ခေါင်းတစ်ခြမ်းကိုက် ရောဂါကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။

Read times Last modified on Monday, 23 November 2020 17:29
Rate this item
(0 votes)