What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 10 October 2018 13:52

ဆဌမအကြိမ်မြောက် Medical Myanmar 2018 ပြပွဲကြီး

Fireworks Trade Media Group မှ ဦးစီးသော

ဆဌမအကြိမ်မြောက် Medical Myanmar 2018 ပြပွဲကြီးကို အောက်တိုဘာ ၁၀ ရက်နေမှ ၁၂ ရက်နေ့ထိ ၃ရက်တိုင်တိုင် ရန်ကုန်မြို့ Novotel Yangon Max Hotel တွင် နံနက် ၁၀နာရီမှ ညနေ ၅နာရီ အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဤပြပွဲတွင် ပြည်တွင်းပြည်ပမှ ဆေးဝါးနှင့် ဆေးရုံသုံးဆိုင်ရာ ပစ္စည်း အမှတ်တံဆိပ်ပေါင်း ၁၀၀ ကျော်ကို ခင်းကျင်းပြသမည်ဖြစ်သည်။ ခင်းကျင်းပြသမည့် ဧည့်သည်တော်များမှာ တရုတ်၊ ဂျာမနီ၊ အိန္ဒိယ၊ အမေရိကန်၊ စင်ကာပူ၊ ဂျပန်၊ ထိုင်ဝမ်၊ ထိုင်းနိုင်ငံ နှင့် မြန်မာ နိုင်ငံများမှ လာရောက်ကြမည်ဖြစ်ပြီး နိုင်ငံတကာရှိ ၊ ဆေးဘက်ဆိုင်ရာနယ်ပယ်အသီးသီးမှ ဧည့်သည်တော်ပေါင်း ၃၀၀၀ကျော် လာရောက်ကြည့်ရှူမည်ဟု မျှော်မှန်းထားလျှက်ရှိသည်။

43527168_286015138682451_703362944112525312_n.jpg

Medical Myanmar 2018 ပြပွဲအား သက်ဆိုင်ရာနယ်ပယ်ရှိ ဝန်ကြီးများ၊ အစိုးရအဖွဲ့ ၀င်အရာရှိကြီးများ နှင့် ၊ အထူးဖိတ်ကြားထားသည့်ဧည့်တော်များ လာရောက်ဖွင့်လှစ်ပေးမည်ဖြစ်သည်။ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းကုန်သည် များနှင့် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ (Myanmar Pharmaceutical & Medical Equipment Entrepreneurs” Association) နှင့် မြန်မာနိုင်ငံ သွားဘက်ဆိုင်ရာအသင်း ဥက္ကဋ္ဌ (Myanmar Dental Association) များလည်း တက်ရောက်ကြမည်ဖြစ်သည်။

ယခုပြပွဲအား ကုန်သည်ကြီးများ နှင့် လာရောက်လေ့လာကြည့်ရှုကြမည့် မိဘပြည်သူများ၊ ကျောင်းသားကျောင်းသူများ၊ သက်ဆိုင်ရာနယ်ပယ်အသီးအသီးမှ ၀န်ထမ်းများအား ၀င်ကြေးအခမဲ့ဖြင့် စာရင်းပေးသွင်းပြီး ကြည့်ရှုနိုင်သည်။ ပြပွဲတွင် စာရင်းပေးသွင်းနိုင်ပြီး ကြိုတင်စာရင်းပေးသွင်းလိုပါကလည်း Www.medical-myanmar.com ဝဘ်ဆိုဒ်တွင် စာရင်းပေးသွင်းနိုင်သည်။

ဆက်သွယ်ရန် Mya Pwint Phyu
Project Executive (+95) 9 254 049 219 This email address is being protected from spambots. You need JavaScript enabled to view it.

Fireworks Myanmar

Fireworks Myanmar pop Fireworks Trade Media Group Europeo : G88: oga&: se လမ်းညွှန်စာအုပ်များ ထုတ်လုပ်ခြင်း၊ ပြခန်းများနှင့် စီးပွားရေးဆိုင်ရာ ဟောပြောပွဲများကို ဦးဆောင်စီစဉ်ကျင်းပပေးသည့် ကုမ္ပဏီဖြစ်သည်။ ၂၀၀၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး နိုင်ငံပေါင်း ၁၂ နိုင်ငံတွင် လည်း ၊ နိုင်ငံတကာရုံးခွဲများထားရှိသည်။ Fireworks ၏ အဓိကရည်ရွယ်ချက်မှာ မိမိတို၏ဇည့်သည်တော်များအား သာလွန်ကောင်းမွန်သော စီးပွားရေး အခွင့်လမ်းများနှင့် ချိတ်ဆက်ပေးခြင်းပင်ဖြစ်သည်။ မိမိတို့၏ ဝဘ်ဆိုဒ် www.asiafireworks.com သိုဝင်ရောက်လေ့လာကြည့်ရှုရန် ဖိတ်ခေါ်အပ်ပါသည်။

Thank You!
Fireworks Trade Media Pte Ltd

ငါးကြီးဆီကို ဘယ်အသက်အရွယ်မှာ စသောက်သင့်လဲ

ငါးကြီးဆီကို ဘယ်အသက်အရွယ်မှာ စသောက်သင့်လဲ

Read times Last modified on Wednesday, 10 October 2018 14:25
Rate this item
(0 votes)