What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 01 December 2020 17:00

ကလေးငယ်များကို မတိုက်သင့်သည့် ဆေးများ

ကလေးငယ်များကို မတိုက်သင့်သည့် ဆေးများကို ဗဟုသုတအနေဖြင့် သိရှိနိုင်ရန် အတွက် ဖော်ပြပေးလိုက်ပါတယ်။

 

အအေးမိချောင်းဆိုး သက်သာ ဆေးများ

ဈေးကွက်အတွင်း အလွယ်တကူရရှိနိုင်သည့် တစ်ချို့သော အဖျားကျဆေး၊ ချောင်းဆိုး ပျောက်ဆေးရည်များသည် တစ် နှစ်အောက်ကလေးငယ်များ သုံးစွဲရန် မသင့်တော်ပေ။ ကလေးငယ်အတွက် သတ်မှတ်ထားသော ဆေးပမာဏ ကျော်လွန်သွားလျှင် ကလေးနှလုံး ခုန်မြန်ခြင်း၊ တက်ခြင်း၊ သေဆုံးခြင်း အထိဖြစ်နိုင်ပါသည်။

 

အအန်ပျောက်ဆေးများ

ကလေးငယ်များ အန်သည့်အခါ အအန်ပျောက်ဆေးများ မိမိဘာသာ မတိုက်ပါနှင့်။ အချို့အအန် ပျောက်ဆေးများသည် occulogyris crisis ဟုခေါ်သော အခြေအနေ တစ်ခုဖြစ်စေပြီး ကလေးငယ်များကို ပျော့ခွေသွားစေသည်။ ကလေးငယ် များတွင် အန်ခြင်းသည် ရံဖန်ရံခါခဏ တာမျှသာဖြစ်ပြီး ဆေးမလိုဘဲ သက်သာလာတတ်သည်။ ကလေး ငယ်မကြာခဏ အန်နေပါက ဆရာဝန်ထံ ပြသတိုင်ပင်ပါ။

 

လူကြီးသောက်ဆေးများ

ကလေးငယ်ကို လူကြီးသောက် ဆေးများခွဲခြမ်း၍ မတိုက်ပါနှင့်။ လူကြီးဆေးနှင့် ကလေးဆေးသည် ပြင်းအားကွာဟမှု ကြီးမားသည်။ ဆေးအညွှန်း၌ ကလေးတိုက်နိုင်သည့် ပမာဏတိတိကျကျ ဖော်ပြ မထားပါက ဆေးလုံးကို ခြမ်း၍သော် လည်းကောင်း၊ ဆေးရည် လျှော့၍ သော်လည်းကောင်း မတိုက်ပါနှင့်။

 

ပါရာစီတမော့

ကလေးငယ် စဖျားပြီးဆိုတာနဲ့ အရင် တိုက်ဖြစ်လေ့ရှိတာက ပါရာစတစ်မော့ အရည်ဖြစ်တဲ့အတွက် တခြားသော် ဆေးများ ထက်တိုက်စရာရှိပါက ပါရာစတမော ပါဝင်ခြင်း ရှိမရှိကို စစ်ဆေးသင့်ပါတယ်။ ပါရာစီတမော့ ပမာဏလွန်ကဲပါက အသည်းထိခိုက်တတ်သည်။

 

အိပ်ဆေး

Banadryl ကဲ့သို့ ငြိမ်ဆေး၊ အိပ်ဆေးများကို ခရီးဝေးသွားသည့် ကလေးငယ်များ ငြိမ်သက် တိတ်ဆိတ်စေရန် တိုက်ကျွေးလေ့ရှိကြသည်။ သို့သော် ထိုဆေးများသည် ကလေးငယ်များအား အမှန်တကယ် အိပ်ပျော်စေခြင်းမရှိဘဲ ဘေးထွက်ဆိုးကျိုးများသာ ခံစားရစေသည်။

Read times Last modified on Tuesday, 01 December 2020 17:07
Rate this item
(0 votes)