What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 04 April 2019 10:56

အဆစ်အမြစ် ကိုက်ခြင်းကို ပိုဆိုးစေတဲ့ အစားအသောက်တွေက ဘာတွေလဲ

ဒီလို နာကျင်လွန်းတဲ့ အဆစ်အမြစ်ကိုက် ဝေဒနာသက်သာအောင် ဆေးတွေသောက် ၊ လေ့ကျင့်ခန်းတွေ လုပ်နေပေမယ့် အရမ်းကြီး မသက်သာတဲ့အခါမှာတော့ ကိုယ့်စားနေတဲ့အစားအသောက်တွေကို ထည့်စဉ်းစားဖို့လိုလာပါပြီ။ အဆစ်အမြစ် ရောင်တာကို ပိုဆိုးစေတဲ့ အစားအသောက်တွေကို စားနေမိလားပေါ့ ။

Gluten ဓာတ်များတဲ့အစားအသောက်

Gluten ဓာတ်များတဲ့ အစားအသောက်တွေကို အစာအိမ်က ဖြိုခွဲလိုက်တဲ့အခါ inflammatory response လို့ခေါ်တဲ့ ရောင်ရမ်းကို အားပေးတဲ့ ဓာတ်တွေ၊ ထွက်လာပါတယ်။ အထူးသဖြင့်အစာ အိမ်စုပ်ယူအားကောင်းတဲ့ လူတွေမှာဆို ဒီဓာတ်တွေဟာ ခုခံအားကို လှုံ့ဆော်ပြီး ရောင်ရမ်းခြင်းကို ပိုဖြစ်စေတတ်တာကြောင့် အဆစ်အမြစ်ကိုက်ခဲတဲ့သူတွေ Gluten ဓာတ်များတဲ့ အစား အသောက်တွေ ကို ရှောင်သင့်ပါတယ်။ ( ဂျုံ၊ ဘာလီ)

 

နို့ နဲ့ နို့ထွက်ပစ္စည်း

နို့ နဲ့ နို့ထွက်ပစ္စည်းတွေမှာ casein လို့ခေါ်တဲ့ ပရိုတင်းဓာတ်တစ်မျိုးပါပြီး အဲဒီ့ ဓာတ်ဟာ အဆစ်အမြစ်နဲ့ တစ်ရှူးတွေ ရောင်ရမ်းတာကို ပိုဆိုးစေလို့ အဆစ်အမြစ်ရောင်ရမ်းတဲ့သူတွေ နို့နဲ့နို့ထွက်ပစ္စည်းတွေကို ရှောင်သင့်ပါတယ်။

 

ပြောင်းဖူးဆီ

ပြောင်းဖူးဆီလိုမျိုး အိုမီဂါ 6 ကြွယ်ဝတဲ့ ဘယ်အစားအသောက်မဆို ရောင်ရမ်းခြင်းကို အားပေးတဲ့အတွက် ပြောင်းဖူးဆီ ၊ နေကြာဆီ၊ ကန်နိုလာဆီ၊ ပဲပိစပ်ဆီတွေ ကို ရှောင်စားသင့်ပါတယ်။

 

 

ဆီကြော်မုန့်တွေ၊ တာရှည်ခံအောင်လုပ်ထားတဲ့ အစားအသောက်

ဆီကြော်မုန့်တွေ နဲ့ တာရှည်ခံအောင် လုပ်ထားတဲ့ အစားအသောက်တွေ လျှော့စားတဲ့အခါ ကိုယ်တွင်းရောင်ရမ်းခြင်းတွေ လျော့ကျသွားမယ့်အပြင် သွေးကြောတွေကို ကျန်းမာစေလို့ လုံလောက်တဲ့ အောက်ဆီဂျင်တွေ အပြည့်အဝရကာ ကျန်းမာစေပါတယ်။

 

ဆား

အငန်ဓာတ်ပြင်းပြင်းနဲ့ အရသာမှုန့်တွေ အများကြီးထည့်ထားတဲ့ အစားအသောက်တွေဟာ စားလို့တော့ကောင်းပေမယ့် အဆစ်အမြစ်ရောင်ရမ်းခြင်းဖြစ်နေတဲ့သူတွေကိုတော့ သူတို့က ဒုက္ခပေးပါတယ်။ ဒါကြောင့် ရောင်ရမ်းခြင်းကို အားပေးတဲ့ အငန်ဓာတ်နဲ့ အရသာမှုန့်တွေကို လျှော့စားဖို့ လိုပါတယ်။ ။ အသင့်စားသရေစာမုန့်တွေ၊ စားသောက်ဆိုင်က စားကောင်းအောင် ပြုပြင်ထားတဲ့ အစားအသောက်တွေပေါ့။

 

သကြား

သကြားဟာ cytokine လို့ခေါ်တဲ့ ရောင်ရမ်းခြင်းကို အားပေးတဲ့ ဓာတ်တစ်မျိုး ထုတ်ပေးတဲ့ အတွက်ကြောင့် အဆစ်အမြစ်ရောင်တဲ့သူတွေ အချိုလျှော့စားသင့်ပါတယ်။

 

အရက်နဲ့ ဆေးလိပ်

ထုံးစံအတိုင်း ကျန်းမာရေးအတွက် ဘာကောင်းကျိုးမှ မပေးတဲ့ ဒီ အရက်နဲ့ ဆေးလိပ်ဟာ ရောင်ရမ်းခြင်းကို ပိုဆိုးစေတဲ့အပြင် အခြား ကျန်းမာရေး ပြဿနာတွေကိုပါ ဖြစ်စေတာကြောင့် ရှောင်သင်တဲ့ ထိပ်ဆုံးက အရာတွေပါ။

 

Source: hellosayarwon

Read times
Rate this item
(1 Vote)