What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 07 December 2020 11:44

လူမှုဖူလုံရေးထည့်ဝင်ထားသည့် အာမခံအလုပ်သမား ကိုယ်ဝန်ဆောင်မိခင်များ မီးမဖွားခင် ၆ ပတ်၊ မီးဖွားပြီး ၈ ပတ် ဆေးခွင့် နှင့် မီးဖွားစရိတ်များလျှောက်ထားနိုင်

လူမှုဖူလုံရေးကြေးထည့်ဝင်ထားတဲ့ အာမခံအလုပ်သမားကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် မီးမဖွားခင် ၆ ပတ်၊မီးဖွားပြီး ၈ ပတ်ဆေးခွင့် စရိတ်နှင့် မီးဖွားစရိတ်များလျှောက်ထားနိုင်ပြီး သိရှိမှုအားနည်းခြင်းများကြောင့် ဆုံးရှုံးမှုများဖြစ်ပေါ်နေရတယ်လို့ သိရပါတယ်။

 

"ကိုယ်ဝန်ဆောင် သုံးလဆိုတာနဲ့ သက်ဆိုင်ရာ လူမှုဖူလုံရေးဆေးရုံ ၊ဆေးခန်းတွေမှာ ကျန်းမာရေးစောင့်ရှောက်ခွင့်ရှိတယ်။ဒါကိုလည်း ၇ ရက်ကို on duty အနေနဲ့အလုပ်ရှင်ကပေးရမဲ့တာဝန်လည်းရှိပါတယ်။ဥပဒေမှာတရားဝင်ပြဋ္ဌာန်းထားတာပါ။မီးဖွားခွင့်မစခင်မှာမီးဖွားခွင့် ၆ ပတ်ခံစားခွင့် မီးဖွားပြီး ရှစ်ပတ်ခံစားခွင့်ရှိတယ်။အခုကမြေပြင်အခြေအနေမှာဖြစ်နေတာမီးမဖွားခင် ၆. ပတ် ကိုသူတို့မရလိုက်ဘူးဆိုတာလေးတွေ ကျွန်မတို့လည်းစိတ်မကောင်းဘူး"လို့လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းနုကပြောပါတယ်။


လူမှုဖူလုံရေး SSB လစဉ်ကြေးထည့်သွင်းထားပြီး ထည့်သွင်းကာလတစ်နှစ်အထက်ရှိသူများအနေဖြင့် မီးဖွားပြီး ၂ လအတွင်းလျှောက်ထားရမည်ဖြစ်ပြီး လူမှုဖူလုံရေးဆေးခန်းမှဆရာဝန်၏ဆေးလက်မှတ် မွေးစာရင်း၊ ကိုယ်တိုင်ရေးလျှောက်လွှာ ၊ အလုပ်ရှင်(သို့)HRမန်နေဂျာတို့၏ထောက်ခံစာ၊လူမှုဖူလုံရေးအာမခံကဒ်တို့ကိုလိုအပ်မည်ဖြစ်ပါတယ်။

 

"မီးမဖွားခင်မှာသက်ဆိုင်ရာလူမှုဖူလုံရေးဆေးခန်းတွေ ပုဂ္ဂလိကနဲ့ စာချုပ်ချုပ်ဆိုထားတဲ့ဆေးခန်းတွေကိုဆက်သွယ်ပါ။မီးမဖွားခင်၆ပတ်ကိုလည်းဆေးခွင့်ယူပါ။မီးဖွားပြီးရှစ်ပတ်ကိုလည်းမွေးပြီးတာနဲ့သွားကြပါ။အဲ့ဒါမှ မီးဖွားမှုနဲ့ပတ်သက်တဲ့ငွေကြေးခံစားခွင့်တွေရရှိပါမယ်"လို့ဒေါ်သန်းသန်းနုကပြောပါတယ်။

 

မီးဖွားခွင့်အကျိုးခံစားမှုတွက်ချက်ခြင်းမှာ မီးမဖွားခင် ၆ ပတ်ဆေးခွင့်နှင့်မီးဖွားပြီး ရှစ်ပတ်ကို သက်ဆိုင်ရာ လူမှုဖူလုံရေးအဖွဲ့တွင်ဆေးခွင့်ယူထားပြီး လုပ်ခလစာ၏ ၇၀ ရာခိုင်နှုန်းကိုဆေးခွင့်အကျိုးခံစားရခြင်းကလေးတစ်ယောက်မွေးလျှင်လည်းမီးဖွားစရိတ်အဖြစ် လစာ၏ ၅၀ ရာခိုင်နှုန်း၊ ကလေးနှစ်ယောက်မွေးလျှင်မီးဖွားစရိတ်အဖြစ်လစာ၏ ၇၅ ရာခိုင်နှုန်း၊ ကလေးသုံးမွှာပူးမွေးလျှင်လစာ၏ ၁၀၀ ရာခိုင်နှုန်းအစရှိသဖြင့်မီးဖွားစရိတ်များကိုလည်းရရှိနိုင်မှာဖြစ်တယ်လို့ ၂၀၁၂ လူမှုဖူလုံရေးဥပဒေ အရသိရပါတယ်။

 

MyanmarLabourNews

Read times
Rate this item
(0 votes)