What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 07 November 2020 15:30

ကျန်းမာရေးကဏ္ဍ ကြီးထွားတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှု

မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုစျေးကွက်သည် သိသာထင်ရှားသည့် တိုးတက်မှု အလားအလာရှိသည်။ သို့သော်လည် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် တိုင်းပြည်အခြေအနေများကြောင့် ဆွဲဆောင်မှုမရှိသောစျေးကွက်အဖြစ် ဆက်လက်တည်ရှိနေဦးမည်ဖြစ်သည်။

 

ADB ၏ဘဏ္ဍာရေးထောက်ပံ့မှုသည် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍကို အကျိုးပြုလိမ့်မည်။ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွင် အစိုးရ၏ရင်းနှီးမြှုပ်နှံမှုများ အထိုက်အလျောက် ရှိနေသည်။ အမျိုးသား ကျန်းမာရေး စီမံကိန်း National Health Plan (NHP) ၂၀၁၇-၂၀၂၁ တွင်ဤသို့ သုံးသပ်ထားသည်။

 

..... မြန်မာ့ ကျန်းမာရေးစနစ်သည် လတ်တလော စိန်ခေါ်မှု များစွာဖြင့်ရင်ဆိုင်ကြုံတွေ့စေရပါသည်။ အဆိုပါ စိန်ခေါ်မှုများ၏ ပြဿနာ ရင်းမြစ်သည် ကျန်းမာရေးအတွက် အဓိက သွင်းအားစုများ ဖြစ်သည့် လူ့စွမ်းအားအရင်းအမြစ်၊ ကျန်းမာရေး စောင့်ရှောက်မှု အတွက် အခြေခံအဆောက်အအုံ၊ အဓိက ဆေးဝါးရရှိမှု၊ ဘဏ္ဍာ ငွေကြေးအရင်းအမြစ် စသည်တို့ ရရှိဖြန့်ကျက် ထားနိုင်စွမ်းအားနည်းခြင်းတို့ ဖြစ်သည့်အပြင် သော့ချက်လုပ်ငန်းဆောင်တာ ဖြစ်သည့် ထောက်ပံ့စောင့်ကြပ်စနစ်၊ လူနာညွှန်းပို့စနစ်၊ ဆေးနှင့် ဆေးပစ္စည်း ထောက်ပံ့ပို့ဆောင် စနစ်၊ ကျန်းမာရေး သတင်း အချက်အလက် စီမံခန့်ခွဲမှု၊ ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုများကလည်း အားကောင်းခြင်းမရှိ။ စနစ်အပေါ် ခြုံငုံသုံးသပ်နိုင်စွမ်း၊ ခေါင်းဆောင်မှု၊ ပွင့်လင်းမြင်သာမှုဆိုင်ရာအကန့်အသတ်များကလည်း အဆိုပါ စိန်ခေါ်မှုများကို ပိုမို အားကောင်း ကြီးထွားလာစေခဲ့ပါသည်။


လက်ရှိအချိန်တွင် မြန်မာနိုင်ငံသည် အစိုးရအသုံးစရိတ် စုစုပေါင်း၏ ၃.၆၄ ရာခိုင်နှုန်းကိုသာ ကျန်းမာရေးဘက်ဂျက်အဖြစ် အသုံးပြုနေ ရပြီး အဆိုပါ ရာခိုင်နှုန်းသည် ဒေသစံနှုန်းနှင့် ကမ္ဘာ့စံနှုန်းများအရ လွန်စွာ နည်းပါးလျက်ရှိနေသေးသည်။ အကျိုးဆက်အရကျန်းမာရေးဆိုင်ရာ အဓိကဘဏ္ဍာရင်းမြစ်သည် အိမ်ထောင်စုများ၏ တိုက်ရိုက် ကျခံသုံးစွဲငွေဖြစ်လာခဲ့ပြီး ထိုသို့ ကျခံသုံးစွဲရသဖြင့် ဆင်းရဲမွဲတေ ခြင်းနှင့် ကြုံတွေ့နိုင်သလို လိုအပ်သည့် စောင့်ရှောက်မှုများကို မရရှိနိုင်အောင် ပိတ်ပင်တားဆီးထားသကဲ့သို့ ဖြစ်၍နေသေးသည်။ ...

 

အပြည့်အစုံ ဖတ်ရှုလော့ရန် ခေါင်းစဉ်ကို ထိပါ

အမျိုးသား ကျန်းမာရေး စီမံကိန်း National Health Plan (NHP)

 

ကျန်းမာရေးစောင့်ရှောက်မှုအတွက် လူအများတို့၏ အသုံးစရိတ်သည် ဆက်လက်တိုးပွားလာနေသည်။ မြန်မာနိုင်ငံတွင်ကျန်းမာရေးစောင့်ရှောက်မှု အတွက် စုစုပေါင်းအသုံးစရိတ်သည် ၂၀၁၉ ခုနှစ်တွင်ကျပ် ၅.၉၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၃.၉ ဘီလီယံ) ဖြစ်သည်။ ကျန်းမာရေးစောင့်ရှောက်မှုအတွက် လူအများတို့၏ အသုံးစရိတ်သည် ဆက်လက်တိုးများလာနေသည်။ မြန်မာနိုင်ငံတွင်ကျန်းမာရေးစောင့်ရှောက်မှု အတွက် စုစုပေါင်းအသုံးစရိတ်သည် ၂၀၁၉ ခုနှစ်တွင်ကျပ် ၅.၉၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၃.၉ ဘီလီယံ) ဖြစ်သည်။

 

၂၀၂၄ ခုနှစ် တွင် ကျပ် ၁၂.၉ ထရီလီယံ (အမေရိကန်ဒေါ်လာ ၇.၇ ဘီလီယံ) နှင့် ၂၀၂၉ တွင် ကျပ် ၂၉.၀၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၄.၉၈ ဘီလီယံ) အထိ မြင့်တက်မည်ဟု ခန့်မှန်းထားသည်။ ထိုပမာဏ ကြီးထွားနှုန်းသည် ကျပ်အားဖြင့် ၁၇.၃ % (အမေရိကန်ဒေါ်လာအားဖြင့် ၁၄.၄% ) ဖြစ်သည်။

 

 

ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းမှ ဆေးရုံလုပ်ငန်းကဏ္ဍ အကျိုးရှိမည်

၂၀၂၀ အောက်တိုဘာတွင် အာရှဖွံ့ဖြိုးရေးဘဏ်သည် Covid-19 ကူးစက်မှုကို မြန်မာနိုင်ငံ၏တုန့်ပြန်မှုကိုတိုးမြှင့်ရန်အတွက်အမေရိကန်ဒေါ်လာသန်း ၃၀ ချေးငွေကို အတည်ပြုခဲ့သည်။အထူးသဖြင့် တိုင်းရင်းသား လူနည်းစုလူဦးရေ နေထိုင်ရာ ဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြားမရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများကို လက်လှမ်း မမီသောဒေသများအတွက် ဖြစ်သည်။

 

ချေးငွေသည် Greater Mekong Subregion Health Security Project အတွက် ထပ်မံဖြည့်တင်းပေးခြင်း ဖြစ်ပြီး အစိုးရအနေဖြင့် နိုင်ငံတစ်လွှားရှိ ခရိုင်ဆေးရုံများနှင့် မြို့နယ်ဆေးရုံများ စုစုပေါင်း ၃၁ ခုတို့တွင် ချက်ချင်း ရင်းနှီးမြှုပ်နှံနိုင်စေရန် ရည်ရွယ်သည်။ ဆေးကုသမှု တိုးတက်ကောင်းမွန်စေရေးနှင့် စီမံခန့်ခွဲမှု ပိုမိုကောင်းမွန်စေရေဂ၊ ကူးစက်မှု ကာကွယ်ထိန်းချုပ်ရေး၊ လူအရင်းအမြစ် လုပ်ကိုင်နိုင်စွမ်းဖြင့် ကိုဗစ်-၁၉ နှင့် နောက်နောင်တွင် အခြားသော ကျန်းမာရေးအန္တရာယ်များကို တုံ့ပြန်ရန် ကျန်းမာရေးစနစ်ကို ထောက်ကူရေးတို့အတွက် သုံးစွဲရန် ဖြစ်သည်။

 

ထို့ပြင် ဘဏ္ဍာရေး ထောက်ကူမှုသည် ကိုဗစ်လူနာများကို ဆေးစစ်ခြင်း၊ စောင့်ကြည့်ခြင်း၊ သီးခြားခွဲထားခြင်းတို့အတွက် အရေးပေါ်ဌာနများကို ဆေးပစ္စည်းကိရိယာများဖြင့် ထူထောင်ပေးခြင်းဖြင့် ကုသမှုနှင့် စီမံမှုတို့ကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရန် ဖြစ်သည်။ စီမံကိန်းသည် ဓာတ်ခွဲခန်းများ အဆင့်မြှင့်တင်ရန် ဆေးရုံသုံး ဆေးပစ္စည်းကိရိယာများ ဖြည့်တင်းရန် ဖြစ်ရာ အောက်ဆီဂျင်ရရှိရေး၊ လျှပ်စစ်ဓာတ်အား ရရှိရေး ရေနှင့် အခြား မရှိမဖြစ် လိုအပ်သည်များကို ဖြည့်တင်းရန် ဖြစ်သည်။

 

ဆေးရုံးများသည် သီးခြားခွဲထားခြင်းပြုရန် နေရာများကို ပိုမိုကောင်းမွန်စေခြင်း၊ ဆေးရုံမှ စွန့်ပစ်သည့်အရာများ စီမံခန့်ခွဲသည့် စနစ်များ တိုးတက်ကောင်းမွန်စေခြင်းဖြင့် ကူးစက်မှုကို ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးကို အထောက်အကူ ဖြစ်စေမည် ဖြစ်သည်။ ဆေးရုံ ဝန်ထမ်းများကို PPE (personal protective equipment) ပေးအပ်ရန်အတွက်လည်း သုံးစွဲမည် ဖြစ်သည်။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မှု လူနာများကို စစ်ဆေးအကဲဖြတ်ရန်၊ ကိုဗစ်နှင့် အခြားဆက်နွုယ်နေသော ဖျားနာမှုများအတွက် ကုသမှုဆိုင်ရာ စီမံခန့်ခွဲမှု တတ်မြောက်ရန်အတွက် သင်တန်းပေးဖို့အတွက်လည်း သုံးစွဲမည် ဖြစ်သည်။

 

ဆေးဝါးကုမ္ပဏီများအတွက် အခွင့်အလမ်းများ

မြန်မာနိုင်ငံသည် ဒေသတွင်းနှင့် ကမ္ဘာအနှံ့ရှိ အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ကျန်းမာရေးညွှန်းကိန်းများသည် အားနည်းနေသည်။ ဥပမာ မြန်မာနိုင်ငံတွင် လူဦးရေနှင့် ဆရာဝန်ဦးရေ အချိုးအစားသည် ဒေသတွင်းရှိ အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် နည်းနေသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံတွင် လူဦးရေနှင့် ဆရာဝန် အချိုးအစားမှာ လူတစ်သောင်းလျှင် ဆရာဝန် ၆ ဒသမ ၁ ဦး ဖြစ်သည်။ ဗီယက်နမ်တွင် ၁၁ ဒသမ ၉ ၊ စင်ကာပူတွင် ၁၉ ဒသမ ၅ နှင့် ဂျပန်တွင် ၂၃ ရှိသည်။


ကျန်းမာရေး စောင့်ရှောက်မှုကို လက်လှမ်းမီဖို့ ခံယဉ်းသော နေရာဒေသများ ရှိနေသည်။ အထူးသဖြင့် ကျေးလက်ဒေသနှင့် ဝေးလံသည့်နေရာများ ဖြစ်သည်။ အခြေခံအဆောက်အအုံနှင့် သယ်ယူပို့ဆောင်ရေး ညံ့ဖျင်းခြင်း၊ စက်ပစ္စည်းကိရိယာများ၊ အရင်းအမြစ်များနှင့် ဆေးဝါးများ မလုံလောက်ခြင်းတို့လည်း ဖြစ်ပေါ်နေသည်။

 

ထိုသို့သော အခြေအနေများတွင် တန်ဖိုးနည်းဆေးဝါးများဖြင့် လုပ်ကိုင်ခြင်းသည် ဆေးဝါးကုမ္ပဏီများအတွက် မြန်မာနိုင်ငံသည် သိသာထင်ရှားသည့်အခွင့်အလမ်းများ ရရှိလိမ့်မည်။ ထို့အပြင် တိုင်းပြည်၏ မပြည့်စုံသောဆေးကုသမှုလိုအပ်ချက်များသည် ဆေးဝါးကုမ္ပဏီများအတွက် စီးပွားဖြစ်အခွင့်အလမ်းများ ပေးနိုင်သည်။ အခြေခံကျသော အရင်းအမြစ်များ ဖြစ်သည့် အခြေခံ အဆောက်အအုံ၊ လူအရင်းအမြစ် အစရှိသည်တို့ တိုးတက်ကောင်းမွန်အောင် လုပ်ပေးခြင်းဖြင့်လည်း စီးပွားဖြစ်အခွင့်အလမ်းများ ရရှိနိုင်သည်။ နိုင်ငံတကာ ဆေးဝါးလုပ်ငန်းများနှင့် လက်တွဲပြီး လုပ်ကိုင်ရန်လည်း အခွင့်အလမ်းများ ရှိနေသည်။

 

Myanmar Health Guide

 

၂၀၁၇ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော အမျိုးသား ကျန်းမာရေး စီမံကိန်း

National Health Plan (NHP) ၂၀၁၇-၂၀၂၁

 

Read times
Rate this item
(0 votes)