What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 11 December 2020 17:58

အစာအိမ်ရောဂါ (အစာအိမ်အနာ) ရှိသောသူများ ရှောင်ရှားသင့်သည့် အစားအစာများ

ပိုးသတ်ဆေးနှင့် အစာအိမ်ဆေး သောက်သုံးနေသော အစာအိမ်ရောဂါဝေဒနာရှင်များသည် အစားအသောက် အနေအထိုင်ကို သတိထားဖို့ လိုအပ်ပါတယ်။

 

အနေအစားမှားယွင်းပါက အစာအိမ်နာခြင်း၊ ရင်ပူခြင်း၊ အစာမကြေခြင်း၊ လေတက်ခြင်းနှင့် ပျို့အန်ခြင်းတို့ ဖြစ်နိုင်ပါတယ်။ ထို့ကြောင့် အစာအိမ်အနာရှိသူများကို ရှောင်ရှားသင့်သည့် အစားအသောက်များကို ဖော်ပြပေးလိုက်ပါတယ်။

၁. ကော်ဖီ

အစာအိမ်အနာကို ကုသမှုခံယူနေသော အချိန်သည် ကော်ဖီဖြတ်ရန် အကောင်းဆုံးအချိန်ဖြစ်ပါသည်။ ကော်ဖီသောက်ခြင်းသည် အစာအိမ်အနာအသစ်ကို မဖြစ်စေနိုင်သော်လည်း ယခင်အနာကို ပို၍ ဆိုးစေနိုင်ပါတယ်။ ကော်ဖီတွင်ပါဝင်သော ကဖင်းဓာတ်သည် အစာခြေရည်ထုတ်လုပ်မှု မြင့်တက်စေရုံသာမက အစာခြေဖျက်ခြင်းကို မြန်စေကာ ရောဂါလက္ခဏာများကို ပိုဆိုးစေပြီး အစာအိမ်ကို ထိခိုက်စေပါတယ်။

 

၂. အရက်နှင့်ယမကာများ

အရက်သေစာအလွန်အကျွံသောက်သုံးခြင်းသည် အစာခြေရည်ကို အလွန်အမင်း ထွက်စေကာ အစာအိမ်အနာကို ပိုဆိုးစေနိုင်ပါတယ်။ အရက်သည် အစာခြေရည်ကို ထွက်စေသည်သာမက ရေဓာတ်ကိုပါ လျော့နည်းစေသောကြောင့် ရောဂါလက္ခဏာများကို ပိုဆိုးစေပါတယ်။

 

၃. အနီရောင်ရှိသော အသားများ

အစာအိမ်အနာရှိသောသူတိုင်းသည် အနီရောင်ရှိသော အစားအစာများကို ရှောင်သင့်ပါတယ်။ အနီရောင်ရှိသော အသားများသည် အဆီနှင့် ပရိုတိန်းပါဝင်မှုများသောကြောင့် ကြာရှည်စွာ အစာချေဖျက်ရပါတယ်။ အစာအိမ်နှင့် ထိတွေ့မှုကြာသောကြောင့် အစာချေရည်ထွက်ရှိမှုများကာ အစာအိမ်အနာကို ပိုဆိုးစေပါတယ်။

 

၄. နို့နှင့် နို့ထွက်ပစ္စည်းများ

အစာအိမ်နာကျင်မှုကြောင့် နို့အေးအေးလေးတစ်ခွက် သောက်သုံးလေ့ရှိပါသည်။ ထိုအလေ့အကျင့်သည် ခဏတာ နာကျင်မှုကို သက်သာစေနိုင်သော်လည်း အမှန်တကယ်တွင် ပိုမိုဆိုးရွားနိုင်ပါတယ်။ နို့နှင့် နို့ထွက်ပစ္စည်းများသည် အဆီပါဝင်မှု မြင့်မားသောကြောင့် ရောဂါကို ပိုဆိုးစေနိုင်ပါသည်။ ပရိုတိန်းဓာတ်ကြောင့် အစာခြေရည်ထွက်ရှိမှုများစေပြီး အနာကို ပိုဆိုးစေပါတယ်။

 

၅. ဆားနှင့် အငန်ပါဝင်မှုများသော အစားအစာများ

အငန်အစားများလေ အစာအိမ် အနာအဖြစ်များလေ ဖြစ်ပါသည်။ အငန်ပါဝင်မှုများသော အစားအစာများသည် H.pylori ရောဂါပိုကို အားပေးသကဲ့သို့ ဖြစ်စေနိုင်ကာ ရောဂါကို ပိုဆိုးစေနိုင်ပါသည်။ အငန်စားသုံးမှုကြောင့် အစာအိမ်ဆေး၏ အကျိုးအာနိသင်ကို နည်းပါးစေနိုင်ပါတယ်။

Read times
Rate this item
(0 votes)