What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 17 November 2017 14:09

ချစ်သူနဲ့ ရန်ဖြစ်စကားများခြင်းက သင့်ကျန်းမာရေးကို ဘယ်လောက်တောင်ထိခိုက်စေမလဲ ???

ချစ်သူနဲ့ ရန်ဖြစ်စကားများခြင်းက သင့်ကျန်းမာရေးကို ဘယ်လောက်တောင်ထိခိုက်စေမလဲ ??? google.com

ဘယ်သူမှ မိမိချစ်သူနဲ့ ရန်ဖြစ်ချင်ကြမလဲနော်။ ဒါပေမယ့် တစ်ခါတစ်ရံ အငြင်းပွားမှုလေး ရှိတတ်ကြပါတယ်။

ရန်ဖြစ်ပြီး အချိန်အတွင်းမှာ မိမိခံစားနေရတဲ့ စိတ်ခံစားချက်များကို မထိန်းချုပ်နိုင်တာကြောင့် စိတ်ဖိစီးမှုတွေ၊ စိတ်ပင်ပန်းမှုတွေကြောင့် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

၁. သင့်နှလုံးသားကို ထိခိုက်စေနိုင်

လေ့လာတွေ့ရှိချက်တွေအရ အဆင်ပြေလိုက်၊ စိတ်ကောက်လိုက် ဖြစ်နေတတ်တဲ့ စိတ်နှစ်ခွ ချစ်သူစုံတွဲတွေမှာ သွေးပေါင်တက်ခြင်း၊ သွေးတိုးရောဂါနဲ့ နှလုံးရောဂါ စတဲ့ ကျန်းမာရေးချို့ယွင်းမှု အန္တရာယ်ရှိနိုငကြောင်း တွေ့ရှိခဲ့ပါတယ်။

ထို့ကြောင့် မိမိလက်တွဲဖော်နဲ့ ရန်ဖြစ်လိုက်ပြီဆိုရင်၊ စိတ်ကြည်လင်မှု ရရှိစေဖို့ စိတ်ဖိစီးမှု ပြေပျောက်စေဖို့ လမ်းလျှောက်ထွက်ပေးပါ။ အဆင်ပြေချိန်မှာလဲ ကျန်းမာရေးကောင်းအောင် နေထိုင်ပါ။ လေ့ကျင့်ခန်းကို ပုံမှန်လေးလုပ်ပြီး သစ်သီးနဲ့ ဟင်းသီးဟင်းရွက်များ ပုံမှန်စားသုံးပေးပါ။

၂. အာဟာရ မဖြစ်တဲ့ အစားအစာတွေ စားမိနိုင်

ချစ်သူနဲ့ အပြင်းအထန် ရန်ဖြစ်ခြင်းက ghrelin ခေါ် အစာစားလိုစိတ် ပုံမှန်ဖြစ်စေတဲ့ ဟော်မုန်းပမာဏ မြင့်တက်စေကြာင်း မကြာသေးမီက လေ့လာမှုအရ သိရပါတယ်။

ရန်လိုမှု၊ ဝေဖန်ပြောဆိုခြင်း စတာတွေက ယင်းဟော်မုန်းတိုးပွားစေတဲ့ အဓိက အပြုအမူတွေ ဖြစ်ပါတယ်။

၃. စိတ်ကျရောဂါ စတင်ဖြစ်ပေါ်စေပြီး ကိုယ်အလေးချိန် တိုးစေနိုင်

ချစ်သူလက်တွဲဖော်နဲ့ ငြင်းခုံစကားများခြင်းက မိမိကို ၀မ်းနည်းစေတာ အံ့သြစေရာမဟုတ်ပေမယ့် ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ အချစ်ရေးကိစ္စမှာ စိတ်ဆင်းရဲရတာက စိတ်ကျရောဂါ အဖြစ်များကြောင်း မကြာသေးမီလေ့လာမှု တစ်ခုက ဆိုပါတယ်။ စိတ်ကျရောဂါရှိကြောင်း မှတ်တမ်းရှိသူတွေဟာ လက်တွဲဖော်နဲ့ ငြင်းခုံရန်ဖြစ်ပြီးနောက်ပိုင်း ကိုယ်အလေးချိန်ပိုတိုးလာတဲ့ အထောက်အထားလည်း ရှိပါတယ်။

ထို့ကြောင့် သင့်ကျန်းမာရေး မထိခိုက်အောင် သင့်ချစ်သူနဲ့ နားလည်မှုရှိရှိ လက်တွဲသွားဖို့ လိုအပ်ပါတယ်။

Source: loveshopmyanmar

Read times
Rate this item
(2 votes)