What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 05 January 2021 17:15

ကျောက်ကပ်ရှိ အဆိပ်အတောက်များကို သဘာဝအတိုင်း ရှင်းထုတ်ရန် နည်းလမ်းများ

ကျောက်ကပ်များသည် ခန္ဓာကိုယ်မှ အဆိပ်အတောက်များကို စစ် ထုတ်ရန် နေ့ရောညပါ မရပ်မနား အလုပ်လုပ်ရသော အင်္ဂါများဖြစ် သည်။

 

ယင်းကျောက်ကပ်များက မရှင်းထုတ်နိုင်လောက်သော ပမာဏအထိ အဆိပ်အတောက် များ လာပါက ကျောက်ကပ်လုပ် ဆောင်ချက် နှေးကွေးသွားပြီး ကျောက်တည်ခြင်း၊ ရောဂါပိုး ဝင်ခြင်း၊ အရည်ကြည်အိတ်များဖြစ်ပေါ်ခြင်း၊ အကျိတ်ဖြစ်ပေါ်ခြင်းတို့ ဖြစ်နိုင်ပြီး နောက်ဆုံး တွင် လုပ်ဆောင်ချက် လုံးဝရပ်တန့်သွားနိုင် သည်။

 

ကျောက်ကပ်မှ အဆိပ်အတောက်များကို ပုံမှန်ရှင်းထုတ်ရန် သဘာဝအတိုင်း သန့်စင်သော ရေကို များများသောက်ပေးရန် လို သည်။ တစ်နေ့လျှင် ရေရှစ်ဖန်ခွက်သောက်ပေးခြင်းဖြင့် ကျောက်ကပ်မှ အဆိပ်အတောက်များကို ရှင်းထုတ်ရာတွင် အထောက်အကူ ပြုနိုင်သည်။ ချွေးထွက်များသူ (သို့မဟုတ်) အားကစား ပုံမှန်လုပ်သူဖြစ်ပါက ရေကို ယင်းထက် ပို သောက်သင့် သည်။

 

သို့သော် ရိုးရိုးရေအစား ကော်ဖီကဲ့သို့သော သောက်စရာများကို အစားမထိုးသင့်ပေ။ ပိုတက်ဆီယမ်ကြွယ်ဝသော အသီးအနှံများ ပိုစားပေးပါ။ စပျစ်သီး၊ ရှောက်ချိုသီး၊ လိမ္မော်သီး၊ ငှက်ပျော်သီး၊ ကီ ဝီသီးကဲ့သို့ ပိုတက်ဆီယမ်ကြွယ်ဝစွာ ပါဝင်သော အသီးများစားပါ။ နို့နှင့် ဒိန်ချဉ်တို့တွင်လည်း ပိုတက်ဆီယမ်ပမာဏ ကြွယ်ဝစွာ ပါဝင်သည်။ နံနက်ပိုင်းတွင် စပျစ်သီးဖျော်ရည်တစ်ခွက် သောက် ပေးခြင်းဖြင့် ပိုနေသော ယူရစ် အက်စစ်များ ကို ရှင်းထုတ်ရန် အထောက်အကူပြုသည်။

 

သို့သော်လည်း ပိုတက်ဆီယမ်ဓာတ် စားသုံးမှုကို ဟန်ချက်ညီ ရေး ထိန်းသိမ်းရန်လိုသည်။ ထိုသို့မဟုတ်ပါက နှလုံးရပ်ခြင်းကဲ့သို့ သော ပိုတက်ဆီယမ် လွန်ကဲမှုပြဿနာဆိုးများ ကြုံနိုင်သည်။ ဘယ်ရီသီးများသည် ဆီးလမ်းကြောင်းရောဂါများအတွက် အထူးကောင်းမွန်ပြီး ကျောက်ကပ်မှ မလိုလားအပ်သော အက်စစ်ဓာတ်များ ရှင်းထုတ်ရန် အထောက်အကူပြုသည်။

 

မုယောစပါး လက်တစ်ဆုပ်စာကို ညမအိပ်မီ ရေစိမ်ထားပြီး နောက်နေ့နံနက် အိပ်ရာ ထချိန်တွင် သောက်ပေးခြင်းဖြင့်လည်း ကျောက်ကပ်ကို သန့်ရှင်းစေနိုင်သည်။ မုယောစပါးကို ပုံမှန်စားပး ခြင်းဖြင့် ကျောက်ကပ်ကျန်းမာရေးကို အထောက်အကူပြုသည်။ ကျောက်ကပ်တွင် အဆိပ်အတောက်များ ကင်းဝေးနေစေရေး အရက်၊ ကဖိန်းနှင့် ချောကလက် စသော အစားအစာများ ရှောင်ရှားသင့်သည်။

 

ထို့အပြင် ပရိုတင်းဓာတ် မြင့်မားသော အစားအစာများက ကျောက်ကပ်ကို ဒုက္ခပေးနိုင်သဖြင့် ချင့်ချိန်စားသုံးသင့်သည်။ ကျောက်ကပ်ကျန်းမာရေးအတွက် ဆေးဝါးတစ်စုံတစ်ရာ သောက်သုံးမည်ဆိုပါက ဆရာဝန်နှင့် တိုင်ပင်စစ်ဆေးပြီးမှသာ သောက်သုံးသင့်သည်။

Read times
Rate this item
(0 votes)