ကလေးနဲ့အရုပ်၊ ကလေးနဲ့အဆော့ ခွဲခြားလို့မရနိုင်ပါဘူး။ ကမ္ဘာ့ကျော် သိပ္ပံပညာရှင်ကြီး အိုင်းစတိုင်းပြောခဲ့သလိုပဲ ဆော့ကစားခြင်းဟာ အဆင့်မြင့်ဆုံး လေလ့ာမှုပဲဖြစ်ပါတယ်။
ဆော့ကစားခြင်းဟာ ဘေးပတ်ဝန်းကျင်နဲ့ ထိတွေ့ဆက်သွယ်စူးစမ်းနေတာပဲဖြစ်ပါတယ်။
ကလေးတွေအတွက်ကစားစရာ တီထွင်ဖန်တီးနိုင်မှုသည် အကောင်းဆုံးတီထွင်ဖန်တီးနိုင်မှုတိုးမြှင့်ပေးနိုင်တဲ့ အရာလည်းဖြစ်ပါတယ်။
ဒါကြောင့် ဆော့ကစားခြင်းဟာ ကလေးဘဝမှာ အလိုအပ်ဆုံးအရာပဲ ဖြစ်ပါတယ်။
ကလေးဘဝမှာ အရုပ်တွေဟာ ကြီးမားတဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ ဒီလိုအရေးပါတဲ့ အရုပ်တွေကို ဘာတွေနဲ့များလုပ်ထားသလဲဆို စဉ်စားကြလိမ့်မယ်လို မထင်ပါဘူး။
စိတ်မကောင်းစရာတစ်ခုက တချို့အရုပ်တွေမှာပါဝင်တဲ့ပစ္စည်းတွေဟာ ကလေးတွေကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာပါပဲ။
မိဘတိုင်းက ကလေးငယ်လေးတွေကို ဆော့ကစားဖို့ပလတ်စတစ်အရုပ်တွေ၊ကော်အရုပ်တွေ ဝယ်ပေးလေ့ရှိကြပါတယ်။
မိဘတွေ သတိမမူမိတာကတော့ တချို့ ပလတ်စတစ်အရုပ်တွေမှာ BPA, phthalates, PVC စတဲ့ဓာတုပစ္စည်းတွေ ပါဝင်နေတာပဲ ဖြစ်ပါတယ်။
ဒီဓာတုပစ္စည်းတွေမပါဝင်တဲ့ အရုပ်မျိုးကိုသာ ရွေးချယ်ဝယ်ယူဖို့လိုပါတယ်။
ဒီဓာတုပစ္စည်းတွေ သုံးစွဲခဲ့တာကြောင့်လည်း ကလေးအချို့တွေခံစားနေရတဲ့ ရောဂါတွေနဲ့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ကိုယ်ခံစွမ်းအားပုံမမှန်ရောဂါတွေ၊ ပန်းနာရင်ကျပ်၊ ဓာတ်မတည့်ခြင်း၊ ကင်ဆာရောဂါနဲ့ အသိဉာဏ်ပညာချို့ယွင်းခြင်း၊ သင်ယူလေ့လာနိုင်မှု ချို့ယွင်းခြင်းစတဲ့ ရောဂါမျိုးစုံ ဖြစ်ပေါ်လာနိုင်ပါတယ်။
မျိုးပွားမှုဆိုင်ရာရောဂါများဖြစ်တဲ့ မွေးရာပါချို့ယွင်းမှုများ၊ ကိုယ်လက်အင်္ဂါမစုံလင်မှုများ၊ ကလေးမရနိုင်ခြင်းများအထိ ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် တစ်ခါတစ်ရံ အသေးအဖွဲလို့ထင်တဲ့ ကိစ္စရပ်တွေက မသိလိုက်ပဲ ပြဿနာကြီးကြီး ဖြစ်သွားနိုင်ပါတယ်။
ဒီလိုဆိုရင် ဘယ်လိုအရုပ်တွေက ကျန်းမာရေးနဲ့ ညီညွတ်လဲဆိုတာဟာ မိဘတိုင်းအတွက် မေးခွန်းတစ်ခုဖြစ်လာပါလိမ့်မယ်။သဘာဝပစ္စည်းတွေနဲ့ဖန်းတီးထားတဲ့အရုပ်တွေသာအသုံးပြသင့်ပါတယ်။
သဘာဝချည်၊ သဘာဝရာဘာတွေနဲ့ သစ်သားတွေကို အသုံးပြု ပြုလုပ်ထားတဲ့ အရုပ်တွေကို အသုံးပြုသင့်ပါတယ်။
ဒီလိုသဘာဝပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့အရုပ်တွေ ဈေးကွက်မှာလည်း ရှိနေပါပြီး။
ဒါ့အပြင် ဆေးသုတ်တာနဲ့ ပတ်သတ်ပြီးလည်း ပြဿနာရှိနေပါသေးတယ်။ ဆေးထဲမှာပါတဲ့ ခဲဟာ ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်နိုင်ပါတယ်။
ဒါကြောင့် ဆီဆေးမသုံးပဲ ရေဆေးသုံးထားတဲ့ အရုပ်မျိုးကို ရွေးချယ်ဝယ်ယူပေးရမှာလည်းဖြစ်ပါတယ်။ ဖြစ်နိုင်ရင် ဆေးမသုတ်ပဲ သဘာဝအတိုင်း လုပ်ထားတဲ့ သစ်သားအရုပ်မျိုးတွေကို ပေးကစားသင့်ပါတယ်။သဘာဝချည်သားစစ်စစ်ကိုအသုံးပြုထား မထား၊ အထဲမှာထည့်ထားတာတွေဟာလည်း သဘာဝချည်သား၊ မှိုသားတွေဟုတ်မဟုတ်ကို သေချာစစ်ဆေးသင့်ပါတယ်။
ဒါ့ကြောင့် အရုပ်တွေမဝယ်မီမှာ အရုပ်ကို ဘာတွေနဲ့ပြုလုပ်ထားတယ်၊ ဘာတွေပါတယ်ဆိုတာတွေကို သေချာကြည့်ရှုပြီး ဝယ်ယူပေးဖို့လည်း မျှော်လင့်ပါတယ်။
Source:”Dr Myanmar”