What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 27 June 2019 16:29

အမျိုးသမီးများ အပေါ့သွားပြီး တစ်ရှုး (Tissue) သုံးခြင်းအန္တရာယ်

အမျိုးသမီးတော်တော်များများ သန့်စင်ခန်းသွားချိန်တွင် တစ်ရူးထုပ်လေး သယ်သွားလေ့ရှိတာကတော့ မထူးဆန်းပါဘူး။

အပေါ့သွားရင်လည်း သန့်စင်မှုအတွက် တစ်ရူးသုံးတတ်ကျတာကတော့ မွေးရာပါအလေ့အကျင့်လိုဖြစ်နေပါတယ်။ အာလုံးက အလေ့အကျင့်ကောင်းလို့ အသိအမှတ်ပြုထားကျတဲ့ ထိုအလေ့အကျင့်က ဆရာဝန်တွေရဲ့ မျက်စိစပါးမွှေးစူးစရာ ဖြစ်နေပါတယ်။

 

တစ်ခါသုံး တစ်ရူးအများစုက အခြားကဒ်ထူစက္ကူများ ၊ စာရွက်များအစရှိသည့်မှ ပြန်လည်ထုတ်လုပ်ထားသည့်အတွက် မမြင်နိုင်သည့် ဗိုင်းရပ်(စ်) ပိုးမွှားများ ရောက်အောင် ပို့ဆောင်လိုက်တာနဲ့ အတူတူပါပဲ။ အထူးသဖြင့် အများသုံးသန့်စင်ခန်းရှိ တစ်ရူးများဟာ အရည်အသွေးညံ့ပြီးမမြင်ရသော ဗိုင်းရပ်(စ်)ပိုးမွှားပိုများ ပါတယ်။

 

တစ်နေ့နှင့် တစ်နေ့ ဗိုင်းရပ်ပိုးမွှားများ စုစည်းလာပြီး အတိုင်းအတာတစ်ခုရောက်ရှိသည့်အခါ (သို့) ခန္ဓာကိုယ်ခုခံအားကျဆင်းနေသည့် အချိန်တို့နှင့်ကြုံပါက ထိုဗိုင်းရပ်(စ်)ပိုးမွှားများသည် ဆီးလမ်းကြောင်းဆိုင်ရာရောဂါများကို ဖြစ်ပွားစေနိုင်ပါတယ်။

 

Read More : အရိုးအဆစ်များ ကိုက်ခဲခြင်းကို သက်သာစေမယ့် ဖျော်ရည်များ

အရိုးအဆစ်များ ကိုက်ခဲခြင်းကို သက်သာစေမယ့် ဖျော်ရည်များ

 

ထို့ကြောင့်အပေါ့သွားပြီးပါက အကောင်းဆုံးကတော့တစ်ရူုးဖြင့်သန့်စင်ခြင်း မပြုတာအကောင်းဆုံးပါပဲ (တစ်ခါတစ်လေအသုံးပြုခြင်းက သိပ်တော့ဘာမှတော့ဖြစ်နိုင်ပေမယ့် အသုံးပြုလိုပါက အားစိုက်သုံး၍သန့်စင်ခြင်းမပြုပဲ ကျင်ငယ်ရေများမရှိစေရန် အတွက်သာ အသာအယာတို့ထိ သန့်စင်ခြင်းသာပြုသင့်ပါတယ်) တကယ်တော့ အပေါ့သွားပြီး ဘာမှမသုံးတာ အကောင်းဆုံးပါပဲ။

 

ဆီးလမ်းကြောင်းအပြင်တွင် သူ့သဘာဝအတိုင်း သန့်စင်နိုင်သည့်အစွမ်းသတ္တိရှိနေပြီးသာ ဖြစ်ပါတယ်။ ထို့အပြင်နေ့စဉ်ရေချိုးပြီး အတွင်းခံ လဲလှယ်နေသည့် အတွက်လည်း အပေါ့သွားပြီးကျန်ခဲ့သည့် ကျင်ငယ်အနည်းငယ်က ကျန်းမာရေးအတွက်မည်သို့မျှ ထိခိုက်စေနိုင်ခြင်း မဖြစ်စေနိုင်ပါဘူးလို့ အသိပေးလိုက်ရပါတယ်။

 

Source : myanmar china

Read times
Rate this item
(3 votes)