What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 22 January 2021 17:32

သံပရာဖျော်ရည်က ရရှိနိုင်တဲ့ ကျန်းမာရေးကောင်းကျိုး (၆) ချက်

သံပရာသီးမှာ ဖြည့်စွက်အာဟာရတွေ များစွာပါဝင်ပါတယ်။ ဗီတာမင် စီ၊ ဗီတာမင် ဘီ များ၊ ကယ်ဆီယမ်၊ သံဓာတ်၊ မက်ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ ဖိုင်ဘာ စတဲ့ ဓာတ်တွေပါဝင်ပါတယ်။

သံပရာသီးကို မနက်ပိုင်း မနက်စာမစားခင် ၁၅ မိနစ်ကနေ ၃၀ မိနစ်အတွင်း ပုံမှန်သောက်သုံးပေးရင် ရနိုင်မဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ဖော်ပြလိုက်ပါတယ်။

၁. ခန္ဓာကိုယ် ကိုယ်ခံအားကိုမြင့်တက်စေတယ်။

သံပရာသီး ၁၀၀ ဂရမ်မှာ ဗီတာမင်စီ ၅၃ မီလီဂရမ် ပါဝင်ပြီး တစ်နေ့တာ လိုအပ်တဲ့ ဗီတာမင် စီ ပမာဏရဲ့ ၆၄ ရာခိုင်နှုန်း ရှိတာ ဖြစ်ပါတယ်။

ဗီတာမင်စီ ဟာ ကိုယ်ခံအားအတွက် အရေးပါတဲ့ ဓာတ်ပမာဏဖြစ်ပြီးတော့ စိတ်ဖိစီးမှုများလာတဲ့ အခါ ဗီတာမင်စီကို သုံးဆောင်ပေးဖို့ အရေးကြီးပါတယ်။

ထို့ကြောင့် စိတ်ဖိစီးမှုကို လျှော့ချပေးတဲ့ ဆေးတွေရဲ့ အဓိက ပါဝင် ပစ္စည်းတစ်ခု ဟာ ဗီတာမင်စီ ဖြစ်နေတာဖြစ်ပါတယ်။

သံပရာသီးဟာ ပိုတက်ဆီယမ်ပါဝင်မှုလည်း မြင့်မားပြီး ၁၀၀ ဂရမ်မှာ ၁၃၈ မီလီဂရမ် ပါဝင်ပါပြီး ပိုတက်ဆီယမ်ဟာ သင်ရဲ့ ဦးနှောက်နဲ့ အာရုံကြောစနစ်အတွက် လိုအပ်တဲ့ အာဟာရတစ်ခုဖြစ်ပါတယ်။

၂. အစာခြေစနစ်ကိုကူညီပေးတယ်။

သံပရာသီးဖျော်ရည်ဟာ သင်ရဲ့ အစာခြေခြင်းကို ကူညီပေးရုံသာမက အစာခြေလမ်းကြောင်းတစ်လျှောက်ရှိ အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးပါတယ်။

သံပရာရည်ဟာ ရင်ပူခြင်း၊ လေတက်ခြင်း၊ လေပွခြင်းစတဲ ဝေဒနာတွေကို သက်သာစေပါတယ်။

၃. ခံတွင်းနံ့ ကို မွှေးပျံစေတယ်။

သံပရာသီးဟာ သွားကိုက်ခြင်းနဲ့ သွားဖုံးရောင်ခြင်းတို့ကို သက်သာစေပေမဲ့ မနက်ပိုင်းမှာ သံပရည်သောက်မယ်ဆိုရင် ဆစ်ထရစ်အက်ဆစ်ဟာ သွားရဲ့ ကြွေသားတွေကို တိုက်စားနိုင်တဲ့အတွက် သံပရာရည် မသောက်ခင် သွားကို အရင်တိုက်ထားသင့်ပါတယ်။

၄. အရေပြားကို အစက်အပြောက်ကင်းဝေးစေတယ်။

သံပရာသီးဟာ အရေပြားတွန့်ခြင်းကို ကာကွယ်ပေးပြီး အမည်းစက်တွေကို လည်း ပျောက်ကင်းစေပါတယ်။

သံပရာ ရည်ဟာ သွေးတွင်းပါဝင်တဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့ အတွက် အမာရွတ်တွေနဲ့ အစက်ပျောက်တွေကိုလည်း ပျောက်ကင်းစေပါတယ်။

၅. အဆစ်အမြစ် ရောင်ရမ်းခြင်းကို လျှော့ချပေးပါတယ်။

နေ့တိုင်း သံပရာရည်ကို ပုံမှန်သောက်သုံးပေးမယ်ဆိုရင် သင့်ခန္ဓာကိုယ်သွေးတွင်းက ကျန်းမာရေးအတွက် မကောင်းတဲ့ အက်ဆစ်ဓာတ်ပမာဏ လျှော့ပါးစေပါတယ်။

၆. ကဖင်းဓာတ်စွဲလန်းခြင်းကို ဖြတ်တောက်ပေးတယ်။

မနက်ပိုင်း ကော်ဖီတစ်ခွက်နေရာမှာ သံပရာတစ်ခွက် ကို ပြောင်းလဲသောက်သုံးလိုက် ရင် သင့် ကျန်းမာရေးအတွက် မကောင်းတဲ့ ကဖင်းဓာတ်ကို ဖြတ်တောက်ရာမှာ ကူညီပေးပြီး သင့်ရဲ့ အာရုံကြောစနစ်ကို ပိုမိုကောင်းမွန်လာစေမှာဖြစ်ပါတယ်။

Read times
Rate this item
(1 Vote)