What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 08 March 2019 17:11

အင်ဆူလင်ကြောင့် ကိုယ်အလေးချိန် တက်လာရင် ဘယ်လိုလုပ်မလဲ

အင်ဆူလင်ထိုးနေရတဲ့သူအတော်များများ ကြုံရတဲ့ပြဿနာတစ်ခုက ကိုယ်အလေးချိန် တက်လာခြင်းပါ။

ဝိတ်တက်လာလို့ဆိုပြီး အင်ဆူလင် မထိုးရင်လည်း မရပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ကိုယ်တွင်းက သကြားဓာတ်ကို ဖြိုခွဲဖို့ အင်ဆူလင်ဓာတ် လိုကို လိုအပ်လို့ပါ။ ဒါဆို အင်ဆူလင်သုံးတာကြောင့် ၀ိတ်တက်လာတဲ့အခါ ဘယ်လို ဆက်လုပ်ကြမလဲ။

 

အင်ဆူလင်က ဘယ်လို အရေးကြီးပါသလဲ

အင်ဆူလင်ဓာတ် မရှိရင် ကျွန်တော်တို့ကိုယ်တွင်းက ဆဲလ်တွေက စွမ်းအင်ရရှိဖို့ သကြားဓာတ်တွေကို မသုံးစွဲနိုင်တော့ပါဘူး။ ဒီလိုနဲ့ပိုလျှံတဲ့သကြားဓာတ်တွေက သွေးထဲ၊ ဆီးထဲရောက်ရှိလာပြီး သွေးတွင်း သကြားဓာတ် မြင့်တက်လာပါတော့တယ်။ ဒီအခါမှာ အင်ဆူလင်ဓာတ်ကို ထိုးသွင်းပြီးကိုယ်တွင်းက သကြားဓာတ်တွေ ဖြိုခွဲနိုင်ဖို့ ကူညီလုပ်ဆောင်ပေးရပါတယ်။

 

ယူဆချက် အမှား

လူအတော်များများက အင်ဆူလင်စထိုးရပြီဆိုရင် ဆီးချိုရောဂါပိုဆိုးလာလို့ ဒါကိုသုံးစွဲရတယ်လို့ ထင်တတ်ကြပါတယ်။ တကယ်က မမှန်ပါဘူး။ ရောဂါစဖြစ်ကတည်းက အင်ဆူလင် ကုသမှုခံယူပြီး နေထိုင်တဲ့သူတွေလည်း ရှိပါတယ်။ ဒါဟာ လူတစ်ယောက်ခြင်းစီရဲ့ အခြေအနေပေါ်သာ မူတည်တာဖြစ်ပြီး ရောဂါအခြေအနေကြောင့် မဟုတ်ပါဘူး။ နောက်ပြီး အင်ဆူလင် စထိုးတဲ့အချိန်တွေမှာ ကိုယ်အလေးချိန် ပိုတက်လာရင်လည်း စိတ်ပူပြီး အင်ဆူလင်ထိုးတာကို မရပ်လိုက်ပါနဲ့။ အင်ဆူလင် ထိုးလိုက်မထိုးလိုက်ဖြစ်နေရင် ရေရှည်မှာ ကျောက်ကပ်ပြဿနာ၊ နှလုံးပြဿနာတွေ ဖြစ်ပေါ်လာတတ်ပါတယ်။

 

အခု အင်ဆူလင်ကုသမှုခံယူနေရင်း ကိုယ်အလေးချိန်ထိန်းနိုင်မယ့် နည်းလမ်းလေးတွေ ပြောပြပါ့မယ်။ အဓိက ကတော့ ကိုယ့်ရဲ့ စားသောက်မှုပုံစံ၊ နေထိုင်မှုပုံစံကို ပြောင်းလဲပစ်ဖို့ပါပဲ။

 

ဘာတွေစားသောက်မလဲ

စားသောက်ဖို့ အစီအစဉ်က ကိုယ့်ဖာသာဆွဲတာထပ် အစာအာဟာရ ပညာရှင်နဲ့ ပြသတိုင်ပင်တာ ပိုသင့်တော်ပါတယ်။ ရောဂါဖြစ်တာခြင်း တူပေမဲ့ လူတစ်ယောက်စီရဲ့ ခန္ဒာကိုယ်တည်ဆောက်ပုံ၊ ဇီဝဖြစ်ပျက်ပုံက နည်းနည်းစီ ကွဲပြားတာမို့ တစ်ယောက်ခြင်းစီအတွက် သီးသန့်စားသောက်ရမယ့် ပုံစံဆွဲပြီး စားတာကို အင်မတန် အကျိုးရှိစေပါတယ်။

 

ကိုယ်အလေးချိန်ကျစေတဲ့အစားအသောက်တွေထဲမှာ- ဟင်းသီးဟင်းရွက်များ ၊ ဂျုံကြမ်း ၊ အသီးအနှံများ ၊ အစေ့အဆီများ ၊ ဒိန်ချဉ် စတာတွေအဓိကပါဝင်ပြီး ကိုယ်အလေးချိန်တက်စေတဲ့အထဲမှာဆို အာလူးချောင်းကြော်၊ အာလူးဟင်းလျာများ ၊ အချိုရည် အမျိုးမျိုး ၊ ပြုပြင်ထုတ်လုပ်ထားတဲ့ အသင့်စားအစားအသောက်အမျိုးမျိုး ၊ အချိုဓာတ်ကဲသောအစားအစာများ ဥပမာ ကိတ်မုန့်၊ ပေါင်မုန့်၊ ဘီစကစ် စတာတွေ ဖြစ်ပါတယ်။

 

ဆီးချိုဖြစ်တဲ့သူ အတော်များများကတော့ ကာဗိုဟိုက်ဒရိတ်ကို တတ်နိုင်သလောက် လျှော့စားရမယ်ဆိုတာ သိပြီးသား ဖြစ်မှာပါ။ သို့ပေမဲ့ ကယ်လိုရီကို တတ်နိုင်သလောက များများလောင်ကျွမ်းအောင် လုပ်ဖို့လည်း လိုအပ်ပါသေးတယ်။ ကိုယ်စားလိုက်တဲ့ ကယ်လိုရီပမာဏထပ် ပိုပြီး ကယ်လိုရီတွေ လောင်ကျွမ်းအောင် လုပ်ရပါမယ်။ (ဒီလိုပြောလို့ အစာမစားဘဲ နေရမယ် မဟုတ်ပါဘူး၊ စားသင့်တဲ့အချိန်မစားတာက ၀ိတ်ကျနိုင်ပေမယ့် ဆိုးကျိုးတွေ အများကြီး ရှိပါတယ်)။

 

Plate Method နဲ့ စားသောက်ပါ ၊ Plate Method နဲ့ စားသောက်တာက ကိုယ်စားသောက်မယ့် ကယ်လိုရီပမာဏကို ချိန်ညှိဖို့ အကောင်းဆုံးနည်းတစ်ခု ဖြစ်ပါတယ်။ Plate Method နဲ့ စားသောက်တော့မယ်ဆိုရင်-  ကိုယ်စားမယ့် ပန်းကန်ကိုစိတ်မှန်းနဲ့ နှစ်ပိုင်း ပိုင်းလိုက်ပါ။ ပြီးရင် ကိုယ်ကြိုက်တဲ့ တစ်ပိုင်းကို တစ်ဝက်ထပ် ပိုင်းလိုက်ပါ။ ဒီအခါ ပန်းကန်ပေါ်မှာ အပိုင်း သုံးပိုင်း ဖြစ်သွားပါမယ်။ 

 

အကြီးဆုံးအပိုင်းထဲမှာ အသီးအရွက်လို၊ အမျှင်ဓာတ်များတဲ့အစားအစာတွေ ထည့်ပါ။ အမျှင်ဓာတ် ပါဝင်တာကြောင့် သွေးတွင်း သကြားဓာတ်ကို ထိန်းပေးသလို ကိုယ်အလေးချိန်လည်း ထိန်းပေးနိုင်ပါတယ်။  ထမင်း၊ ဂျုံ၊ ပေါင်မုန့်လို အစားအစာတွေကို နောက်ထပ် အပိုင်းသေး တစ်ပိုင်းမှာ ထည့်ပါ။
နောက်ဆုံး တစ်ပိုင်းမှာတော့ ကိုယ်စားချင်တဲ့ အသားတစ်မျိုးမျိုးကို ထည့်နိုင်ပါတယ်။ ဒါဆို Plate Method နဲ့ စီစဉ်ထားတဲ့ ထမင်းပွဲတစ်ပွဲရပါပြီ။ ဒါကို ကိုယ်နှစ်သက်တဲ့ သောက်စရာတစ်မျိုးမျိုး (အချိုရည် မဖြစ်ရပါ)နဲ့ ဖြစ်စေ အရမ်းအချိုမကဲတဲ့ အသီးအနှံတစ်မျိုးမျိုးနဲ့ ဖြစ်စေ တွဲပြီး စားသောက်နိုင်ပါတယ်။ 


လေ့ကျင့်ခန်း လုပ်ပါ ၊ ကယ်လိုရီတွေကို အထိရောက်ဆုံး လောင်ကျွမ်းစေမဲ့ နောက်နည်းလမ်းတစ်ခုကတော့ လေ့ကျင့်ခန်းလုပ်ခြင်းပဲ ဖြစ်ပါတယ်။ အနည်းဆုံး တစ်နေ့ကို မိနစ် ၃၀ နဲ့ တစ်ပတ်ကို မိနစ် ၁၅၀ လောက် လေ့ကျင့်ခန်း ပြုလုပ်သင့်ပါတယ်။

 

အေရိုးဗစ်လေ့ကျင့်ခန်း အမျိုးမျိုး ဖြစ်တဲ့-  ပြေးခြင်း၊ လမ်းလျှောက်ခြင်း ၊ စက်ဘီးစီးခြင်း ၊ ရေကူးခြင်း စတဲ့ ကိုယ့်နှလုံးခုန်နှုန်း မြန်စေတဲ့ လေ့ကျင့်ခန်းအမျိုးမျိုးကို ပြုလုပ်လို့ရပါတယ်။ ဒီနည်းလမ်းတွေကို လိုက်နာကျင့်သုံးပြီး အင်ဆူလင်ကြောင့် ၀ိတ်အရမ်းတက်မလာအောင် ပြုလုပ်နိုင်ပါတယ်။ သို့ပေမဲ့ နည်းမှန်လမ်းမှန်လုပ်ဖို့တော့ လိုအပ်ပါတယ်။ ဒါကြောင့် အကောင်းဆုံး ရလဒ်ရရှိအောင် သက်ဆိုင်ရာ ဆီးချို အထူးကုသမားတော်၊ အာဟာရပညာရှင်တို့နဲ့ ဆွေးနွေး တိုင်ပင်ကြည့်နိုင်ပါတယ်။

 

Source: Dr.Barry(kkmmonline)

Health Products Directory

 

Read More : ကော်ဖီကို နေ့တိုင်းသောက်ပေးမယ်ဆိုရင်တောင် အကျိုးရှိစေမယ့်အရာများ

ကော်ဖီကို နေ့တိုင်းသောက်ပေးမယ်ဆိုရင်တောင် အကျိုးရှိစေမယ့်အရာများ

Read times Last modified on Friday, 08 March 2019 17:47
Rate this item
(2 votes)