What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 17 November 2017 10:54

ပန်းသီးစားခြင်းရဲ့ အကျိုးကျေးဇူးများ

ပန်းသီးစားခြင်းရဲ့ အကျိုးကျေးဇူးများ google.com

၁. ဆီးချိုသမားတွေအတွက် ကောင်းတယ်

ဆီးချိုရောဂါ ရှိနေတာဟာ သိပ်စိတ်ညစ်ဖို့ ကောင်းပါတယ်။ ဟိုဟာလေး စားချင်ရင်လည်း ရှောင်ရတယ်။ ဒီဟာလေး မြည်းချင်ရင်လည်း ရှောင်ရတယ်။

ဒါပေမယ့် ပန်းသီးကတော့ ဆီးချိုသမားတွေ ရှောင်ရမယ့် အစားအစာမျိုး မဟုတ်ပါဘူး။ ပန်းသီးထဲမှာ ပါဝင်တဲ့ fructose နဲ့ antioxidant polyphenol တို့ဟာ ခန္ဓာကိုယ်တွင်း ဇီဝကမ္မ လုပ်ဆောင်မှု တွေကို ထိန်းသိမ်းပေးပြီး ခန္ဓာကိုယ်မှ သကြားစုပ်ယူနှုန်းကိုလည်း လျော့ကျစေပါတယ်။

ဒါကြောင့် သွေးတွင်းအချိုဓာတ် စောင့်ကြည့်ထိန်းသိမ်းနေရတဲ့ ဆီးချိုသမားတွေ အတွက်တော့ သင့်လျော်ပါတယ်။

ဒါ့အပြင် ပန်းသီးမှာပါဝင်တဲ့ antocyanin ဆိုတဲ့ အာဟာရဓာတ်တစ်မျိုးက အဝလွန်ခြင်းနဲ့ ဆက်နွယ်နေတဲ့ Type 2 ဆီးချိုရောဂါ ဖြစ်နိုင်ခြေကိုလည်း လျော့ကျစေပါတယ်တဲ့။

၂. ဝိတ်ကျစေတယ်

ပန်းသီးထဲမှာ ပါဝင်တဲ့ အမျှင်ဓာတ်ဟာ မလိုအပ်တဲ့ အဆီပိုတွေကို ခန္ဓာကိုယ်က စုပ်ယူနိုင်စွမ်းကို လျှော့ချပေးပါတယ်။

အမျှင်ဓာတ်တွေက အာဟာရဓာတ်တွေထဲမှာ အစာခြေဖို့အတွက် အချိန်အကြာဆုံးပါပဲ။

ဒါကြောင့် ပန်းသီးစားထားရင် အစာခံပြီး တခြားအဆီများတဲ့၊ အချိုများတဲ့ အစားအစာ တွေကို လက်လှမ်းမိဖို့ မသေချာတော့ပါဘူး။ ကြာလာရင် ဒါက ဝိတ်ကျစေဖို့အတွက် အထောက်အကူပြုနိုင်ပါတယ်။

၃. အစာခြေစနစ်ကို ပိုမိုကောင်းမွန်စေတယ်

ပန်းသီးထဲမှာ ပါဝင်တဲ့ fibre pectin (အမျှင်ဓာတ်) ဟာ ကျန်းမာရေးအကျိုးကျေးဇူး အများကြီးကို ပေးစွမ်းနိုင်ပါတယ်။ အဲဒီထဲမှာ အစာခြေစနစ်ကို အထောက်အကူပြုနိုင်တာလည်း ပါတာပေါ့။

ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်တစ်မျိုးဖြစ်တဲ့ fibre pectin ဟာ အစာခြေလမ်းကြောင်း တလျှောက်က ရေတွေကို စုပ်ယူပေးနိုင်သလို အူနဲ့ အစာအိမ်တလျှောက် အစာတွေ လွယ်ကူလျင်မြန်စွာ သွားလာစေနိုင်ဖို့ ဂျယ်လ်တစ်မျိုးကိုလည်း ဖြစ်ပေါ်လာစေပါတယ်။

ဒါ့အပြင် ပန်းသီးထဲမှာ အစာအိမ်ကို အထောက်အကူပြုတဲ့ malic acid လည်း ပါဝင်ပါသေးတယ်။

၎. ဝမ်းချုပ်ခြင်းနဲ့ ဝမ်းလျှောခြင်းကို သက်သာစေတယ်

ပန်းသီးထဲမှာပါဝင်တဲ့ pectin fibre ဟာ အစာခြေစနစ်ကိုပဲ ပိုမိုကောင်းမွန်စေတာ မဟုတ်ပါဘူး။

အစာခြေပြီးသွားတဲ့ အစာဟောင်းတွေ အညစ်အကြေးစွန့် အင်္ဂါ အဖွဲ့အစည်းထဲ လျှောလျှောမွေ့မွေ့ ရောက်ရှိသွားစေဖို့အတွက်လည်း အကူအညီ ပေးနိုင်ပါတယ်။

ဒါကြောင့် ဝမ်းချုပ်ခြင်းတို့၊ ဝမ်းလျှောခြင်းတို့လို အညစ်အကြေးစွန့် အင်္ဂါ အဖွဲ့အစည်းနဲ့ဆိုင်တဲ့ ရောဂါတွေကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။

၅. အရိုးတွေကို သန်မာစေတယ်

ပန်းသီးတွေဟာ အရိုးတွေကို သန်မာစေတဲ့အပြင် အရိုးကျန်းမာရေးအတွက် အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုက ပါဝင်နေပါတယ်။

ပန်းသီးအခွံထဲမှာ တွေ့ရှိရတဲ့ flavanoid phlorizin ဆိုတဲ့ အာဟာရဓာတ်တစ်မျိုးဟာ အမျိုးသမီးတွေ သွေးဆုံးချိန်မှာ ဖြစ်တတ်တဲ့ အရိုးပျော့ခြင်းကို ကာကွယ်ပေးနိုင်သလို အဆစ်အမြစ်ရောင်ရောဂါ ဖြစ်မလာနိုင်အောင်လည်း ကြိုတင်တားဆီးနိုင်ပါတယ်။

READ - လိမ္မော်သီးရဲ့ အကျိုးကျေးဇူးများ

Source: duwun

Read times
Rate this item
(2 votes)