၁။ ခွေးကိုက်ခံရတဲ့ နေရာကို ဆပ်ပြာသုံးပြီး ချက်ချင်းဆေးကြောပါ။
ခွေးတံတွေးနဲ့ ထိတွေ့တဲ့နေရာတွေကို ငါးမိနစ်အတွင်း ဆပ်ပြာနဲ့ ရေသုံးပြီးဆေးကြော သန့်စင်ပေးလိုက်ပါ။ သွေးတိတ်သွားစေဖို့ ရေအေးနဲ့ဆေးတာ အကောင်းဆုံးဖြစ်ပါတယ်။
၂။ ပဋိဇီဝ ပိုးသတ်ဆေး၊ လိမ်းဆေးလိမ်းပါ။
ခွေးကိုက်တဲ့ ဒဏ်ရာပေါ်ကို ပဋိဇီဝ ပိုးသတ်ဆေး ၊ လိမ်းဆေးလိမ်းပေးခြင်းဖြင့် ကူးစက်ပိုးတွေကို သေစေနိင်ပါတယ်။ ဒဏ်ရာတွေကို ပုံမှန်သန့်ရှင်းရေးလုပ်ပြီး ပုံမှန်ပိုးသတ်ပေးပါက အနာကျက် ပိုမြန်စေပါတယ်။
၃။ နေ့စဉ် ဗီတာမင်စီ ၊ ဘီ မှီဝဲပေးပါ၊
နေ့စဉ် နေ့တိုင်း ဗီတာမင်စီ ၊ ဘီ သုံးစွဲပေးခြင်းဖြင့် အနာကျတ်နှုန်း ပိုမြန်စေပြီး ကိုယ်ခံစားစနစ်ကို ကောင်းစေပါတယ်။ကူးစက်ပိုးများကို တွန်းလှန်နိင်စေပါတယ်။
၎။ အနာပေါ် ပတ်တီးအုပ်ပါ။
သွေးထွက်တာ ရပ်သွားပြီဆိုရင် အနာပေါ်ကိုပတ်တီးအုပ်ပြီး မြှင့်ထားပေးပါ။
၅။ ခွေးရှုးရောဂါ ကာကွယ်ဆေးထိုးနှံပေးပါ။
ခွေးရူးရောဂါပိုးဟာ တိရစ္ဆာန်ကနေ လူကိုကူးစက်စေနိုင်တာကြောင့် ကုတ်ရာ၊ခြစ်ရာ စတဲ့အသေးအဖွဲ့ ကိစ္စလေးတွေတောင် မပေါ့ဆသင့်ပါဘူး။ အသက်အန္တရယ်ရှိနိုင်တာကြောင့် ခွေးကိုက်ခံရပြီး နာရီပိုင်း အတွင်း ခွေးရှုးရောဂါကာကွယ်ဆေး ထိုးပေးသင့်ပါတယ်။
Source: Healthy Life