What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 20 December 2017 14:33

စာဖတ်ခြင်းက ကျန်းမာရေးကိုအထောက်အကူပြုတယ်ဆိုတာ သင်သိပြီးပြီလား

စာဖတ်ခြင်းက ကျန်းမာရေးကိုအထောက်အကူပြုတယ်ဆိုတာ သင်သိပြီးပြီလား google.com

စာဖတ်ခြင်းဟာ ကမ္ဘာသစ်တစ်ခု ကိုရောက်သွားတယ်လို့ ခံစားစေနိုင်ရုံသာမက နေ့စဉ်လူမှုဘဝရဲ့ရှုပ်ထွေးမှုတွေကနေ ခဏတာဖြစ်ဖြစ် လွတ်မြောက်အောင် ကူညီပေးနိုင်ပါတယ်။

၁. စာဖတ်ခြင်းဖြင့် စိတ်ဖိစီးမှုကို လျှော့ချပေးနိုင် 

စာဖတ်ခြင်းဟာ သီချင်းနားထောင်ခြင်း၊ လမ်းလျှောက်ခြင်းတို့ထက် စိတ်ဖိစီးမှုကို ပိုမိုလျှော့ချနိုင်ပြီး အများဆုံး 68% ထိ လျော့ကျစေနိုင်ကြောင်းသိရပါတယ်။

အာရုံကြောနှင့် စိတ်ပညာရှင် Dr.David နဲ့အဖွဲ့၏အဆိုအရ သတင်းစာဖြစ်ဖြစ်၊ စာအုပ်တစ်အုပ်ဖြစ်ဖြစ် 6 မိနစ်ခန့် ဖတ်ခြင်းဖြင့် နှလုံးခုန်နှုန်းကို နှေးစေ၍ ကြွက်သား တင်းအားကိုလည်း လျော့ကျစေနိုင်ပါတယ်။

ဘာစာအုပ်ဖတ်လဲဆိုတာထက် စာအုပ်ထဲမှာ နစ်မျောနေဖို့ကပဲ ပိုအရေးကြီးပါတယ်။

၂. စာဖတ်ခြင်းဖြင့် မှတ်ဉာဏ်စွမ်းရည်ကျဆင်းမှုကို နှေးကွေးစေနိုင်

အသက်ကြီးလာတာနဲ့အမျှ ဦးနှောက်ရဲ့စွမ်းဆောင်ရည်ဟာ ကျဆင်းလာပြီး မှတ်ဉာဏ်လည်း ထိခိုက်လာနိုင်ပါတယ်။ ငယ်ရွယ်စဉ်က လွယ်တယ်လို့ထင်ခဲ့တဲ့ နာမည်တွေ၊ အိမ်နံပါတ်တွေ မှတ်နမိဖို့တောင် ခက်ခဲလာပါတယ်။

စာဖတ်ခြင်းဟာ မှတ်ဉာစ်ကျဆင်းမှု ကို နှေးကွေးစေနိုင်တဲ့အပြင် သတိမေ့ရောဂါ (Alzheimer’s disease) ကဲ့သို့ မှတ်ဉာဏ်နဲ့ဆိုင်တဲ့ရောဂါတွေဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

ပျမ်းမျှအသက် 89 နှစ်ရှိ သက်ကြီးရွယ်အို 294 ဦးကို မကွယ်လွန်မီ 6 နှစ်ခန့်ထိ မှတ်ဉာဏ်နှင့်စဉ်းစားဉာဏ်ဆိုင်ရာ မေးခွန်းတွေကိုဖြေဆိုစေခဲ့ရာ စာဖတ်ခြင်းနဲ့ အခြား မှတ်ဉာဏ်ကို လှုံ့ဆော်နိုင်တဲ့လှုပ်ရှားမှုတွေဟာ မှတ်ဉာဏ်ကျဆင်းမှုကို နှေးကွေး စေနိုင် ကြောင်းတွေ့ရှိရပါတယ်။

၃. စာဖတ်ခြင်းဖြင့် အိပ်စက်ခြင်းကို ကောင်းမွန်စေနိုင်

လက်ကိုင်ဖုန်းတွေဟာ တဖြည်းဖြည်းနဲ့လူတွေအတွက် အိပ်ရာဝင်သူငယ်ချင်း ဖြစ်လာနေပါတယ်။ အခန်းမီးပိတ်ပြီးတဲ့အချိန်မှာ မိမိဖေ့ဘွတ်ကို ခဏလောက်ဝင်ကြည့် တယ်ဆိုလျှင် တောင် အိပ်စက်ခြင်းကိုအနှောက်အယှက်ဖြစ်နိုင်ပါတယ်။

အိပ်ရာမဝင်မီလက်ကိုင်ဖုန်း အသုံးပြုမယ့်အစား စာအုပ်တစ်အုပ်နဲ့ အစားထိုး သင့် ကြောင်း၊ စာဖတ်ခြင်းဖြင့် ကောင်းစွာအိပ်ပျော်နိုင်ပြီး လေးလံထိုင်းမှိုင်းမှုကို သက်သာစေနိုင်ကြောင်းသိရပါတယ်။

၎. စာဖတ်ခြင်းဖြင့် လူမှုဆက်ဆံရေးကောင်းမွန်စေနိုင်

အချို့သူတွေဟာ စာအုပ်တွေကိုလက်တွေ့ဘဝလွတ်မြောက်ဖို့အတွက်ပဲ အသုံးပြုနိုင်တယ်လို့ ထင်ကြပေမယ့်လည်း ပေါင်းသင်းဆက်ဆံရေးအတွက်လည်း အလွန်ပင်အရေးကြီးကြောင်းသိရပါတယ်။

ဝတ္ထုတွေဖတ်တဲ့ သူတွေဟာ တွေးခေါ်မှုပိုမိုအားကောင်းတာကြောင့် အခြားသူတွေရဲ့ ယုံကြည်မှုတွေ၊ တပ်မက်မှုတွေနဲ့ အတွေးတွေဟာသူတို့နဲ့ မတူလျှင်တောင်နားလည် ပေးနိုင်ကြပါတယ်။

ထို့ပြင် ဝတ္ထုဆောင်းပါးတွေဖတ်တဲ့သူတွေဟာ လူသားချင်းစာနာ ထောက်ထားမှု စစ်ဆေးချက်တွေမှာ အမှတ်ပိုကောင်းကြောင်း သိရပါတယ်။

၅. စာဖတ်ခြင်းဟာ ဉာဏ်ရည်ကိုမြင့်တက်စေနိုင်

အမေရိကန်စာရေးဆရာ Dr.Seuss စာဖတ်ခြင်းဖြင့်အကြောင်းအရာတွေကို သိနိုင်၊ ပိုလေ့လာနိုင်၊ ပိုသင်ယူနိုင်တဲ့အပြင် နေရာပေါင်းစုံသို့လည်း ရောက်ဖူးသယောင်ခံစား စေရနိုင်ပါတယ်လို့ ရေးသားခဲ့ပါ တယ်။

Source: drmyanmar.com

Read times
Rate this item
(1 Vote)