What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 24 June 2020 15:48

COVID-19 ကာလတွင် မြန်မာနိုင်ငံ ပုဂ္ဂလိက ဆေးဝါးတင်သွင်းရောင်းချမှု အခြေအနေ

မြန်မာနိုင်ငံတွင် ကိုဗစ်နှင့် ပတ်သက်ပြီး ရောဂါကူးစက်မပြန့်ပွားအောင် ကျန်းမာရေးဝန်ကြီးဌာနမှ ကြိုတင်ကာကွယ်မှုနှင့် ဆေးဝါးကုသပေးမှုအနေဖြင့် အဓိက လုပ်ကိုင် ဆောင်ရွက်လျက်ရှိပါတယ်။ 

ကိုဗစ်နဲ့ ပတ်သက်ပြီး ကာကွယ်ဆေး နှင့် ကုသဆေးများကို စမ်းသပ်အဆင့်သာ ရှိပါတယ်။

 

ဥပမာ - ဂျပန် ဆေးဝါးကုမ္ပဏီ Shionogi က ဂျပန်နိုင်ငံ ကျန်းမာရေးဝန်ကြီးနှင့် လိုင်စင်သဘောတူ ညီချက်စာချုပ်သစ်တစ်ခု ချုပ်ဆိုပြီး ကိုဗစ်ဆေးစစ်ရည် စမ်းသပ်မှုများထုတ်လုပ်ဖို့ ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ 

ဆက်စပ်ဖတ်ရှုရန် >> နာရီဝက်တောင် မကြာတဲ့ ကိုဗစ်ဆေးစစ်ရည် ဂျပန်မှာ ထုတ်လုပ်တော့မည်

 

မြန်မာနိုင်ငံတွင် COVID-19 နှင့် ပတ်သက်ပြီး ပုဂ္ဂလိက လုပ်ငန်းများအနေဖြင့် ဆေးနှင့်ဆေးပစ္စည်းများ တင်သွင်းမှုများနှင့် ပတ်သက်ပြီး Zar & Zar Co., Ltd (Distribution of Pharmaceuticals & Hospital Supplies, & Cosmetics) ရဲ့ Managing Director ဒေါက်တာမျိုးသန့်ကို ဆက်သွယ်မေးမြန်း ခဲ့တာမှာ သူက အခုလို ပြောပြပါတယ်။

 

“Covid-19 drug ဆိုတာ မရှိသေးပါဘူး။ ကာကွယ်ဆေး (Vaccine),ကုသဆေး Treatment (ကုသဆေး) ဆိုတာတွေ မပေါ်သေးပါ အခုမှ စမ်းသပ်အဆင့်ပဲ ရှိပါသေးတယ်။ အခု ကိုဗစ်ကို ကုနေတဲ့ဆေးတွေက ရောဂါကြောင့်ဖြစ်တဲ့ အခြေအနေတွေကို သက်သာအောင် ကုရာမှာသုံးတဲ့ သုံးနေကြဆေး Symptomatic Treatment တွေ ဖြစ်ပါတယ်။ ကိုဗစ်ဗိုင်းရပ်ကို သတ်တဲ့ဆေး ဆိုတာ မပေါ်သေးပါ။ စမ်းသပ်အဆင့်ပဲရှိပါသေးတယ်”

 

မြန်မာနိုင်ငံ ကိုဗစ် ၁၉ နှင့် ပတ်သက်ပြီး နှင့် ပုဂ္ဂလိက ဆေးဝါးလုပ်ငန်းများ အနေနဲ့ “အဓိက တင်သွင်းတာကတော့ 3ply surgical mask ကို အများဆုံးတင်သွင်းပါတယ်။ Covid-19 test က လုံခြံရေးအဆင့်မြင့် Lab (ဗိုင်းရပ်ပိုး ပြင်ပ မထွက်အောင် ကာကွယ်နိုင်သော) Lab တွေက အစိုးရမှာပဲ ရှိလို့ Private sector က တင်သွင်းတာ မကြားမိသေးပါဘူး…” ဟု ပြောပါတယ်။

 

ဆက်လက်ပြီး ပုဂ္ဂလိက ကဏ္ဍအနေနဲ့ ကိုဗစ်နဲ့ သက်ဆိုင်တဲ့ ဆေးဝါးတွေ တင်သွင်းဖြန့်ချိဖို့ အလားအလာရှိနိုင်သလားဟု ဆက်လက်မေးမြန်းခဲ့ရာ “ပုဂ္ဂလိက ကဏ္ဍတွေအနေနဲ့ ဆေးဝါးတင်သွင်းဖြန့်ချိဖို့ ရဲ့ အလားအလာက သိပ်ပြောင်းလဲမှုရှိမယ် မထင်ပါ။ COVID ပျောက်သွားရင် ကူးစက်မှုထိန်းသွားနိုင်ရင် ပုံမှန်အ‌ခြေအနေပြန်ရောက်သွားမှာပါ။ (ကိုဗစ်အကြောင်းပြ ဈေးလှန့်ပြီးတင်တာမဟုတ်သော) ပုံမှန်ဈေးတက်မှု အနည်းငယ်ရှိနိုင်ပါတယ်။

 

ဘာလို့ဆိုတော့ အချို့တိုင်းပြည်တွေက ကိုဗစ်အတွက် သူတို့တိုင်းပြည်ရဲ့လိုအပ်ချက်အရ ဆေးအချို့ကို ပြည်ပတင်ပို့မှု ယာယီပိတ်လိုက်တာမျိုး၊ ကုန်ကြမ်း/ကုန်ချောထုတ်စက်ရုံတွေ ကိုဗစ်ကြောင့်ပိတ်ထားရတဲ့အခါမျိုး ဆိုရင် ဆေးဈေးအနည်ငယ်တက်နိုင်ပါတယ်။ ဥပမာ India မှာ ကိုဗစ်ဖြစ်တာနဲ့ ကိုဗစ်ကုသရာမှသုံးတဲ့ အချို့ဆေး တွေ (paracetamol ကုန်ကြမ်းနဲ့ paracetamol ပါတဲ့ ဆေး အပါအဝင် အချို့ဆေးများ)ကို Export ပိတ်ထားလိုက်ပါတယ် “ဟု ပြောပါတယ်။


ဆက်လက်ပြီး သူက အကြံပြုတိုက်တွန်းတာကတော့ “အကြံပေးချင်တာက ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန က ညွန်ကြားတဲ့အတိုင်း လက်မကြာခဏ ဆေးပါ။ mask တတ်ပါ။ social distancing လုပ်ပါ စတဲ့အချက်များကို သေသေချာချာ လိုက်နာကြပါ။ အခုလူတွေ mask မတတ်တာတွေ နဲနဲ ပေါ့လာတာတွေ့ ရပါတယ်။ ကျန်းမာရေးဌာန ကထုတ်ပြန်ထားတဲ့အတိုင်း Positive မတွေ့သူ အချိန်တော်တော်ကြာ ဆက်တိုက် (၂၈ ရက် လို့ထင်ပါတယ်) မတွေ့တော့မှ ရောဂါကင်းစင်တယ်လို့ ပြောလို့ရမှာဖြစ်ပါတယ်။ ဒါကြောင့် မပေါ့ကြပါနဲ့လို့ ပြောချင်ပါတယ်” ဟု ပြောကြားခဲ့ပါတယ်။

 

ရောဂါကူးစက်မှုကို တားဆီးဖို့ မတ်စ် ဝတ်ဆင်ကြဖို့ အလွန်အရေးကြီးပါတယ်။ ကိုဗစ်ကာလ အစမှာ မတ်စ်ဈေးတွေ မတန်တဆ မြင့်တက်ခဲ့ပေမဲ့ အခုတော့ လမ်းဘေးဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူနိုင်ပြီး တစ်ခုချင်း လက်လီဝယ်ရင် ကျပ် ၁၀၀ ဖြစ်ပြီး အခု ၅၀ ပါ တစ်ဘူးကို ကျပ် ၂၅၀၀ ဖြင့် လက်ကားဆိုင်မှာ ရောင်းချပေးနိုင်ကြောင်း ရွှေပြည့်စုံဈေးမှာ ဆေးဆိုင်ဖွင့်ထားတဲ့ ဒေါ်စန္ဒီမော်ထံ စုံစမ်း သိရှိရပါတယ်။

 

Health Products Directory

Read times Last modified on Wednesday, 24 June 2020 16:00
Rate this item
(1 Vote)