What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 25 September 2021 10:41

အိပ်၍မပျော် ဖြစ်နေလျှင် အမြန်ဆုံး အိပ်ပျော်စေတဲ့ နည်းလမ်းတစ်သွယ်

အိပ်ရာဝင်ခဲ့ပြီး အိပ်လို့မပျော်၊ လူးလှိမ့်နေမိတဲ့အထိ ဖြစ်နေတယ်။ ဒီည အိပ်ရေးဝဝ အိပ်ထားမှာ မနက်ဖြန်ကျ လန်းလန်းဆန်းဆန်း ဖြစ်မယ်။ အိပ်ပျော်ဖို့ ကြိုးစားပေမဲ့လည်း မရဘူး။

အမြန်ဆုံး အိပ်ပျော်စေတဲ့ နည်းလမ်းတစ်သွယ်ကို Lloyd Bud Winter ရေးသားတဲ့ Relax and Win: Championship Performance မှာ ဖော်ပြပေးထားတယ်။
အဲဒီနည်းက အမေရိကန် စစ်သည်တော်တွေ အိပ်ဖို့အချိန် ရတုန်းရခိုက် အမြန်ဆုံး အိပ်ပျော်အောင် လေ့ကျင့်ထားကြရတဲ့ နည်းလမ်း ဖြစ်ပါတယ်။ အဲဒါကြောင့် The military method လို့ အမည်တွင်ပါတယ်။ နာမည်ကြီး နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

ရိုးရှင်းလွယ်ကူသော အဆင့် ၇ ဆင့် ပါဝင်ပြီး ကျင့်သားရအောင် လေ့ကျင့်ထားသည်ဆိုပါက နှစ်မိနစ်အတွင်း အိပ်ပျော်သည့် အဖြစ်သို့ ရောက်ရှိမယ်လို့ ဆိုပါတယ်။
ပထမဆုံး လုပ်ရမှာက မျက်နှာတစ်ပြင်လုံး ဖြေလျော့ထားလိုက်ရမယ်။ ပါးစပ်ထဲမှာ ရှိတဲ့ ကြွက်သားတွေကိုပါ ဖြေလျော့ထားလိုက်ရမှာ ဖြစ်ပါတယ်။ ပြီးရင် ပခုံးနှစ်ဖက်ကို ဖျော့ထားလိုက်ရမယ်။ လက်တွေကို ကိုယ်ခန္ဓာဘေးမှာ ချထားရမယ်။
နောက်တစ်ဆင့်မှာ အသက်ရှူထုတ်လိုက်တိုင်း ရင်ဘတ်ကို ဖြေလျော့လိုက်ရမယ်။ ပြီးရင် ခြေထောက်တွေကို ဖြေလျော့ထားလိုက်ရမယ်။ ပေါင်တွေကို ဖြေလျော့မယ်။ ခြေသလုံးတွေ ဖြေလျော့မယ်။ တစ်ကိုယ်လုံး အရိုးကြိုးပြတ် ဖြစ်နေအောင် လုပ်ခိုင်းနေတာ ဖြစ်ပါတယ်။
အဲဒီလို အရိုးကြိုးပြတ်ဖြစ်နေပုံကို စိတ်ထဲမှာ မြင်ယောင်ကြည့်ပေးရမယ်။ အနည်းဆုံး ၁၀ စက္ကန့်ဆက်တိုက် မြင်ယောင်ကြည့်ပေးရမယ်။
တကယ်လို့ ပူပန်စရာ စိတ်ရှုပ်စရာ ရှိနေလို့ အတွေးက အဲဒီကိစ္စဆီ ရောက်ရောက်သွားတယ်ဆိုရင် “မတွေးနဲ့” လို့ စိတ်ထဲ အကြိမ်ကြိမ် ပြောဆိုပေးရမယ်။

မကြာခင်မှာပဲ အိပ်ပျော် သွားပါလိမ့်မယ်။ အကြိမ်ကြိမ် လုပ်ဖူးပြီးသွားတဲ့အခါ အိပ်ပျော်ဖို့အတွက်ပိုထိရောက်ပြီး ပိုမြန်ဆန်မှာ ဖြစ်ပါတယ်။ အဲဒါကြောင့် သုံးလေးကြိမ်အထိ အဆင်မပြေသေးရင်လည်း ဆက်လက်လေ့ကျင့်ပေးရမှာ ဖြစ်ပါတယ်။

စစ်သည်တော်တွေကို သုတေသန လုပ်ခဲ့တာမှာ သီတင်းပတ်ခြောက်ပတ် လေ့ကျင့်ပေးဖို့ လိုတယ်လို့ ဆိုပါတယ်။ ဒီတော့ အိပ်မပျော်တဲ့အခါ ထုတ်သုံးဖို့ အဆင်သင့် ဖြစ်နေအောင် အစောကတည်းက ညစဉ် လေ့ကျင့်ပေးပြီး စိတ်နဲ့ ကိုယ်ခန္ဓာတို့ အလေ့အကျင့် ရပြီး ကျင့်သားရအောင် လုပ်ထားသင့်ပါတယ်။

Read times Last modified on Saturday, 25 September 2021 10:42
Rate this item
(0 votes)