What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 18 May 2020 18:57

ပုံမှန်ကာကွယ်ဆေးထိုး ၊ ဆေးတိုက်ခြင်း အစီအစဉ်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် COVID-19 ရောဂါဖြစ်ပွားနေချိန်၌ ပုံမှန်ကာကွယ် ဆေးထိုး/ ဆေးတိုက်အစီအစဉ်ကို ဧပြီလ(၁)ရက်နေ့မှစတင်၍ ယာယီရပ်ဆိုင်းခဲ့ရာမှ ယနေ့ မေလ (၁၈) ရက်နေ့တွင် မြန်မာတစ်နိုင်လုံး၌ ဆေးရုံအခြေပြု ပုံမှန်ကာကွယ်ဆေးထိုး/ ဆေးတိုက်အစီအစဉ်ကို ပြန်လည်စတင်ခဲ့ပါသည်။

 

ဇွန်လ(၁)ရက်နေ့မှစတင်၍ မြို့နယ်အဆင့်အောက် တိုက်နယ်/ မိခင်ကလေး/ ဒေသန္တရ/ မြို့မ/ ကျေးလက်ကျန်းမာရေးဌာနများနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ/ရပ်ကွက်/ ကျေးရွာများတွင် စတင်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

 

ဧပြီလနှင့် မေလတွင် ကာကွယ်ဆေးမထိုးခဲ့ရသည့် ကလေးများကိုပါ ပြန်လည်ထိုးနှံ၊ တိုက်ကျွေးပေးမည်ဖြစ်ရာ ပုံမှန်ကာကွယ်ဆေးထိုးသည့်အခြေအနေသို့ အမြန်ဆုံး ပြန်လည်ရောက်ရှိစေရန် စတင်ထိုးနှံသည့်အချိန်တွင် ဗဟိုအဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဆေးရုံများနှင့် မိခင်ကလေး/ ဒေသန္တရ/ မြို့မကျန်းမာရေးဌာနများတွင် ရက်သတ္တပတ်တစ်ပတ်လျှင် (၅)ရက်ဖြင့် ရက်သတ္တပတ် (၂)ပတ်ဆက်တိုက် ဆောင်ရွက်သွား မည် ဖြစ်ပါသည်။ နောက်ပိုင်းတွင် ရက်သတ္တပတ် တစ်ပတ်လျှင် အနည်းဆုံး(၁)ရက်ဖြင့် ဆက်လက်ထိုးနှံ တိုက်ကျွေးသွားမည်ဖြစ်ပါသည်။

 

ကာကွယ်ဆေးထိုးစုရပ်များတွင် ကာကွယ်ဆေးထိုးနှံပေးခြင်းအပြင် မိခင်နှင့် ကလေးကျန်းမာရေး အသိပညာပေးခြင်း၊ ကလေးအာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကိုပါ တွဲဖက်ဆောင်ရွက်သွားပါမည်။

Read times Last modified on Monday, 18 May 2020 19:01
Rate this item
(0 votes)