What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 23 November 2017 13:40

မျက်စိအနီးမှုန်ခြင်းနှင့်ပတ်သက်၍ သိထားသင့်သောအချက်များ

မျက်စိအနီးမှုန်ခြင်းနှင့်ပတ်သက်၍ သိထားသင့်သောအချက်များ google.com

အဝေးရှိ အရာဝတ္ထုများကို ရှင်းရှင်းလင်းလင်း မြင်ရသော်လည်း အနီးအနားရှိ အရာဝတ္ထု များကို ရှင်းရှင်းလင်းလင်း မမြင်ရသည့်အခြေအနေကို အနီးမှုန်ဖြစ်နေသည်ဟု သတ်မှတ်သည်။

အနီးမှုန်ဖြစ်သည့်အခြေအနေ ပြင်းထန်ပါက စာဖတ်ခြင်း၊စာရေးခြင်း (သို့မဟုတ်) အ၀တ်ချုပ်ခြင်း ကဲ့သို့ ရိုးရှင်းသောအလုပ် များကို လုပ်ဆောင်ရန် အလွန်ခက်ခဲနိုင်သည်။

မျက်စိထဲဝင်လာသော အလင်းသည် မျက်ကြည်လွှာကို တိုက် ရိုက်ဗဟိုပြုမည့်အစား မျက်ကြည်လွှာနောက်ဘက်ကို ဗဟိုပြုချိန် တွင် အနီးမှုန်ခြင်းဖြစ်ပေါ်သည်။

မျက်စိအနီးတစ်ဝိုက် ကိုက်ခဲနာကျင်ခြင်း၊ မကြာမကြာ ခေါင်းကိုက်ခြင်းတို့ အပါအ၀င် အနီးမှုန်ဖြစ်နေသောလက္ခဏာများမှာ သိသာသည်။

မျက်စိကို ခိုင်းသောအလုပ် သိသိသာသာ ပိုများလာခြင်း ကြောင့် ယနေ့ခေတ် ကလေးငယ်များ မျက်စိနှင့် ဆက်စပ်သည့်ပြဿနာများ ပိုမိုကြုံတွေ့လာရသည်ဟု ပညာရှင်များကပြောသည်။

READ - အဖြစ်အများဆုံး အမြင်အာရုံဆိုင်ရာ ပြဿနာ 5 မျိုးကို ကြိုတင်ကာကွယ်နည်း

စာသင်ကျောင်းများ၌ အလုပ်ပိုများလာခြင်းကြောင့်သာမဟုတ်ဘဲ နည်းပညာ အသစ်ကြောင့်လည်း မျက်စိထိခိုက်မှု ပိုများလာသည်။

ကွန်ပျူတာများ၊ သင်ပုန်းကွန်ပျူတာများကဲ့သို့ နည်းပညာပစ္စည်း များ အသုံးပြုမှုကို ထိန်းချုပ်သင့်ကြောင်း ပညာရှင်များက ပြော ကြားသည်။

အနီးမှုန်ခြင်းကို ကာကွယ်ရန် မျက်စိကို အနားပေးချိန် တိုး မြှင့်ပြီး သန့်ရှင်း စင်ကြယ် အောင်ပိုလုပ်ခြင်း၊ အလင်းရောင်ကောင်း စွာရသောနေရာတွင် စာအုပ်ကို အနည်းဆုံး ၁၂ လက်မမှ ၁၄ လက်မအထိ ခွာ၍ဖတ်ခြင်း၊ မျက်စိသို့ သွေးလည်ပတ်မှုအားကောင်းစေ ရေး အကောင်းဆုံးနည်းလမ်းများအနက် တစ်ခုအဖြစ် အားကစား လုပ်ခြင်း၊ ကလေး ငယ်များ စာသင်ချိန်၊ စာပေလေ့လာချိန်တွင် ပြ တင်းပေါက်အနီး (သို့မဟုတ်) အခန်းကြီး တစ်ခု၏ ထောင့်နားတွင် ထိုင်ခြင်းဖြင့် အဝေးကိုကြည့်နိုင်သည့် အခွင့်အရေးရှိအောင် လုပ် ခြင်း၊ ကလေးငယ်များ နှစ်စဉ်မျက်စိစစ်ဆေးမှုခံယူခြင်း၊ ကွန်ပျူ တာသုံးချိန်၊ စာဖတ်ချိန်များတွင် မျက်စိကို မကြာခဏ အနားပေး ခြင်းတို့ ပြုလုပ်သင့်သည်။

လတ်ဆတ်သော သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ ပါဝင် သော ကျန်းမာရေးနှင့် ညီညွတ်သည့် အစားအစာများစားပြီး ခရမ်း လွန်ရောင်ခြည်နှင့် မျက်စိထိတွေ့မှုကို ရှောင်ရှားခြင်းဖြင့် အနီးမှုန် မဖြစ်စေရန် အထောက်အကူပြုနိုင်သည်။

နိုင်ငံရှိ ကလေးဘ၀မျက်စိကွယ်မှုများ၏ ၂၅ ရာခိုင်နှုန်းကျော် သည် ဗီတာမင်ချို့တဲ့ မှုကြောင့်ဖြစ်ကြောင်းနှင့် မျက်စိကျန်းမာရေး ကောင်းစေရန် ဗီတာမင်အီးနှင့်စီတို့ ပြည့်ဝရန်လိုကြောင်း ပညာရှင် များက ပြောသည်။

ခရမ်းချဉ်သီး၊ စပျစ်သီးနှင့် အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ စားသုံးပေးခြင်းဖြင့် မျက်စိကျန်းမာရေးကို အထောက်အကူပြုသည်။

READ - မျက်ကပ်မှန်တပ်သူတိုင်း သိထားသင့်တဲ့ အချက်များ

Source: 7day daily

Read times
Rate this item
(1 Vote)