What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 21 October 2021 11:40

ကင်ဆာဖြစ်စေတတ်သော ကာစီနိုဂျင်များ ပါဝင်သည့် ဘီစကွတ် အမျိုး(၆၀) ဟောင်ကောင်တွင် တွေ့ရှိ

ဈေးကွက်ထဲ ရောင်းချနေသော ဘီစကွပ်များကို စစ်ဆေးကြည့်ရာ၌ အမျိုး ၆၀ တွင် ကင်ဆာဖြစ်စေသော ကာစီနိုဂျင်များ ပါနေသည်ကို တွေ့ရှိကြောင်း ဟောင်ကောင်စားသုံးသူ ကောင်စီက ထုတ်ပြန်ကြေညာသည်။

Muji Shiruko Sandwich Cracker အမှတ်တံဆိပ် ဘီစကွတ်ပွကြွပ် သည် acrylamide ပါဝင်မှု အမြင့်မားဆုံး ဖြစ်ကြောင်း တွေ့ရသည်။

ကင်ဆာဖြစ်စေသော ဓာတ်ပစ္စည်းများ ပါဝင်နေကြောင်း ဘီစကွတ် နှင့် ဘီစကွတ်ပွကြွပ် အမျိုး ၆၀ စစ်ဆေးသည့် ရလဒ်များအရ သိရသည်။

cancer_contaminants.jpg

 


ထို့ပြင် ပါဝင်အာဟာရပစ္စည်း ဖော်ပြထားရာတွင် လွဲချော်နေသည်ကိုလည်း ဘီစကွတ်အချို့တွင် တွေ့ရသည်။

 

wrong_label.jpg

 


စစ်ဆေးသည့် သွားရည်စာများ ဖြစ်သော ဝေဖာ၊ ဘီစကွတ်၊ ဘီစကွတ်ပွကြွပ်၊ အစာညှပ် ျပါက်မုန့်ချပ် စသည်တို့တွင် အားလုံးနီးပါးဘီစကွတ်ပွကြွပ် ဆား၊ သကြား၊ အဆီ ပါဝင်မှု မြင့်မားနေသည်ကို တွေ့ရသည်။

glycidol သို့မဟုတ် acrylamide သို့မဟုတ် ယင်းတို့ နှစ်မျိုးစလုံး ပါဝင်နေကြောင်းလည်း တွေ့ရသည်။ ၎င်းတို့သည် ဘီစကွတ်ကို အပူချိန်မြင့်မြင့်ဖြင့် လုပ်ကိုင်စဉ် ထွက်ပေါ်ပြီး ကုန်ချောတွင် ဆက်လက်ပါဝင်နေကြခြင်း ဖြစ်သည်

စားသုံးသူကောင်စီ စီအီးအို Wong Fung-han က " အခုလို ကျန်းမာရေးထိခိုက်တာတွေ ပါမလာအောင် ရှောင်လွှဲလို့ရတယ်။ ဘာလို့လဲဆိုတော့ အဲဒီဘီစကွတ်တွေက စားအုန်းဆီ သုံးထားတာ ကျွန်မတို့ တွေ့ရတယ်" ဟု ပြောကြားသည်။

စားအုန်းဆီကို သန့်စင်ထုတ်လုပ်သည့်အခါ မြင့်မားသော အပူချိန်တွင် ကာစီနိုဂျင် ထွက်ပေါ်တတ်သည်ဟု ဉရောပ အစားအစာ ဘေးကင်းရေး အာဏာပိုင် European Food Safety Authority (EFSA) က ဆိုထားသည်။

ဘီစကွတ်အချို့တွင် နေ့စဉ်စားသုံးပါက ရေရှည်ထိခိုက်မှုများ ကျောက်ကပ်တွင် ဖြစ်ပွားစေသည့်အပြင် သုတ်ပိုးထုတ်လုပ်မှုကိုပါ ထိခိုက်စေသော 3-MCPD ပါဝင်နေသည်ကို တွေ့ရသည်။
3-MCPD ပါဝင်မှု အမြင့်မားဆုံးအဖြစ် တွေ့ရသည့် ဘီစကွတ်ကို တစ်နေ့ ရှစ်ခု နေ့စဉ်စားပါက ခန္ဓာကိုယ်၏ ခံနိုင်ရည်ထက် ကျော်လွန်သွားမည် ဖြစ်ပြီး ဘေးဉပါဒ် ဖြစ်စေမည် ဖြစ်သည်။

Read times
Rate this item
(0 votes)