What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 23 February 2018 17:08

သဘာဝနည္းအတိုင္း ဒူးနာျခင္းေပ်ာက္ကင္းနုိင္

သဘာဝနည္းအတိုင္း ဒူးနာျခင္းေပ်ာက္ကင္းနုိင္ google.com

ဒူးေခါင္းနာက်င္ရတာက အသက္ႀကီးရင့္လာတာေၾကာင့္ လမ္းေလွ်ာက္ဖန္မ်ားလာတဲ့အတြက္ ဒူးေခါင္းပ်က္စီးမႈျဖစ္တာရယ္၊

အ႐ိုးတည္ေဆာက္ပံုအားနည္းသြားတာရယ္ေၾကာင့္ ျဖစ္တာပါ။ အရြတ္မွာ ထိခုိက္ဒဏ္ရာရတာ၊ ဒူးေခါင္းထိပ္႐ိုးက်ဳိးတာ၊ ဒူးေခါင္းအဆစ္လြဲတာနဲ႔ အဆစ္ေရာင္ေရာဂါေၾကာင့္ ဒူးေခါင္းေတာင့္တင္းတာလုိမ်ဳိး ျပႆနာေတြေၾကာင့္လည္း ဒူးေခါင္းနာက်င္တတ္ပါတယ္။ ေအာက္ပါတုိ႔ဟာ ဒူးေခါင္းနာက်င္တာသက္သာဖုိ႔အတြက္ သဘာ၀နည္းလမ္းအတုိင္း အလြယ္တကူ ျပဳလုပ္ႏုိင္ၿပီး အလြန္ထိေရာက္မႈရွိပါတယ္။

ဆားခါးအသံုးျပဳျခင္း

ဆားခါးမွာပါ၀င္တဲ့ မဂၢနီဆီယမ္ဆာလဖိတ္က ဒူးနာေ၀ဒနာကို သက္သာေစႏုိင္ပါတယ္။ မဂၢနီဆီယမ္က ႂကြက္သားေျဖေလွ်ာ့မႈကုိ ျပဳလုပ္ေပးႏုိင္တဲ့အျပင္ တစ္သွ်ဴးထဲမွာ ပုိလွ်ံေနတဲ့အရည္ေတြကုိလည္း ဖယ္ရွားေပးႏုိင္တာေၾကာင့္ နာ က်င္တာနဲ႔ ေရာင္ရမ္းတာေတြ ေလ်ာ့က်သြားႏုိင္ပါတယ္။
အသံုးျပဳနည္း
ေရေႏြးပူပူ တစ္ဇလံုထဲကုိ ဆားခါးခြက္တစ္၀က္စာ ထည့္ၿပီး သမေအာင္ ေမႊပါ။ ဒီအရည္နဲ႔ ဒူးေခါင္းကို ၁၅ မိနစ္ခန္႔ စိမ္ေပးပါ။ 
ဒူးေခါင္းနာက်င္တာေပ်ာက္တဲ့အထိ တစ္ပတ္ကုိ ႀကိမ္ဖန္မ်ားစြာ ျပဳလုပ္ေပးပါ။
ေသြးတုိးေရာဂါ၊ ဆီးခ်ဳိေရာဂါနဲ႔ ႏွလံုးျပႆနာရွိသူေတြက ဒီနည္းလမ္းကုိ အသံုးမျပဳသင့္ပါ။
ခ်င္းအသံုးျပဳျခင္း

ဒူးေခါင္းနာက်င္တာက အဆစ္ေရာင္တာ၊ ႂကြက္သားဒဏ္ပိတာ ဒါမွမဟုတ္ ထိခုိက္ ဒဏ္ရာရတာေၾကာင့္ ျဖစ္ေနရင္ ခ်င္းကို အသံုးျပဳတာက နာက်င္တာ ေပ်ာက္ကင္းဖုိ႔အတြက္ အထိေရာက္ဆံုးပါ။ သူ႔မွာပါ၀င္တဲ့ ေရာင္ရမ္းမႈကုိ ေလ်ာ့ ေစႏုိင္တဲ့ ျဒပ္ေပါင္းေတြေၾကာင့္ နာက်င္တာနဲ႔ ေရာင္ရမ္းတာေတြ ေလ်ာ့က်သြားႏုိင္ပါတယ္။
အသံုးျပဳနည္း
ခ်င္းကုိ ပါးပါးလွီးကာ ေရတစ္ခြက္နဲ႔ ေရာစပ္ကာ ၁၀ မိနစ္ခန္႔ ဆူေအာင္ တည္ထားပါ။ ပ်ားရည္နဲ႔ ေရွာက္ရည္အနည္းငယ္ ေရာစပ္ၿပီး တစ္ေန႔ကုိ ႏွစ္ႀကိမ္၊ သံုးႀကိမ္ခန္႔ ေသာက္ႏုိင္ပါတယ္။ 
နာက်င္တဲ့ဒူးေခါင္းကုိ ခ်င္းအဆီနဲ႔ တစ္ေန႔ ၂-၃ ႀကိမ္ခန္႔ ႏွိပ္နယ္ေပးႏုိင္ပါတယ္။
ေရွာက္သီးအသံုးျပဳျခင္း

အဆစ္ေရာင္ေရာဂါေၾကာင့္ျဖစ္တဲ့ ဒူးနာက်င္တဲ့ေ၀ဒနာကို ေရွာက္ရည္နဲ႔ ကုသႏုိင္ပါတယ္။ ေရွာက္သီးမွာ ပါ၀င္တဲ့ စီးထရစ္အက္စစ္က ယူရစ္အက္စစ္ပံု ေဆာင္ခဲေတြကုိ ေပ်ာ္၀င္ေစႏုိင္တာေၾကာင့္ပါ။
အသံုးျပဳနည္း
ေရွာက္သီးတစ္လံုးကို ေသးေသးေလးေတြ တံုးၿပီး အ၀တ္ပိတ္စိမ္းပါးတစ္ခုထဲ ထည့္ကာ အဲဒီအ၀တ္ကုိ ခ်ည္ေႏွာင္ၿပီး ႏွမ္းဆီေႏြးေႏြးထဲမွာ စိမ္ေပးပါ။ ၿပီးရင္ အဲဒီအ၀တ္ကုိ နာက်င္တဲ့ ဒူးေခါင္းေပၚ ၅-၁၀ မိနစ္ခန္႔ ကပ္ထားေပးပါ။ 
နာက်င္တဲ့ေ၀ဒနာေပ်ာက္ကင္းတဲ့အထိ တစ္ေန႔ကုိ အနည္းဆံုး ႏွစ္ႀကိမ္ ျပဳလုပ္ေပးပါ။ 
မနက္အိပ္ရာထခါစမွာ ေရွာက္ရည္ညႇစ္ထားတဲ့ေရေႏြးကုိလည္း ေသာက္သံုးႏုိင္ပါတယ္။

Source: SM

 

ဒူးခေါင်းနာကျင်ရတာက အသက်ကြီးရင့်လာတာကြောင့် လမ်းလျှောက်ဖန်များလာတဲ့အတွက် ဒူးခေါင်းပျက်စီးမှုဖြစ်တာရယ်၊ အရိုးတည်ဆောက်ပုံအားနည်းသွားတာရယ်ကြောင့် ဖြစ်တာပါ။ အရွတ်မှာ ထိခိုက်ဒဏ်ရာရတာ၊ ဒူးခေါင်းထိပ်ရိုးကျိုးတာ၊ ဒူးခေါင်းအဆစ်လွဲတာနဲ့ အဆစ်ရောင်ရောဂါကြောင့် ဒူးခေါင်းတောင့်တင်းတာလိုမျိုး ပြဿနာတွေကြောင့်လည်း ဒူးခေါင်းနာကျင်တတ်ပါတယ်။ အောက်ပါတို့ဟာ ဒူးခေါင်းနာကျင်တာသက်သာဖို့အတွက် သဘာဝနည်းလမ်းအတိုင်း အလွယ်တကူ ပြုလုပ်နိုင်ပြီး အလွန်ထိရောက်မှုရှိပါတယ်။
ဆားခါးအသုံးပြုခြင်း

ဆားခါးမှာပါဝင်တဲ့ မဂ္ဂနီဆီယမ်ဆာလဖိတ်က ဒူးနာဝေဒနာကို သက်သာစေနိုင်ပါတယ်။ မဂ္ဂနီဆီယမ်က ကြွက်သားဖြေလျှော့မှုကို ပြုလုပ်ပေးနိုင်တဲ့အပြင် တစ်သျှူးထဲမှာ ပိုလျှံနေတဲ့အရည်တွေကိုလည်း ဖယ်ရှားပေးနိုင်တာကြောင့် နာ ကျင်တာနဲ့ ရောင်ရမ်းတာတွေ လျော့ကျသွားနိုင်ပါတယ်။
အသုံးပြုနည်း
ရေနွေးပူပူ တစ်ဇလုံထဲကို ဆားခါးခွက်တစ်ဝက်စာ ထည့်ပြီး သမအောင် မွှေပါ။ ဒီအရည်နဲ့ ဒူးခေါင်းကို ၁၅ မိနစ်ခန့် စိမ်ပေးပါ။
ဒူးခေါင်းနာကျင်တာပျောက်တဲ့အထိ တစ်ပတ်ကို ကြိမ်ဖန်များစွာ ပြုလုပ်ပေးပါ။
သွေးတိုးရောဂါ၊ ဆီးချိုရောဂါနဲ့ နှလုံးပြဿနာရှိသူတွေက ဒီနည်းလမ်းကို အသုံးမပြုသင့်ပါ။
ချင်းအသုံးပြုခြင်း

ဒူးခေါင်းနာကျင်တာက အဆစ်ရောင်တာ၊ ကြွက်သားဒဏ်ပိတာ ဒါမှမဟုတ် ထိခိုက် ဒဏ်ရာရတာကြောင့် ဖြစ်နေရင် ချင်းကို အသုံးပြုတာက နာကျင်တာ ပျောက်ကင်းဖို့အတွက် အထိရောက်ဆုံးပါ။ သူ့မှာပါဝင်တဲ့ ရောင်ရမ်းမှုကို လျော့ စေနိုင်တဲ့ ဒြပ်ပေါင်းတွေကြောင့် နာကျင်တာနဲ့ ရောင်ရမ်းတာတွေ လျော့ကျသွားနိုင်ပါတယ်။
အသုံးပြုနည်း
ချင်းကို ပါးပါးလှီးကာ ရေတစ်ခွက်နဲ့ ရောစပ်ကာ ၁၀ မိနစ်ခန့် ဆူအောင် တည်ထားပါ။ ပျားရည်နဲ့ ရှောက်ရည်အနည်းငယ် ရောစပ်ပြီး တစ်နေ့ကို နှစ်ကြိမ်၊ သုံးကြိမ်ခန့် သောက်နိုင်ပါတယ်။
နာကျင်တဲ့ဒူးခေါင်းကို ချင်းအဆီနဲ့ တစ်နေ့ ၂-၃ ကြိမ်ခန့် နှိပ်နယ်ပေးနိုင်ပါတယ်။
ရှောက်သီးအသုံးပြုခြင်း

အဆစ်ရောင်ရောဂါကြောင့်ဖြစ်တဲ့ ဒူးနာကျင်တဲ့ဝေဒနာကို ရှောက်ရည်နဲ့ ကုသနိုင်ပါတယ်။ ရှောက်သီးမှာ ပါဝင်တဲ့ စီးထရစ်အက်စစ်က ယူရစ်အက်စစ်ပုံ ဆောင်ခဲတွေကို ပျော်ဝင်စေနိုင်တာကြောင့်ပါ။
အသုံးပြုနည်း
ရှောက်သီးတစ်လုံးကို သေးသေးလေးတွေ တုံးပြီး အဝတ်ပိတ်စိမ်းပါးတစ်ခုထဲ ထည့်ကာ အဲဒီအဝတ်ကို ချည်နှောင်ပြီး နှမ်းဆီနွေးနွေးထဲမှာ စိမ်ပေးပါ။ ပြီးရင် အဲဒီအဝတ်ကို နာကျင်တဲ့ ဒူးခေါင်းပေါ် ၅-၁၀ မိနစ်ခန့် ကပ်ထားပေးပါ။
နာကျင်တဲ့ဝေဒနာပျောက်ကင်းတဲ့အထိ တစ်နေ့ကို အနည်းဆုံး နှစ်ကြိမ် ပြုလုပ်ပေးပါ။
မနက်အိပ်ရာထခါစမှာ ရှောက်ရည်ညှစ်ထားတဲ့ရေနွေးကိုလည်း သောက်သုံးနိုင်ပါတယ်။
Source: SM

Read times
Rate this item
(0 votes)