What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 02 November 2021 19:08

ထိုင်းနိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေး အပြည့်အဝထိုးနှံထားသော နိုင်ငံနှင့်ဒေသအချို့က ခရီးသွားများအား တရားဝင် တံခါးဖွင့်လှစ်ပေးလိုက်ပြီ

တစ်နှစ်ခွဲနီးပါးကြာကာလအပြီး ထိုင်းနိုင်ငံသည် နိုဝင်ဘာ ၁ ရက်မှစ၍ နိုင်ငံနှင့်ဒေသ ၆၃ ခုက ကိုဗစ်ကာကွယ်ဆေးအပြည့်အဝ ထိုးနှံထားသည့် ခရီးသွားများအား ကွာရန်တင်းမလိုဘဲ

တရားဝင်ပြည်ဝင်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။ ထိုလုပ်ဆောင်ချက်က စီးပွားရေးပြန်လည်နိုးထရန်အတွက် တစ်ဆင့်ကူညီအားဖြည့်နိုင်လိမ့်မည်ဟု ထိုင်းနိုင်ငံအစိုးရက ခန့်မှန်းထားသည်။
ယင်းနေ့တွင် ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်ရှိ သု၀ဏ္ဏဘူမိလေဆိပ်ကို ဆိုက်ရောက်သည့် နိုင်ငံတကာလေကြောင်းလိုင်းများမှ လေယာဉ် အခေါက်ရေ ၆၁ ကြိမ်ရှိကြောင်း ၊ ၎င်းတို့တွင် ခရီးသည်တင်လေယာဉ် အစီး ၄၀ ပါဝင်ပြီး ခရီးသွား ၃,၀၀၀ ကျော်ခန့် ကိုကြိုဆို လက်ခံခဲ့ရာ ၂,၃၀၀ ဦးမှာ နိုင်ငံခြားသားခရီးသွားများဖြစ်ကြောင်း လေဆိပ်မန်နေဂျာ တစ်ဦးက ဆိုသည်။
အောက်တိုဘာ ၁ ရက်မှ ၅ ရက်အထိတွင် ခရီးသွား ၁၅,၂၃၀ ဦးသည် လေကြောင်းကုမ္ပဏီ ၂၇ ခုမှ လေယာဉ်ခရီးစဉ်များဖြင့် သုဝဏ္ဏဘူမိလေဆိပ်ကို ရောက်ရှိလာမည်ဟု ထိုင်းမြို့ပြလေကြောင်းအာဏာပိုင်များက ကြိုတင်ခန့်မှန်းထားသည်။
ယခုနှစ် နိုဝင်ဘာလမှ လာမည့်နှစ် မတ်လအထိ ခရီးသွား ၁ သန်း ရောက်ရှိလာပြီး ထိုင်းနိုင်ငံအတွက် ခရီးသွားဝင်ငွေ ဘတ် ၆၀ ဘီလီယံရရှိနိုင်မည်ဟု ထိုင်းနိုင်ငံခရီးသွားအာဏာပိုင်များက ခန့်မှန်းထားသည်။
၂၀၂၀ ပြည့်နှစ် ဧပြီလမှစ၍ ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ကာကွယ်ရန် ထိုင်းနိုင်ငံအစိုးရက နိုင်ငံခြားခရီးသွား ပြည်ဝင်ခွင့်ကို တားမြစ်ခဲ့ရာ ထိုဆောင်ရွက်မှုသည် ထိုင်းနိုင်ငံခရီးသွားလုပ်ငန်းနှင့်စီးပွားရေးအား အထိနာစေခဲ့သည်။ ယခုနှစ် ဇူလိုင်လတွင် ထိုင်းနိုင်ငံသည် ဖူးခက်ကျွန်းကို သရုပ်ပြဇုန်အဖြစ်ထားရှိကာ ကာကွယ်ဆေးအပြည့်အဝ ထိုးနှံထားခြင်း စသည့်သတ်မှတ်ချက်များနှင့်ကိုက်ညီသူခရီးသွားများအား ကွာရန်တင်းဝင်ရန်မလိုဘဲ ပြည်ဝင်ခွင့်ပြုခဲ့သလို ခရီးသွားများအနေဖြင့် ဖူခက်ကျွန်းတွင် ၁၄ ကြာ နေထိုင်ပြီး ကိုဗစ်စစ်ဆေးမှု Negativeဖြစ်ပါက ထိုင်းနိုင်ငံအခြားနေရာများသို့ သွားလာနိုင်ကြောင်း သိရသည်။ ထိုဆောင်ရွက်မှုကို နောက်ထပ်နာမည်ကျော်ခရီးသွားနေရာတစ်ခုဖြစ်သည့် ကော့စမွီကျွန်းတွင်လည်းဆောင်ရွက်ခဲ့ပြီး ပိုမိုများပြားသည့် နိုင်ငံတကာ ခရီးသွားများကို ဆွဲဆောင်နိုင်မည်ဟု မျှော်မှန်းထားကြောင်း သိရသည်။

(Xinhua)

Read times
Rate this item
(0 votes)