What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 10 April 2018 10:35

အမျိုးသမီးများ သင်္ကြန်မှာ အထူးသတိထားသင့်သည့် ဆေးတစ်မျိုး

အမျိုးသမီးများ သင်္ကြန်မှာ အထူးသတိထားသင့်သည့် ဆေးတစ်မျိုး google.com

သင်္ကြန်ကာလအတွင်း အထူးသတိထားသင့်တဲ့ ကာမစိတ်ကို နှိုးဆွပေးတဲ့ ဆေးတစ်မျိုးကို သတိထားစေရင် ဖော်ပြပေးလိုက်ပါတယ်။

တရုတ်နိုင်ငံမှဝင်ရောက်တာတဲ့ ‘မိန်းမလှလေး’အမည်ရှိတဲ့ဆေးအမျိုးအစားတစ်ခု ဖြစ်ပါ တယ။် အလွန်အမင်းစွဲလမ်းစေတဲ့သဘောရှိပြီး သုံးစွဲသူဟာ စိတ်ရဲ့အလိုအတိုင်း အရာရာတိုင်းကို လုပ်ဆောင်နိုင်စေဖို့လှုံ့ဆော် ပေးပါတယ်။

30516152 432369480553494 5001342343626883072 o

 

ဆေးရှိန်တက်နေတဲ့ခဏတာမှာ ရှက်စိတ်ကြောက်စိတ်လုံးဝကင်းလွတ်နေပြီး အရူးတစ်ေ ယာက်လိုထင်ရာလုပ်နေတတ်တယ်။ ခန္ဓာကိုယ်ရဲ့အပူချိန်ကိုသိသိသာသာမြင့်တက်စေပြီး အသိစိတ်ကင်းလွတ်ချိန်မှာ အဝတ်အ စားများ ချွတ်ပစ်ဖို့ကိုပင်ဝန်လေးနေမှာမဟုတ်ပါဘူး။

လွတ်လပ်ပေါ့ပါးမှုနဲ့အတူခြေဦးတည့်ရာပြေးနေတတ်ပြီး ဒေါသစိတ်ဟာ လူသတ်တဲ့အထိ ဖြစ်စေပါတယ်။ ဆေးတောင့်အနေနဲ့လည်း သောက်သုံးနိုင်သလိုအမှုန့်အနေနဲ့ရေမှာအလွယ်တကူပျော်ဝင်နိုင်ပြီး အနံ့အရသာ မရှိကြောင်းသိရပါတယ်။ အဓိက ပါဝင်ပစ္စည်းဟာ Alpha-PVP ဖြစ်ပီး ၄င်းဆေးကိုအန္တရာယ်အရှိဆုံး မူးယစ်ဆေးအဖြစ် 2012 ခုနှစ်ဖလော် ရီဒါပြည်နယ်မှာ ထုတ်ပြန်ကြေညာခဲ့ပြီး ပြင်းပြင်းထန်ထန်တားမြစ်ထားပါတယ်။ အခုတစ်လော ပေါ်ပျူလာဖြစ်နေတဲ့အဝတ်ဗလာနဲ့ပြေးလွှားနေမှု တွေရဲ့တရားခံဟာ ဒီေ ဆးကြောင့်လား ဆိုတာ သံသယ ဝင်စရာဖြစ်နေပါတယ်။

အလားတူပဲ အခြားသောဆေးအမျိုးအစားတွေဟာလည်း ပုံစံမျိုးစုံနဲ့ပျံ့နှံ့လျ က်ရှိနေပြီး အချို့လည်း ကြားဖူးပီးသားဖြစ်မှာပါဆေးစက်သုံးစက်လောက်နဲ့ဘဝပျက်တဲ့အထိလည်း ဖြ စ်သွားနိုင်ပါတယ်။

ဒီလိုဆေးတွေဟာ နှစ်သစ်ကူးကာလမှာ အထူးစိုးရိမ်စရာ သတိထားသင့်တဲ့အရာတွေဖြစ်တဲ့အတွက်အမျိုး သမီး အမျိုးသား မည်သူမဆိုအချိုရည်ကအစ သတိထား သောက်ကြဖို့နဲ့ အသိစိတ်ကင်းလွတ်ချိန်မှာ ဘာမဆို ဖြစ်သွားနိုင်တာကြောင့်မည်သူ့ကိုမဆိုမယုံမလွယ်ကြဖို့အကြံပေးလိုက်နှိုးဆော်လိုက်ပါတယ်။

Source: Lawkathuta

Read: တစ်ပတ်တစ်ကြိမ် ငါးကင်စားသူများ ဦးနှောက်မှတ်ဥာဏ်ပိုကောင်းနိုင်

Related image

Read times Last modified on Tuesday, 10 April 2018 11:47
Rate this item
(0 votes)