What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 29 November 2017 10:11

အရေပြားကင်ဆာအတွက် မစားသင့်သော အစားအစာ (၆) မျိုး

အရေပြားကင်ဆာအတွက် မစားသင့်သော အစားအစာ (၆) မျိုး google.com

သင့်အရေပြားကို အကောင်းဆုံး ထောက်ပံ့ပေးနိုင်တဲ့ အစားအစာတွေရှိသလိုပဲ၊ အရေပြား ကင်ဆာအတွက် အန္တရာယ်ရှိတဲ့ အစားအစာတွေလည်း ရှိပါတယ်။

၁. ကင်ထား၊ ဖုတ်ထားသော အစာများ

ကင်ထားဖုတ်ထားတဲ့ အစားအစာတွေထဲမှာ ပါဝင်တဲ့ ဖရီးရယ်ဒီကယ်တွေက ကျန်းမာတဲ့ အရေပြားဖြစ်ပေါ်မှုကို တားဆီးတတ်တာကြောင့်ပါ။ ကြက်သား၊ ၀က်သားနဲ့ အမဲသားများကို သေချာ ချက်ပြုတ်ပြီး စားပေးဖို့ အကြံပြုထားပါတယ်။

ဆဲလ်မွန်ငါးက သင့်ကျန်းမာရေးကို အထောက်အကူပြုတဲ့ အိုမီဂါသရီး ဖက်တီး အက်စစ်တွေ ပါဝင်တယ်ဆိုပေမယ့် ကင်စားမယ်ဆိုရင်တော့ သင့်ကို ပိုပြီး အန္တရယ် ဖြစ်စေမှာပဲ ဖြစ်ပါတယ်။ ထို့ကြောင့် ငါးကိုလည်း ချက်ပြုတ်စားသောက်ပါ။

၂. ပေါင်မုန့်ဖြူ

ဖြူဖွေးအောင် လုပ်ထားတဲ့ ပေါင်မုန့်ဟာ အမျှင်ဓာတ်ပါဝင်မှု နည်းသွားပါတယ်။ အမျှင်ဓာတ်ဟာ ခန္ဓာကိုယ်အတွက် အမှန်တကယ်လိုအပ်ပြီး ကင်ဆာဖြစ်ပေါ်မှုကို အားပေးတတ်တဲ့ အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားနိုင်စွမ်း ရှိပါတယ်။ အညိုရောင်ပေါင်မုန့်ကိုသာ ရွေးပါ။ အချိုများသော အသင့်လုပ်မုန့်များ သကြားများစွာ ပါဝင်တဲ့ မုန့်တွေ ကြောင့် အမျိုးအစား (၂) ဆီးချိုသွေးချိုနဲ့ အ၀လွန်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

သွေးတွင်းသကြားဓာတ်ကို မြင့်တက်ကာ နေရောင်ခြည်ဓာတ်ကို တိုက်ထုတ်ပေးနိုင်တဲ့ ဆဲလ်တစ်မျိုး တစ်မျိုးထွက်ပေါ်မှုကို အားနည်းစေတဲ့အတွက် နေလောင်ဒဏ်ခံရချိန်မှာ အရေပြားကို ပိုပြီး ထိခိုက်စေနိုင်ပါတယ်။

၃. ဟော့ဒေါ့များ

ဟော့ဒေါ့၊ ဆလာမီနဲ့ ဆော့စေ့တွေဟာ အဆီများစွာ ပါဝင်တတ်ပြီး ကင်ဆာရှိသူတွေ လုံးဝမစားသင့်တဲ့ အစားအစာထဲမှာ ပါဝင်ပါတယ်။

၎. မာဂျရင်း

မာဂျရင်းကို အသီးအရွက်ဆီနဲ့ တခြားအဆီမျိုးစုံအပြင် ပုံစံမျိုးစုံနဲ့ ပြုပြင် ထုတ်လုပ်ထား တာ တွေလည်း ရှိတတ်ကြပါတယ်။ အဲဒီအဆီတွေက အ၀လွန်ဖို့ ဦးဆောင် နေ တတ်ပါတယ်။ ဒါ့အပြင် ကင်ဆာရှိသူတွေအတွက် ပိုပြီး ရှောင့်သင့်ပါတယ်။

၅. ပြုပြင်ထားသော နို့

အရေပြားကင်ဆာရှိသူတွေအနေနဲ့ အဆီရရှိမှုနည်းတဲ့ အစားအစာတွေကို ရှောင်ပြီး သားဆိုရင်တော့ နွားနို့မှာပါဝင်တဲ့ သဘာဝအဆီဓာတ်၊ ပရိုတင်းဓာတ်နဲ့ ကယ်လ်စီယမ်ဓာတ် တွေက သင့်အတွက် အကျိုးရှိစေတာကြောင့် သဘာဝနို့ကို သောက်ပါ။

၆. မှိုတက်နေသော မြေပဲထောပတ်

မြေပဲထောပတ်ဟာ သင့်အရေပြား ကျန်းမာရေးကို အထောက်အကူပြုပါတယ်။ ဒါပေမယ့် မြေပဲထောပတ်ကို ရေခဲသေတ္တာထဲမှာ ထည့်မသိမ်းမိရင် မှိုတက်လာတတ်ပါတယ်။ အဲဒီမှိုထဲမှာ ကင်ဆာဖြစ်စေနိုင်တဲ့ဓာတ်တွေ ပါဝင်တာကြောင့် အန္တရာယ် ရှိပါတယ်။

Source: lyhealthcare

Read times
Rate this item
(1 Vote)