What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 14 November 2021 09:49

ဒေသအလိုက် အများဆုံး သွေးအမျိုးအစား အုပ်စုများ

သွေးကို အုပ်စုခွဲခြား သတ်မှတ်ထားတယ်။ သွေးမှာပါတဲ့ ပဋိဇာတ်များ antigens က သွေးအမျိုးအစားကို အဆုံးအဖြတ်ပေးတယ်။


ပုံမှန်အားဖြင့် သွေးအုပ်စု ၈ ခု ရှိပြီး
antigens တွေရဲ့ မတူတဲ့ ပေါင်းစပ်ပုံများအရ လူ့သွေးကို ၃၆ မျိုးအထိ ခွဲခြားသတ်မှတ်ပါတယ်။

ကမ္ဘာ့နိုင်ငံအသီးသီးမှာ လူဦးရေအများဆုံးသွေးအုပ်စု ရှိပါတယ်။ တိုက်ကြီး ၇ တိုက်၊ နိုင်ငံနဲ့ နယ်မြေ စုစုပေါင်း ၁၉၅ ခု မှာ လူအများစုမှာ ရှိတဲ့ သွေးအမျိုးအစားက O+ ဖြစ်ပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၃၉% က O+ တွေ ဖြစ်ပါတယ်။
အရှားဆုံးက AB- သွေး ရှိသူဖြစ်ပြီး ကမ္ဘာ့လူဦးရေရဲ့ ၀.၄% ပဲ ရှိပါတယ်။

 01.jpg

 

ဒေသအလိုက် ပိုင်းခြားပြီး ကြည့်မယ်ဆိုရင်

အာရှ

O+ က လူအများဆုံး ဖြစ်ပြီး
B လည်း လူများပါတယ်။
တရုတ်ပြည် လူဦးရေရဲ့ ၂၀% က B သွေး ဖြစ်ပါတယ်။ အိန္ဒိယနဲ့ အာရှအလယ်ပိုင်း နိုင်ငံများဟာလည်း Bသွေး လူဦးရေ များပြားပါတယ်။

အာရှအနောက်ပိုင်းနိုင်ငံတွေ ဖြစ်ကြတဲ့ အာမေးနီးယား၊ အဇာဘိုင်ဂျန်တို့မှာတော့ လူဦးရေ အများစုက A+ သွေး အမျိုးအစား ဖြစ်ကြပါတယ်။

အမေရိက

တောင်အမေရိကမှာ လူဦးရေရဲ့ ၇၀% က O သွေး ပိုင်ရှင်တွေ ဖြစ်ကြပါတယ်။
ကနေဒါနဲ့ အမေရိကန်တို့မှာလည်း O သွေးက လူဦးရေ အများဆုံး ဖြစ်ပါတယ်။

အာဖရိက

အာဖရိကနိုင်ငံတွေမှာ O+ က လူဦးရေ အများဆုံး ဖြစ်ပါတယ်။ ဂါနာ၊ ကွန်ဂို၊ အီဂျစ် တို့မှာ O- သွေးအမျိုးအစား လူဦးရေ များပြားပါတယ်။

ဉရောပ
ဉရောပမှာ A သွေးအမျိုးအစား လူဦးရေ အများဆုံး ဖြစ်ပါတယ်။ ဒိန်းမတ်၊ နော်ဝေး၊ ဩစတီးယား၊ ယူကရိန်းတို့မှာ လူဦးရေ ၄၀% က A သွေး အမျိုးအစား ဖြစ်ပါတယ်။

အိုရှန်းနီးယား ပင်လယ်ကျွန်းနိုင်ငံများ
ကျွန်းအများစုမှာ O+ နဲ့ A+ များပါတယ်။
Fiji ကတော့ B+ လူဦးရေ အများဆုံး ဖြစ်ပါတယ်။

အရှေ့အလယ်ပိုင်းဒေသ
လူဦးရေ ၄၁% ကျော်ဟာ O+ သွေးအမျိုးအစား ဖြစ်ပါတယ်။
လက်ဘနွန်ကတော့ O- နဲ့ A- လူဦးရေ များပြားပါတယ်။

ကာရေဘီယံ
ကာရေဘီယံမှာ လူဦးရေ ထက်ဝက်ကျော်က O+ သွေးအမျိုးအစား ဖြစ်ပါတယ်။
ဂျမေကာမှာတော့ B+ သွေးအမျိုးအစား လူဦးရေ အများဆုံး ဖြစ်ပါတယ်။ 

 

supplemental-2_v3.jpg

Read times Last modified on Sunday, 14 November 2021 10:00
Rate this item
(0 votes)