What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 24 April 2018 16:08

ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့နည်းလမ်း ( ၇ ) ချက်

ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့နည်းလမ်း ( ၇ ) ချက် google.com

ခေတ်ကြီးကလည်း တိုးတတ်လာသည့်နှင့်အမျှ လူတိုင်းမိမိရည်မှန်းချက်တွေအတွက် ကြိုးစားကြတဲ့အခါ မိမိခန္ဓာကိုယ်အတွက်ကိုတောင် ဂရုမစိုက်နိုင်တော့ပါဘူး။

အလုပ်တွေက မအားတာနဲ့ ချက်ပြုတ်မစားကြတော့ပဲ အသင့်စား၊ အမြန်စား အစားအစာတွေကို အလွယ်တကူစားသုံးနေကြရပါတယ်။ ဒါဆိုရင်တော့ သင်ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်ဖြစ်တာတွေ ရှိနေနိုင်ပြီပေါ့။

ခန္ဓာကိုယ်ထဲမှ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်တဲ့နည်းလမ်းလေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) ရေဓာတ်ပြည့်ဝအောင် နေမယ်

ရေဓာတ်အလုံအလောက်မရဘဲနဲ့ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကိုမဖယ်ရှားနိုင်ပါဘူး။ ဒါကြောင့် တစ်နေ့ကို အနည်းဆုံးရေဖန်ခွက် ရှစ်ခွက် သောက်ပါ။ အများဆုံးရေကို ၁၀ ခွက်အထိသောက်သုံးပြီး အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်ပါတယ်။

(၂) မနက်ခင်းတိုင်းကို သံပရာရေနွေးတစ်ခွက်နဲ့ စတင်ပါ။

မနက်နိုးလာတာနဲ့ ရေခပ်နွေးနွေးထဲကို သံပရာရည်အနည်းငယ်ညှစ်ထည့်ပြီး ခပ်နွေးနွေးလေး သောက်သုံးပေးပါက အသည်းနှင့် အခြားအစာခြေစနစ် အင်္ဂါတွေမှာ စုနေတဲ့အဆိပ်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

(၃) လက်ဖက်စိမ်းရေနွေးကြမ်း

လက်ဖက်စိမ်းရေနွေးကြမ်းမှာ ဓာတ်တိုးဆန့်ကျင့်အာနိသင်တွေပါဝင်နေတာကြောင့် မနက်ခင်းတိုင်း လက်ဖက်စိမ်းရေနွေးကြမ်းတစ်ခွက် သောက်ပေးတာကလည်း ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပြီး သွေးတွင်းသကြားဓာတ်ထိန်းညှိရာမှာ အထောက်အကူပြုပေး၍ တစ်နေ့တာလုံး အချိုစားချင်စိတ်ကို နည်းအောင်လုပ်ပေးနိုင်မှာပါ။

(၄) အယ်လ်ကိုဟော ကိုရှောင်ပါ။

အယ်လ်ကိုဟော ကို မသောက်တာကတော့ အကောင်းဆုံးပါပဲ။

(၅) အနီရောင်အသားတွေ လျှော့စားပေးပါ။

အနီရောင်အသားတွေက အစာကြေခဲပြီး အစာချေစနစ်က ပြဿနာတော်တော်များများကို ဖြစ်စေနိုင်ပါတယ် ဒါကြောင့် အနီရောင်အသားတွေအစား ကြက်သားနဲ့ ငါးကိုစားသုံးပေးတာ အကောင်းဆုံးပါပဲ။

(၆) နနွင်း

နနွင်းက ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝပြီး ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ နနွင်းက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို အကောင်းဆုံးဖယ်ရှားပေးနိုင်တာကြောင့် နေ့စဉ်စားသုံး တဲ့ အစားအစာတွေထဲမှာ နနွင်းကို ထည့်စားပေးဖို့ လိုအပ်ပါတယ်။

(၇) ချွေးထွက်အောင် လှုပ်ရှားမှုလုပ်ပါ၊

ချွေးထွက်တာကလည်း ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့ နည်းလမ်းတစ်ရပ်ဖြစ်တာ ကြောင့် နေ့စဉ်ချွေးထွက်စေဖို့အတွက် သင့်တင့်တဲ့ကိုယ်လက်လှုပ်ရှားမှုမျိုးလုပ်ဖို့ လိုအပ်ပါတယ်။

Source: Kumudra

Read: သင်္ကြန်မှာ ပျက်စီးသွားတဲ့ ဆံသားတွေကို သဘာဝနည်းအတိုင်း ပြန်လည်ထိန်းသိမ်းနည်း

သင်္ကြန်မှာ ပျက်စီးသွားတဲ့ ဆံသားတွေကို သဘာဝနည်းအတိုင်း ပြန်လည်ထိန်းသိမ်းနည်း

Read times
Rate this item
(1 Vote)