What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 16 November 2018 15:19

ရန်ကုန်ရှိ ရေသန့်စက်ရုံများကို စီမံချက်ဖြင့် ပြန်လည်စစ်ဆေးမည်

လာမည့်လတွင် ရန်ကုန်တိုင်းအ တွင်းရှိ ရေသန့်စက်ရုံများကို စီမံ ချက်ဖြင့် ပြန်လည်စစ်ဆေးမည် ဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ရန်ကုန်ရုံးခွဲတာဝန်ခံ ဒေါက်တာမင်းဝန်က ပြောသည်။

လက်ရှိတွင် ရေသန့်လုပ်ငန်း ရှင်များကို အကြိမ်ခွဲ၍ သင်တန်း ပေးမှုရှစ်ကြိမ်ရှိပြီဖြစ်ကာ ယင်းသင်တန်းပြီးဆုံးပါက စစ်ဆေးမှုစတင်မည် ဖြစ်သည်။

 

‘‘အရင်တုန်းကတော့ ကွက် ကျားကွက်ကျား စစ်တယ်။ အခု ကတော့ စီမံချက်တစ်ခုအနေနဲ့ စစ်မယ်ပေါ့။ စပြီးစစ်ဆေးရေး ပြန်ဝင်တော့မယ်။ ပြန်ဝင်တဲ့အ ချိန်မှာ လိုင်စင်ယူထားတဲ့ ချို့ယွင်း တဲ့သူတွေ ရှိတယ်၊ တိုင်ကြားခံရ တာတွေ ရှိတယ်။ အဲဒါတွေ ဦးစားပေးပြီးတော့ ကျွန်တော်တို့ စစ်ဆေးမယ်။ စစ်ဆေးလို့ သူတို့ဘက်က GMP (ကောင်းမွန်သော ထုတ်လုပ်မှု ကျင့်စဉ်)နဲ့အညီ မလုပ်နေဘူးဆိုရင် အဲဒီအချိန်မှာ ပြန် ပြင်ဆင်ဖို့အတွက်ကို ကာလအ ပိုင်းအခြားတစ်ခု ပေးမယ်။ သူတို့ ပြန်လည်ပြင်ဆင်ပြီးတဲ့အချိန်ပြင် ဆင်ပြီးကြောင်း တင်ပြတဲ့အခါ ကျမှ ရေကိုပြန်ပြီး ဖြန့်ချိခွင့်ပေး မယ်’’ဟု ဒေါက်တာမင်းဝန်က ပြောသည်။

 

လိုက်နာမှု မရှိသော ရေသန့် လုပ်ငန်းများကို စီမံခန့်ခွဲမှုနည်း လမ်းအရ ယာယီပိတ်သိမ်းခြင်း၊ ပြန်လည်ပြင်ဆင်ခိုင်းခြင်းတို့ ပြု လုပ်မည်ဖြစ်ပြီး လိုက်နာမှုမရှိပါက အမျိုးသားအစားအသောက် ဥပဒေအရ ဆက်လက်အရေးယူမည် ဖြစ်သည်။ ‘‘ပြင်ဆင်ခိုင်းတဲ့အချိန်အ တွင်းမှာ မထုတ်ခိုင်းဘူး။ အဲဒီ ကြားထဲမှာ ထုတ်နေပြီဆိုရင် တော့ ထောက်ခံချက်ကို ပြန် လည်ရုပ်သိမ်းတာဖြစ်သွားမယ်။ အဲဒါဆိုရင်တော့ သူပြန်ပြီး ထုတ် ချင်တယ်ဆိုရင် တစ်ကနေ စထုတ်ရမယ်။ အဲဒါကိုမှ သူကဆက်ပြီး ထုတ်လုပ်နေတယ်ဆိုရင် ထောက် ခံချက်မရှိဘဲ ထုတ်နေတော့ အ မျိုးသားအစားအသောက် ဥပဒေ အရ အရေးယူသွားမှာဖြစ်ပါ တယ်’’ဟု ၎င်းကဆက်လက် ပြောသည်။

 

ရန်ကုန်တိုင်းအတွင်း FDA ထောက်ခံချက် ရရှိထားသော ရေသန့်လုပ်ငန်း ၄၀၀ ခန့်ရှိကာလက်ရှိတွင် ပိတ်သိမ်းထားသည့် ရေသန့်လုပ်ငန်း ၂၀ ခန့်ရှိပြီး ရေသန့်လုပ်ငန်း ၁၀ ခုကို ပြန်လည်ထုတ်လုပ်ခွင့်ပေးထားသည်။

Source:7daydaily

Read times Last modified on Friday, 16 November 2018 15:50
Rate this item
(0 votes)