What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 01 December 2017 10:32

ကိုယ်ဝန်ဆောင်တို့ လမ်းလျှောက်ခြင်းအကျိုး

ကိုယ်ဝန်ဆောင်တို့ လမ်းလျှောက်ခြင်းအကျိုး google.com

တကယ်တော့ ကိုယ်ဝန်ဆောင်ကာလမှာ လမ်းလျှောက် လေ့ကျင့်ခန်းယူတာက မွေးဖွားမယ့် မိခင်အတွက် မွေးဖွားရလွယ်ကူစေသလို မွေးလာမယ့် ကလေး အတွက်လည်း ကျန်းမာရေး ကောင်းကျိုးတွေ ဖြစ်စေပါတယ်။

လမ်းလျှောက်ခြင်းက ပေးတဲ့ အကျိုးကျေးဇူးကတော့ -

၁. မိခင်လောင်းကို ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်စေတယ်။

ကိုယ်ဝန်ဆောင်စဉ် ကာလတစ်လျှောက်လုံး နေ့စဉ်မှန်မှန် လမ်းလျှောက်ပေးမယ်ဆိုရင် မိခင်လောင်းရဲ့ အရိုးကြွက်သားတွေ ကျန်းမာကြံ့ခိုင်ပြီး နှလုံးသွေးကြော လည်ပတ်မှုကို အားကောင်းစေလို့ မီးဖွားတဲ့အခါ အမောခံနိုင်ပြီး သားအိမ်ညှစ်အား ပိုကောင်းစေတယ်။

၂. ကျန်းမာတဲ့ ရင်သွေးငယ်ကို မွေးဖွားစေတယ်။

ကိုယ်ဝန်ဆောင်မိခင်တွေ လမ်းမှန်မှန်လျှောက်ပေးတဲ့အတွက်ကြောင့် မွေးဖွားလာတဲ့ ကလေးမှာလည်း ကျန်းမာကြံ့ခိုင်ပြီး မွေးကင်းစ ရောဂါ ဖြစ်နှုန်းကို လျော့ကျစေတယ်။

READ - ကိုယ်ဝန်ဖျက်ချခြင်း၏ နောက်ဆက်တွဲ ကျန်းမာရေး အန္တရာယ်များ

၃. ကိုယ်ဝန်ဆောင် ဆီးချိုဖြစ်နှုန်းကို လျော့နည်းစေတယ်။

ကိုယ်ဝန်ဆောင်ကာလမှာ လမ်းမှန်မှန်လျှောက်ပေးတဲ့အတွက် သွေးတွင်းသကြားဓာတ် ချေဖျက်လောင်ကျွမ်းမှု အားကောင်းပြီး ကိုယ်ဝန်ဆောင်ကာလမှာ ဖြစ်တတ်တဲ့ ကိုယ်ဝန်ဆောင် ဆီးချိုဖြစ်နှုန်းကို လျော့ကျစေတယ်။

၎. ကိုယ်ဝန်ဆောင် အဆိပ်တက်ခြင်း အန္တရာယ် လျော့နည်းစေတယ်။

ကိုယ်ဝန်ဆောင်မိခင်တွေကို အန္တရာယ်ပေးနိုင်တဲ့ ကိုယ်ဝန်ဆောင် အဆိပ်တက်ခြင်းကို လျော့နည်းစေဖို့ လမ်းမှန်မှန်လျှောက်ပေးပါ။ ကိုယ်အလေးချိန်တိုးခြင်းကို ကာကွယ်ပေးပြီး သွေးတွင်းကိုလည်း ကာကွယ်ပေးပါတယ်။

၅. စိတ်ဖိစီးမှုတွေ လျော့ကျစေတယ်။

လေပြည်အေးအေးမှာ သက်သောင့်သက်သာ လမ်းမှန်မှန် လျှောက်ပေးတဲ့အတွက် ကိုယ်ဝန်ဆောင်ချိန် မိခင်အများစု ခံစားရတဲ့ စိတ်ပူပန်မှုနှင့် ဖိစီးမှုတွေကို လျော့ကျစေတဲ့အပြင် စိတ်ခံစားမှု ကောင်းပြီး စိတ်ပျော်ရွှင်မှုကိုပါ တိုးစေပါတယ်။

၆. ကိုယ်ဝန်လစေ့မှ ကျန်းကျန်းမာမာနဲ့ မွေးဖွားနိုင်တယ်။

လမ်းမှန်မှန်လျှောက်ပေးတဲ့အတွက် ကိုယ်ဝန်ဆောင် မိခင်တွေရဲ့ တင်ပါး၊ မျိုးပွား အင်္ဂါ တစ်ဝိုက်နဲ့ ပေါင်ကြွက်သားတွေ အားကောင်းစေပြီး ကိုယ်ဝန်လ မရင့်မီ မွေးတာ၊ ကိုယ်ဝန်လကျော်မှ မွေးတာတွေ မဖြစ်စေဘဲ မွေးရမယ့် အချိန်ကာလမှန်ကန်စွာနှင့် ခွဲစိတ်စရာမလို ပုံမှန် သဘာဝနည်းအတိုင်း ကျန်းကျန်းမာမာ လွယ်လွယ်ကူကူ မွေးဖွားနိုင်ပါတယ်။

ထို့ကြောင့် ကိုယ်ဝန်ဆောင် မိခင်တွေအနေနဲ့ မိမိကျန်းမာဖို့သာမက မွေးဖွားလာတဲ့ ရင်သွေးငယ်လေးရဲ့ ကျန်းမာရေးအတွက်ပါထည့်တွက်လို့ ကိုယ်ဝန်ဆောင်ကာလ တစ်လျှောက်လုံး တစ်နေ့ကို တစ်ကြိမ်၊ တစ်ကြိမ်မှာ အနည်းဆုံး ၁၅ မိနစ်ခန့် အချိန် ပေးပြီး လမ်းမှန်မှန်လျှောက်ပေးပါ။

READ - ကိုယ်ဝန်ဆောင်စဉ်နှစ်ခြိုက်စွာ အိပ်ပျော်နိုင်စေဖို့

Source: healthcare

Read times
Rate this item
(1 Vote)