What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 14 February 2020 16:19

ဆံပင်ကျွတ်ရခြင်း အကြောင်းရင်း

လူတစ်ဦးရဲ့ ဒုတိယမျက်နှာက ဦးခေါင်ပေါ်ရှိ ဆံပင်ဖြစ်တယ်ဆို လူတိုင်းသတိထားမိမှာပါ ။

ဆံပင်ပုံဆံဒီဇိုင်းက လူတစ်ဦးရဲ့ အလှအပ ၄၅ ရာခိုင်းနှုန်းကို ထုတ်ဖော်ပြသပေးသဖြင့် ဆံပင်ကျွတ်လို့ မိန်းကလေး အများစုက စိတ်ညစ်နေမှာ အမှန်ဖြစ်ပါတယ်။ သာမာန်လူတစ်ဦးက တစ်နေ့ကို ဆံပင် ၅၀ မှ ၁၂၀ အထိကျွတ်လေ့ ရှိတယ်ဆိုတာ သတိထားမိမှာ မဟုတ်တဲ့အပြင် ဦးခေါင်းပေါ်တွင် ဆံပင် အေရေအတွက်ပေါင်း ၁၂၀,၀၀၀ ဝန်းကျင် အထိရှိပါတယ်။ ဆံပင်က တစ်ခြားအမွေးအမျှင်များထက် ရှည်နှုန်းမြန်ပြီး ဆံပင်တစ်ပင်ရဲ့ သက်တမ်း ပြမျှအားဖြင့် လေးနှစ်ဝန်းကျင် အထိရှည်နိုင်ပါတယ်။ ဆံပင်က အကုန်လုံးရှည်တာမဟုတ်ပါ။ ၈၅ ရာခိုင်နှုန်းကရှည် ပြီး ၁၅ ရာခိုင်နှုန်းက ဆက်လက်မရှည်ဘဲ ရပ်တန့်နေပါတယ်။

 

ဆံပင်ကျွတ်ရခြင်း အကြောင်း

 

ဆံပင်ကျွတ်ရခြင်း အကြောင်းရင်းက ခန္ဓာကိုယ်တွင် ဟော်မုန်းဓာတ်ပြောင်းလဲတာ ၊ မျိုးရိုး ဗီဇ ရှိတာ၊ အာဟာရချို့တဲ့တာ ၊ အလေ့အကျင့်ရှိတာ ၊ စိတ်ဖိစီးမှုများကြောင့်လည်း ဆံပင်ကျွတ်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါအပြင် ကိုယ်ဝန်ရှိချိန် ၊ ဦးရေပြားမှိုစွဲတာ ၊ ပဋိဇီဝဆေးများ ရေရှည်သောက်သုံးချိန် ၊ ဆံပင်ကို အလွန်အကျွံ ပေါင်းတင် ၊ ဆေးဆိုး ၊ အပူပေးပြီးဖျောင့်တာ များအလွန်အကျွံ ပြုလုပ်တာ ၊ ခေါင်းဘီး မကောင်းတာ စတာတွေကြောင့် ဆံပင်ကျွတ်ခြင်းကို ဖြစ်ပေါ် စေနိုင်ပါတယ်။ ဒါအပြင် အပူအစပ်စားများတာ ၊ ဆေးလိပ် ၊ အရက်အလွန်အကျွံသောက်တာ နဲ့ အက်စပ်ဓာတ်ပါဝင်မှုများသော ဆပ်ပြာများကို အသုံးပြုခြင်းကြောင့်လည်း ဆံပင်ကျွတ်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။

 

Overseas Hospital Branch Office (ဆေးရုံပြည်ပ ကိုယ်စားလှယ်ရုံး ၆၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)

Image result for Overseas Hospital Branch Office

 

ဆံပင်ကျွတ်ခြင်းမှ လျော့ချနည်း

 

ခေါင်းဘီးကို မိမိဆံပင်အနေအထားဖြင့် ကြည့်ရွေးဝယ်တာ၊ ခေါင်းလျှော်ပြီးရင် သဘက် နဲ့ ဆံပင်ကို ပွတ်သုတ်တာ မပြုလုပ်ဘဲ သဘက်နှင့်ဆံပင်ကို ဖွဖွသာ ဖိညစ်ပေးတာ ၊ ခေါင်းလျှော်ရည်ကို ဆာလ်ဖိတ် ၊ ဆီလီကွန် နဲ့ ဓာတတုပစ္စည်းပါဝင် မှုနည်းတာသုံးခြင်း၊ တစ်ပတ်ကို ၃ ကြိမ်ခေါင်းလျှော်တာ ၊ ဆံပင်စည်းပုံ ပြင်ပုံကို ဂရုစိုက်တာ ၊ ဦးရေပြားကို သန့်ရှင်းအောင်ဂရုစိုက်တာ ၊ လေ့ကျင်းခန်းပြုလုပ်တာ ၊ကြွက်သန်နီ ကိုအရည်လုပ်ပြီး ဂွမ်းစဖြင့် ဦရောပြားပေါ်ကို ၂ မိနစ်ခန့်ကြာအောင်ထားခြင်းများ ပြုလုပ်ခြင်းဖြင့် ဆံပင်ကျွတ်ခြင်းကို လျော့ချနိုင်ပါတယ်။

 

ဒါအပြင် သဘာဝခေါင်းလျှော်ရည် ဖြစ်တဲ့ တရော်ကင်ပွန်း ဖြင့်လျှော်ပေးတာ ၊ စိတ်ဖိစီးမှုကိုလျော့ချတာ နဲ့ ဗီတာမင်ပါသော Supplement ကို သုံးပေခြင်းဖြင့်လည်း ဆံပင်ကျွတ်ခြင်းကို လျော့ချနိုင်သလို ကျန်းမာရေးထောက်ခံချက် မရှိသော Supplement များကို အသုံးမပြုမိဖို့လည်းလိုအပ်ပါတယ်။

Written By Health Products Directory

 

(Zawgyi)

=====

ဆံပင္ကၽြတ္ရျခင္း အေၾကာင္းရင္း

 

လူတစ္ဦးရဲ႕ ဒုတိယမ်က္ႏွာက ဦးေခါင္ေပၚရွိ ဆံပင္ျဖစ္တယ္ဆို လူတိုင္းသတိထားမိမွာပါ ။ ဆံပင္ပံုဆံဒီဇိုင္းက လူတစ္ဦးရဲ႔ အလွအပ ၄၅ ရာခုိင္းနႈန္းကို ထုတ္ေဖာ္ျပသေပးသျဖင့္ ဆံပင္ကၽြတ္လို႕ မိန္းကေလး အမ်ားစုက စိတ္ညစ္ေနမွာ အမွန္ျဖစ္ပါတယ္။ သာမာန္လူတစ္ဦးက တစ္ေန႔ကို ဆံပင္ ၅၀ မွ ၁၂၀ အထိကၽြတ္ေလ့ ရွိတယ္ဆုိတာ သတိထားမိမွာ မဟုတ္တဲ့အျပင္ ဦးေခါင္းေပၚတြင္ ဆံပင္ အေေရအတြက္ေပါင္း ၁၂၀,၀၀၀ ၀န္းက်င္ အထိရွိပါတယ္။ ဆံပင္က တစ္ျခားအေမြးအမွ်င္မ်ားထက္ ရွည္ႏႈန္းျမန္ၿပီး ဆံပင္တစ္ပင္ရဲ႔ သက္တမ္း ျပမွ်အားျဖင့္ ေလးႏွစ္၀န္းက်င္ အထိရွည္ႏိုင္ပါတယ္။ ဆံပင္က အကုန္လံုးရွည္တာမဟုတ္ပါ။ ၈၅ ရာခိုင္ႏႈန္းကရွည္ ၿပီး ၁၅ ရာခိုင္ႏႈန္းက ဆက္လက္မရွည္ဘဲ ရပ္တန္႔ေနပါတယ္။

 

ဆံပင္ကၽြတ္ရျခင္း အေၾကာင္း

 

ဆံပင္ကၽြတ္ရျခင္း အေၾကာင္းရင္းက ခႏၶာကိုယ္တြင္ ေဟာ္မုန္းဓာတ္ေျပာင္းလဲတာ ၊ မ်ိဳးရိုး ဗီဇ ရွိတာ၊ အာဟာရခ်ိဳ႔တဲ့တာ ၊ အေလ့အက်င့္ရွိတာ ၊ စိတ္ဖိစီးမႈမ်ားေၾကာင့္လည္း ဆံပင္ကၽြတ္ျခင္းကို ျဖစ္ေပၚေစႏိုင္ပါတယ္။ ဒါအျပင္ ကိုယ္၀န္ရွိခ်ိန္ ၊ ဦးေရျပားမိႈစဲြတာ ၊ ပဋိဇီ၀ေဆးမ်ား ေရရွည္ေသာက္သံုးခ်ိန္ ၊ ဆံပင္ကို အလြန္အကၽြံ ေပါင္းတင္ ၊ ေဆးဆိုး ၊ အပူေပးၿပီးေဖ်ာင့္တာ မ်ားအလြန္အကၽြံ ျပဳလုပ္တာ ၊ ေခါင္းဘီး မေကာင္းတာ စတာေတြေၾကာင့္ ဆံပင္ကၽြတ္ျခင္းကို ျဖစ္ေပၚ ေစႏိုင္ပါတယ္။ ဒါအျပင္ အပူအစပ္စားမ်ားတာ ၊ ေဆးလိပ္ ၊ အရက္အလြန္အကၽြံေသာက္တာ နဲ႔ အက္စပ္ဓာတ္ပါ၀င္မႈမ်ားေသာ ဆပ္ျပာမ်ားကို အသံုးျပဳျခင္းေၾကာင့္လည္း ဆံပင္ကၽြတ္ျခင္းကို ျဖစ္ေပၚေစႏိုင္ပါတယ္။ 

 

Overseas Hospital Branch Office (ေဆးရံုျပည္ပ ကိုယ္စားလွယ္ရံုး ၆၀ ေက်ာ္ကို ၾကည့္ရန္ ႏွိပ္ပါ)

Image result for Overseas Hospital Branch Office

 

ဆံပင္ကၽြတ္ျခင္းမွ ေလ်ာ့ခ်နည္း

 

ေခါင္းဘီးကို မိမိဆံပင္အေနအထားျဖင့္ ၾကည့္ေရြး၀ယ္တာ၊ ေခါင္းေလွ်ာ္ၿပီးရင္ သဘက္ နဲ႔ ဆံပင္ကို ပြတ္သုတ္တာ မျပဳလုပ္ဘဲ သဘက္ႏွင့္ဆံပင္ကို ဖြဖြသာ ဖိညစ္ေပးတာ ၊ ေခါင္းေလွ်ာ္ရည္ကို ဆာလ္ဖိတ္ ၊ ဆီလီကြန္ နဲ႔ ဓာတ္တုပစၥည္းပါ၀င္ မႈနည္းတာသံုးျခင္း၊ တစ္ပတ္ကို ၃ ႀကိမ္ေခါင္းေလွ်ာ္တာ ၊ ဆံပင္စည္းပံု ျပင္ပံုကို ဂရုစိုက္တာ ၊ ဦးေရျပားကို သန္႕ရွင္းေအာင္ဂရုစိုက္တာ ၊ ေလ့က်င္းခန္းျပဳလုပ္တာ ၊ၾကြက္သန္နီ ကိုအရည္လုပ္ၿပီး ဂြမ္းစျဖင့္ ဦးေရာျပားေပၚကို ၂ မိနစ္ခန္႕ၾကာေအာင္ထားျခင္းမ်ား ျပဳလုပ္ျခင္းျဖင့္ ဆံပင္ကၽြတ္ျခင္းကို ေလ်ာ့ခ်ႏိုင္ပါတယ္။

 

ဒါအျပင္ သဘာ၀ေခါင္းေလွ်ာ္ရည္ ျဖစ္တဲ့ တေရာ္ကင္ပြန္း ျဖင့္ေလွ်ာ္ေပးတာ ၊ စိတ္ဖိစီးမႈကိုေလ်ာ့ခ်တာ နဲ႔ ဗီတာမင္ပါေသာ  Supplement ကို သံုးေပျခင္းျဖင့္လည္း ဆံပင္ကၽြတ္ျခင္းကို ေလ်ာ့ခ်ႏိုင္သလို က်န္းမာေရးေထာက္ခံခ်က္ မရွိေသာ Supplement  မ်ားကို အသံုးမျပဳမိ လည္းလိုအပ္ပါတယ္။

Written By Health Products Directory

Read times
Rate this item
(0 votes)