What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 11 January 2022 09:23

ဝက်နှလုံးဖြင့် ဆက်လက်အသက်ရှင်နေသူ

ဝက်နှလုံးဖြင့် ဆက်လက်အသက်ရှင်နေသူ

 

အမေရိကန် ခွဲစိတ်ဆရာဝန်များသည် လူနာတစ်ဦး၏ နှလုံးကို ဝက်နှလုံးဖြင့် အောင်မြင်စွာ အစားထိုးနိုင်ခဲ့ပါသည်။

အမေရိကန်နိုင်ငံမှ ခွဲစိတ်ဆရာဝန်များသည် လူသားလူနာတစ်ဦးတွင် မျိုးရိုးဗီဇပြုပြင်ထားသော ဝက်မှ နှလုံးကို အောင်မြင်စွာ အစားထိုးနိုင်ခဲ့ကြောင်း University of Maryland Medical School မှ ၂၀၂၁ ဇန်နဝါရီလ ၁၀ ရက် တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

ခွဲစိတ်ကုသမှုကို သောကြာနေ့တွင် ပြုလုပ်ခဲ့ပြီး တိရစ္ဆာန်နှလုံးသည် လူ့ကိုယ်ခန္ဓာမှ ငြင်းပယ်ခြင်း မခံရဘဲ လူနာ ဆက်လက်အသက်ရှင်နေထိုင်နိုင်ကြောင်း တွေ့ကြရသည်ဟု အဆိုပါ ဆေးကျောင်းမှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယခုလို တိရစ္ဆာန်နှလုံးကို အောင်မြင်စွာဖြင့် လူတွင် အစားထိုး ထည့်သွင်းခြင်းသည် ပထမဆုံးအကြိမ် ဖြစ်ပါသည်။

ce59b994-b0eb-42b3-bf51-55ee16a8308f_360fd683.jpg

 


အသက် ၅၇ နှစ်ရှိသူ လူနာ David Bennett သည် Maryland တွင် နေထိုင်သူဖြစ်ပြီး အစားထိုးထားသည့် နှလုံးဖြင့် ကိုယ်န္ဓာ မည်သို့သော အခြေအနေရှိသည်ကို ဂရုတစိုက်ဖြင့် စောင့်ကြည့်ပေးနေကြသည်။

ခွဲစိတ်မှုမပြုလုပ်မီ တစ်ရက်အလိုတွင် လူနာက "ကျွန်တော်က အစားထိုးကုသတာ ခံယူမလား ဒါမှမဟုတ် သေမလား ဆိုတာပဲ ရွေးစရာရှိတယ်။ အမှောင်ထဲ ရမ်းပစ်ရတာ ဆိုတာ ကျွန်တော် သိပါတယ်။
ကျွန်တော် အသက်ရှင်ချင်တယ်၊ ဒါဟာ ကျွန်တော့ရဲ့ နောက်ဆုံးရွေးချယ်မှုပဲ" ဟု ပြောကြားခဲ့သည်။

Bennett သည် အိပ်ရာမှ မထနိုင်သဖြင့် ကုတင်ပေါ်မှာ နေခဲ့ရသည်မှာ လအတန်ကြာခဲ့ပြီ ဖြစ်သည်။"နေပြန်ကောင်းပြီး ကုတင်ပေါ်က ဆင်းရမှာကို ကျွန်တော် မျှော်လင့်ထားတယ်" ဟု သူက ပြောကြားသည်။

ယခုလို တိရစ္ဆာန်နှလုံးဖြင့် အစားထိုး ကုသခြင်း အောင်မြင်ခဲ့လျှင် အစားထိုးကုသမှုများကို နောက်နောင်တွင် တိရစ္ဆာန်တို့ထံမှ မျိုးရိုးဗီဇပြုပြင်ပေးထားသော အင်္ဂါအစိတ်အပိုင်းများဖြင့် အစားထိုး ကုသပေးနိုင်မည့် အလားအလာကောင်း ရှိနေပါသည်။

Read times Last modified on Tuesday, 11 January 2022 09:26
Rate this item
(0 votes)