What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 14 July 2022 15:45

ဓမ္မတာလာချိန်မှာ လုံးဝမပြုလုပ်သင့်တဲ့အချက် ၅ ချက်

အမျိုးသမီးတွေဟာ ရာသီလာစဉ်ကာလ အတွင်း ခံစားချက်ပြင်းထန်တာ အမျိုးသားတွေတောင် သိတာမို့ ဒီလို အချိန်မျိုးမှာ မလုပ်သင့်တဲ့ အရာတွေကိုလည်း ရှောင်ရှားသင့်ပါတယ်။

ရှောင်ရမယ့် အစားအစာများ

ရာသီလာနေတဲ့ အချိန်မှာတော့ ချိစ်၊ နို့ထွက်ပစ္စည်းများ၊ အသင့်စား အ စားအစာတွေ၊ အလွယ်ရနိုင်တဲ့ ကယ်လိုရီများတဲ့ မုန့်တွေ ကို ရှောင်ပါ။ ဒီလို အစားအစာတွေက ဗိုက်အောင့်တာကို ပိုဆိုးစေတာကြောင့် ရှောင်ပေးသင့်ပါ တယ်။ အဲ့ဒီအထဲမှာ ဟော်မုန်းဓာတ်ပါတာကြောင့် နို့ထွက်ပစ္စည်းတွေကို စားလိုက်၊ သောက်လိုက်ရင် အနာပေါ် ဆားပျက်သလို ခံစားနေရတဲ့ ဝေဒနာတွေ ပိုဆိုးလာနိုင်ပါတယ်။

BI1.jpg

ဆပ်ပြာ၊ အမျိုးသမီးသန့်စင်ဆေးရည်တွေနဲ့ ဆေးတာမျိုး မလုပ်ပါနဲ့

ဒီလိုအချိန်ဟာ အရမ်းထိလွယ်ခိုက်လွယ်ဖြစ်နေတာကြောင့် ဗက်တီရီးယားတွေ ကိုယ့်ဆီကို အလွယ်တကူ ဝင်လာလို့မရအောင် အတတ်နိုင်ဆုံး ကာကွယ်ပါ။ သားအိမ်လမ်းကြောင်းအပြင်နဲ့အတွင်းပိုင်းကို ဆပ်ပြာ၊ အမျိုးသမီး သန့်စင်ဆေးရည်တွေနဲ့ဆေးကြောတာမျိုးမလုပ်ပါနဲ့။

 စီးကရက်၊ ကော်ဖီလုံးဝမထိပါနဲ့

ဒီလိုအချိန်မှာ စီးကရက်သောက်တာ၊ ကော်ဖီသောက်တာတွေကို လုံးဝရှောင်ပါ။ ကော်ဖီဟာ သွေးကြောတွေကို ကန့်သတ်ပစ်လိုက်တာကြောင့် ဗိုက်အောင့်တာကို ပိုဆိုးစေပါတယ်။ ဆေးလိပ်သောက်ခြင်းကလည်း ရာသီလာချိန်မှာ ခံစားရတဲ့ နာကျင်မှုတွေကို ပိုဆိုးစေပါတယ်။

အမွှေးနုတ်တာ၊ ရင်သားစစ်ဆေးတာမလုပ်ပါနဲ့

အမွှေးနုတ်တာ၊ ရင်သားကို စစ်ဆေးတာမျိုးတွေ မလုပ်ပါနဲ့။ ဒီအချိန်မှာ အရေပြားဟာ ထိလွယ်ခိုက်လွယ် ဖြစ်နေတာကြောင့် နာကျင်မှုကို တခြားအချိန်တွေကထက် ပိုခံစားရလို့ ရှောင်ပါ။

အကာအကွယ်မပါပဲ လိင်ဆက်ဆံတာရှောင်ပါ

ကိုယ်ဝန်လိုချင်တာမဟုတ်ရင်တော့ ဒီအချိန်မှာ အကာအကွယ်မပါပဲ လိင်ဆက် ဆံတာမျိုး မလုပ်နဲ့။ အမျိုးသမီးတွေဟာ ရာသီလာနေချိန်မှာ လိင်ဆက်ဆံရင် ကလေးမရဘူးဆိုတဲ့ ရှေးရိုးအစွဲကို မေ့လိုက်ပါ။ အမျိုးသမီးရဲ့ သားအိမ်လမ်းကြောင်းဟာ အဲ့ဒီလိုအချိန်မှာ အနည်းငယ်ပွင့်နေပါတယ်။ ဒါ့အပြင် အဲ့ဒီအချိန်မှာ ဗိုင်းရပ်စ်၊ ရောဂါပိုး၊ အင်းစက်ပိုးကောင်ငယ်တွေဟာ သားအိမ်လမ်းကြောင်းထဲကို အလွယ်တကူ ဝင်နိုင်ပါတယ်။

BI.jpg

Read times Last modified on Friday, 15 July 2022 10:54
Rate this item
(0 votes)