What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 13 July 2018 10:23

ဘယ်အချိန်တွေမှာ နနွင်းကို အသုံးပြုခြင်းရှောင်ကြဉ်ရမလဲ

ဘယ်အချိန်တွေမှာ နနွင်းကို အသုံးပြုခြင်းရှောင်ကြဉ်ရမလဲ Google.com

အလှအပနဲ့ ကျန်းမာရေးအတွက် အသုံးတည့်လှတဲ့ သဘားဝပစ္စည်းတစ်မျိုးဖြစ်တဲ့ နနွင်းကို အသုံးပြုဖို့ မသင့်တော်တဲ့ အခြေအနေတွေလည်းရှိပါတယ်။

ဘယ်လိုအခြေအနေတွေမှာ နနွင်းကို ရှောင်ကြဉ်သင့်လဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ခွဲစိတ်ဖို့ အစီအစဉ်ရှိသူတွေအနေနဲ့ ခွဲစိတ်ဖို့ ၂ ပတ်လောက်အလိုကနေစပြီး နနွင်းဖြင့်ပြုလုပ်ထားသော ဆေးဝါးများအပြင် နနွင်းစားသုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ နနွင်းဟာ ခန္ဓာကိုယ်တွင် သွေးခဲမှုကို လျော့ကျစေတာကြောင့် ခွဲစိတ်နေစဉ်အတွင်း သွေးယိုစီမှုကို ဖြစ်စေနိုင်ပါတယ်။

(၂) ကျောက်ကပ်မှာ ကျောက်တည်နေသူတွေအနေနဲ့ နနွင်းကို အထူးပဲ ရှောင်ကြဉ်သင့်ပါတယ်။ နနွင်းမှာ ပါဝင်တဲ့ Oxalates လို့ခေါ်တဲ့ ဓာတုဒြပ်ပေါင်းတမျိုးဟာ ကျောက်ကပ်အတွင်း ကျောက်တည်ခြင်းကို ပိုမိုးဆိုးရွားစေနိုင်ပါတယ်။

(၃) ကိုယ်ဝန်ဆောင်တွေမှာ နနွင်းစားသုံးခြင်းဟာ ရာသီသွေးစက်ဝန်းကို အားပေးသလိုဖြစ်တာကြောင့် နနွင်းကို ရှောင်ကြဉ်သင့်ပါတယ်။ နနွင်းဟာ ရာသီစက်ဝန်းပုံမှန်မဟုတ်တဲ့ အခါမျိုးတွေမှာ သားအိမ်ကို ရာသီသွေးဆင်းစေဖို့ အားပေးရာရောက်တာကြောင့် ကိုယ်ဝန်ဆောင်တွေ အနေနဲ့ နနွင်းစားသုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

(၄) နနွင်းမှာ Uric Acid ပါဝင်တာကြောင့် အဆစ်အမြစ်ရောင်ရောဂါရှိသူတွေအနေနဲ့ မသင့်တော်ပါဘူး။ အထူးသဖြင့် ဂေါက်ရောဂါရှိသူတွေအနေနဲ့ နနွင်းစားသုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

(၅) ဆီးချိုရောဂါနဲ့ ပက်သက်တဲ့ ဆေးဝါးတွေ သောက်သုံးနေရသူတွေအနေနဲ့ နနွင်းစားသုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ နနွင်းဟာ သွေးတွင်းသကြားဓာတ်ကို လျော့နည်းစေပြီး မမျှမတ ဖြစ်စေတာကြောင့် ဆီူချိုသမားများအနေနဲ့ နနွင်းစားသုံးမှုကို ရှောင်ကြဉ်သင့်ပါတယ်။

source:irrawaddy

Read:ဒါတွေဖြစ်နေရင် အူအတက် ပေါက်တော့မယ်

ဒါတွေဖြစ်နေရင် အူအတက် ပေါက်တော့မယ်

Read times Last modified on Friday, 13 July 2018 11:00
Rate this item
(1 Vote)