What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 19 December 2017 11:39

ကလေးမြန်မြန်ရစေဖို့ အထောက်အပံ့တွေပေးနိုင်တဲ့ အစားအစာများ

ကလေးမြန်မြန်ရစေဖို့ အထောက်အပံ့တွေပေးနိုင်တဲ့ အစားအစာများ google.com

အချို့က သားသမီးရဖို့ လွယ်ကူကြပေမယ့် အချို့မှာတော့ နှစ်တွေအများကြီးကြာတာတောင် မရတတ်ကြပါဘူး။

ကိုယ်ဝန်ရဖို့ဆိုတာ သိပ်မလွယ်လှပါဘူး။ ဇနီးမောင်နှံ နှစ်ယောက်စလုံးရဲ့ သုတ်ပိုးနဲ့ မမျိုးဥတို့ ပေါင်းစပ်ပြီး သန္ဓေအောင်ဖို့ လိုပါတယ်။

ဒါ့ကြောင့် သန္ဓေအောင်စေဖို့အတွက် အထောက်အပံ့ပေးနိုင်တဲ့ အစားအသောက်တွေကို စားသုံးပေးဖို့ လိုပါတယ်။

၁. ရေခဲမုန့်

ရေခဲမုန့်စားသုံးခြင်းက ကိုယ်ဝန်ရစေဖို့အတွက် ဟော်မုန်းတွေကို အထောက်အပံ့တွေ ပေးနိုင်ပါတယ် ။

သို့သော် ရေခဲမုန့်ကို လတ်လတ်ဆတ်ဆတ် ခဲနေတုန်းမှာပဲ စားသင့်ပါတယ်။ အရည်ပျော်သွားတဲ့ ရေခဲမုန့်ကတော့ အောင်မြင်နိင်မှာ မဟုတ်ပါဘူး။

၂. ဖရုံစေ့

ဖရုံစေ့ဟာ ခန္ဓာကိုယ်ကို သံဓာတ်အားဖြည့်ပေးပြီး သန္ဓေတည်နိုင်အောင် အထောက်အပံ့ပေးပါတယ်။

နေ့လည်ခင်းတိုင်းမှာ ဖရုံစေ့ကို လှော်ပြီးဖြစ်စေ စားသုံးခြင်းက ကိုယ်ဝန်ရဖို့အတွက် အားကောင်းစေမှာပါ။

READ - ကလေးမွေးတော့မယ်ဆိုတာ ဘယ်လိုသိနိုင်လဲ

၃. သံလွင်ဆီ

သံလွင်ဆီဟာ အမျိုးသမီးများ သန္ဓေတည်နိုင်စေရန် အားအကောင်းဆုံးသော အစွမ်းသတ္တိတွေ ရှိပါတယ်။

သင်ဟာ ကိုယ်ဝန်ရဖို့ ကြိုးစားနေသူတစ်ယောက်ဆိုရင်တော့ သံလွင်ဆီကို ဟင်းချက်တဲ့အခါမှာဖြစ်စေ၊ အသုပ်သုပ်စားတဲ့ အခါမှာဖြစ်စေ ထည့်ပြီး အသုံးပြုပေးသင့်ပါတယ်။

၎. ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်း ဟာ အစိမ်းရင့်ရောင်ရှိပြီး သူ့မှာပါဝင်တဲ့ ဗီတာမင်ဘီက သင့်ကို ကိုယ်ဝန်ရစေဖို့အတွက် အားဖြည့်ပေးနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ စားသုံးရင်လည်း ကိုယ်ဝန်ပျက်ခြင်းကို တားဆီးပေးပြီး ရင်သွေးကိုလည်း ကျန်းမာစေပါတယ်။

၅. ပဲနှင့် အစေ့အဆံများ

ပရိုတိန်းဓါတ်တွေ ကြွယ်ဝစွာပါဝင်တဲ့ ပဲ နှင့် အစေ့အဆံတွေဟာ မျိုးအိမ်အားကောင်းစေဖို့ အကောင်းဆုံးသော စူပါအစားအစာတွေပဲ ဖြစ်ပါတယ်။ ၆လအတွင်း အကာအကွယ်မပါဘဲ ချစ်တင်းနှောရာတွင် ပဲနှင့် အစေ့အဆန် များများစားတဲ့ အမျိုးသမီးတွေက ပိုပြီး ကိုယ်ဝန်ရရှိမှု မြန်ဆန်တယ်လို့ ဆိုပါတယ်။

၆. ကြက်သား

ကြက်သားကလည်း စားသင့်တဲ့ အစားအစာတစ်ခုပါပဲ။ သို့သော်လည်း ကြော်ထားတာမျိုးကိုတော့ မစားသင့်ပါဘူး။ ချက်ပြီးဖြစ်စေ ၊ စွပ်ပြုတ်လုပ်ပြီးဖြစ်စေ ၊ ပေါင်းပြီးဖြစ်စေ စားသုံးပေးတာက ပိုပြီး အကျိုးထိရောက်မှု ရှိပါတယ်။

၇. ငှက်ပျောသီး

နေ့စဉ် ငှက်ပျောသီး တစ်နေ့တစ်လုံး ပုံမှန်စားတဲ့ အိမ်ထောင်သည်အမျိုးသမီးဟာ သူများထက်ပိုပြီး ကိုယ်ဝန်ရမှု စောနိုင်ပါတယ်။

ကိုယ်ဝန်ရဖို့ အထောက်အပံ့ ပေးရုံသာမ လိင်မှုဘဝမှာလည်း များစွာ အကျိုးသက်ရောက်မှုတွေ ရှိစေပါတယ်။

ငှက်ပျောသီးမှာ ပါဝင်တဲ့ ဗီတာမင် B6 က ကိုယ်ဝန်ရဖို့ လိုအပ်တဲ့ ဟော်မုန်းကို အထောက်အပံ့ ပေးပါတယ်။

၈. ဥများ

ဥမှာပါဝင်တဲ့ ဗီတာမင်Dဟာ သဘာဝအတိုင်း မျိုးအိမ်ကို အားကောင်းစေနိုင်စွမ်း ရှိပါတယ် ။

ကြက်ဥ (သို့) ဘဲဥ တစ်လုံးကို သင့်ရဲ့ မနက်စားတိုင်းမှာ ထည့်သွင်းစားသုံးမယ်ဆိုရင် သင်လိုချင်တဲ့ ဘေဘီလေးရဖို့ အထောက်အပံ့ကောင်း ဖြစ်နိုင်မှာပါ။

READ -ရိုးရိုးမွေးမယ့်မိခင်တွေ ဘာတွေကိုသိထားသင့်သလဲ

Source: tameelay

Read times Last modified on Tuesday, 19 December 2017 13:37
Rate this item
(1 Vote)