What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 26 March 2018 15:58

ခရမ်းလွန်ရောင်ခြည်သတိပေးနှိုးဆော်ချက်

ခရမ်းလွန်ရောင်ခြည်သတိပေးနှိုးဆော်ချက် google.com

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန က ယခုလ ၂၅ ရက်နေ့တွင် ခရမ်းလွန်ရောင်ခြည် အန္တရာယ် သတိပေးနှိုးဆော်ချက်ကို ထုတ်ပြန်လိုက်ပါတယ်။

ခရမ်းလွန်ရောင်ခြည် လတ်တလော ထိတွေ့မှုကြောင့် နေလောင်ခြင်း၊ အသားအရောင်ညိုမဲလာခြင်းတို့ ဖြစ်စေနိုင်ပြီး ထိတွေ့မှုကာလ ကြာသောအခါ မျက်စိတိမ်စွဲခြင်း၊ အရေပြားများ အရွယ်မတိုင်ခင် အိုမင်းရင့်ရော် ခြင်း၊ ခုခံအားစနစ်ကျဆင်းခြင်း၊ အရေပြားကင်ဆာဖြစ်ခြင်း စသည့်ဆိုးကျိုးများ ကို ဖြစ်ပေါ်စေနိုင်ပါသည်။

ထို့ကြောင့် သတိပြုကာကွယ်သင့်သည်များကို အောက်ပါအတိုင်းဖော်ပြပေးလိုက်ပါတယ်။

(၁) ခရမ်းလွန်ရောင်ခြည် မြင့်မားစွာ ကျရောက်နိုင်သည့် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်းတွင် နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခြင်းကို တတ်နိုင်သမျှရှောင်ကြဉ်ကြရန်၊

Related image

(၂) အပြင်ထွက်ရန် လိုအပ်ပါက မိမိအသားကို နေရောင်ခြည်နှင့် တိုက်ရိုက်မထိတွေ့စေရန် မျက်နှာ၊ လည်ပင်းနှင့် ပခုံးတို့ကို လုံခြုံသော ထီး၊ ဦးထုပ်စသည်တို့ကို ဆောင်းသွားပါ။

Image result for UV rays

 

(၃) အဝတ်လွတ်ကင်းနေသော လက်၊ လည်ပင်းနှင့် ပခုံးစသည့်နေရာများကို သနပ်ခါးထူထူ (သို့) SPF 15 + ပါဝင်သော နေရောင်ခံလိမ်းဆေးကို နေရောင်ခြည်ထိမထွက်မီ ၁၅မိနစ် ခန့်ကြိုလိမ်းပါ။ နေရောင်ခံလိမ်ဆေး တစ်ခါလိမ်းပြီး နှစ်နာရီကြာ ပြီးတိုင်း တစ်ခါထပ်၍ လိမ်းပါ။

Related image

(၄) ခရမ်းလွန်ရောင်ခြည်သည် မျက်စိကိုလည်း ထိခိုက်စေနိုင်သဖြင့် ခရမ်းလွန်ရောင်ခြည်ကို (၉၉ %) ကာကွုယ်ပေးနိုင်သည့် နေကာမျက်မှန်ကို တပ်ဆင်သင့်ပါတယ်။

(၅) ခရမ်းလွန်ရောင်ခြည် အလွယ်တကူမဖောက်နိုင်သော ချည်သားထူထူပွပွ အဝတ်အထည်များကို ဝတ်ဆင်ပါ။

(၆) ဆီးချိုရောဂါ၊ နှလုံးရောဂါရှိသူများ၊ အရက်အလွန်အကျွံ သောက်သုံးသူများ၊ ကလေးငယ်များ နှင့်သက်ကြီး ရွယ်အိုများသည် ခရမ်းလွန်ရောင်ခြည် အန္တရာယ်ပိုမိုခံစားရစေနိုင်သဖြင့် အထူးဂရုပြုဆင်ခြင်ရန် လိုအပ်ပါတယ်။

(၇) ကလေးငယ်များသည် လူကြီးများထက် ခရမ်းလွန်ရောင်ခြည် အန္တရာယ်၏ ဆိုးကျိုးများကို ပိုမိုထိခိုက်ခံစားရနိုင်သဖြင့် အထူးဂရုပြုကာကွယ်ရန် တိုက်တွန်းနှိုးဆော်အပ်ပါတယ်။

Source: ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန

Read :အာရုံကြောအားနည်းရခြင်း အကြောင်းရင်း (၇) ချက်

https://www.healthproducts.com.mm/articles/item/605-neuropathy-become-reason-7.html

အာရုံကြောအားနည်းရခြင်း အကြောင်းရင်း (၇) ချက်

Read times Last modified on Wednesday, 04 April 2018 17:40
Rate this item
(0 votes)