What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 20 September 2018 12:41

ကြက်ဥ နဲ့ နှစ်ပါးသွားနေရတဲ့ သူတွေအတွက် သတင်းကောင်း

“ကြက်ဥစားရင် ကယ်လိုရီတက်တယ်” လို့ ဆယ်စုနှစ်များစွာအယူအဆလွဲမှားခဲ့ကြပါတယ်။

တကယ်တော့ ကြက်ဥစားတာက အဲဒီလိုကျန်းမာရေးနဲ့မညီညွတ်တာမျိုးမရှိပါဘူး။ ပြီးတော့ ကြက်ဥနေ့တိုင်းစားရင် ကျန်းမာရေးနဲ့တောင် ညီညွတ်ပါသေးတယ်။

လေ့လာချက်တစ်ခုအရတစ်နေ့ကို ကြက်ဥတစ်လုံးပုံမှန်စားပေးရင် ကြက်ဥမစားတဲ့သူတွေထက် နှလုံးရောဂါဖြစ်နိုင်ချေနဲ့ လေဖြတ်နိုင်ချေ နည်းပါးတယ်လို့ သိရပါတယ်။

ဒီလေ့လာခွက်ကိုတရုတ်နိုင်ငံကလူအယောက် (၅) သိန်းလောက်နဲ့ စမ်းသပ်ကြည့်ပြီးအဖြေထုတ်ခဲ့တာဖြစ်ပါတယ်။ (၉) နှစ်အတွင်း ကြက်ဥစားတဲ့ပမာဏကိုတွက်ချက်ပြီးကောက်ချက်ချခဲ့ တာပါ။

ကြက်ဥနေ့တိုင်းစားတဲ့သူတွေမှာ နှလုံးရောဂါဖြစ်နိုင်ခြေ ၁၁% လျော့ပြီး နှလုံးရောဂါနဲ့သေဆုံးနိုင်ခြေ ၁၈% လျော့နည်းပါတယ်။ ပြီးတော့ အဝလွန်ရောဂါဖြစ်နိုင်ခြေကိုလည်းလျော့ချပေးပါ တယ်။

ကြက်ဥမှာပါတဲ့ ကိုလက်စထရောက ခန္ဓာကိုယ်မှာရှိသင့်တဲ့ ကျန်းမာရေး နဲ့ ညီညွတ်တဲ့ HDL ကိုလက်စထရောဖြစ်ပါတယ်။ HDL က သွေးကြောနံရံတွေကိုကောင်းမွန်စေတာကြောင့် နှလုံးနဲ့ သွေးလည်ပတ်မှုစနစ်ကိုဂျန်းမာစေပါတယ်။

ဒါပေမဲ့ ကြက်ဥကိုဆီတွေအများကြီးနဲ့ ကြော်စားတာမျိုး ဆိုရင်တော့ ဌာန်းမာရေးနဲ့ မညီညွတ်ပါဘူး။ ဆီနည်းနည်းလေးနဲ့ အိုးကပ်ကြော်စားတာမျိုး၊ ပြုတ်ပြီးစားတာမျိုးဆိုရင်တော့ အကောင်း ဆုံးပါပဲ။

ကဲ ကြက်ဥမကြိုက်တဲ့သူတွေကို mention ခေါ်ပြီး ကြက်ဥရဲ့ကောင်းကျိုးတွေကို သက်သေပြ လိုက်ပါဦး။

source:gandawin.net

Read:အရက်သောက်ခြင်းဟာ အသည်းကို ဘယ်လိုပျက်စီးစေတာလဲ ?

အရက်သောက်ခြင်းဟာ အသည်းကို ဘယ်လိုပျက်စီးစေတာလဲ ?

Read times
Rate this item
(2 votes)