What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 18 August 2017 14:54

သည်းခြေအိတ်ရောင်ရမ်းခြင်း၏ ရောဂါလက္ခဏာများ

သည်းခြေအိတ်ရောင်ရမ်းခြင်း၏ ရောဂါလက္ခဏာများ 7 day daily

သည်းခြေအိတ်သည် သစ်တော်သီးပုံသဏ္ဌာန်ရှိပြီး ဝမ်းဗိုက်ပိုင်း၏ ညာဘက်တွင် တည်ရှိသော အစာချေဖျက်မှုစနစ်အင်္ဂါတစ်ခုဖြစ် သည်။

အကယ်၍ သည်းခြေအိတ်မှ သည်းခြေရည်များကို အသည်းသို့ ပို့လွှတ်ရာလမ်းကြောင်း၌ ကျောက်တည်နေခြင်း ကြောင့် လမ်း ကြောင်းပိတ်ဆို့သွားပါက သည်းခြေရည်များ နောက်ပြန်စီးပြီး သည်း ခြေအိတ်ရောင်ရမ်း လာတတ်သည်။

သည်းခြေအိတ်ရောင်ရမ်းမှု ကြောင့် အရွယ်ကြီးမားလာကာ နီမြန်းလာပြီး သည်းခြေအိတ်အတွင်း အရည်များ စုဝေးတည်ရှိနေခြင်းကြောင့် ဒုတိယမြောက် ရောဂါကူးစက်မှုနှင့်ကြုံတွေ့နိုင်သည်။

သည်းခြေအိတ်ရောင်ရမ်းမှုအားလုံး၏ ၉၀ ရာခိုင်နှုန်းခန့်သည်  သည်းခြေအိတ်ကျောက်တည်ခြင်း ကြောင့်ဖြစ်သည်။

သည်းခြေအိတ်ရောင်ရမ်းနိုင်သည့်အန္တရာယ်မှာ အသက်အရွယ်ကို လိုက်၍ ပိုများလာလေ့ရှိသည်။

READ - အဆစ်ရောင်၊ ကင်ဆာ၊ သည်းခြေအိတ် ရောဂါတွေကို ကုသပေးမယ့် သစ်ကြမ်းပိုးခေါက်နဲ့ ပျားရည်

သည်းခြေအိတ်ရောင်ရမ်းခြင်း၏ ရောဂါလက္ခဏာများစွာရှိ သော်လည်း ကြုံတွေ့ရမှုများသော ရောဂါလက္ခဏာမှာ ညာဘက်ပခုံးအထိရောက်သော ဝမ်းဗိုက်ပိုင်း ညာဘက်အပေါ်ပိုင်း နာကျင်မှုဖြစ်သည်။

အခြားရောဂါလက္ခဏာများမှာ ညာဘက်ပခုံးနားတစ်ဝိုက် နာ ကျင်ခြင်းဖြစ်သည်။

အစာစားပြီးနောက် မကြာမီ ယင်းနေရာတွင် နာကျင်မှုခံစားရ တတ်သည်။

အူသိမ်အူမွှားများသို့ သည်းခြေရည်ပို့လွှတ်မှု တားဆီးပိတ်ဆို့ ခံရခြင်းကြောင့် အစာချေဖျက်မှုအတွက် အဆီများကို မချေဖျက်နိုင် ဖြစ်ကာ အစာစားချင်စိတ်မရှိခြင်းနှင့် မူးမော်အော့အန်ခြင်းတို့ ကြုံ တွေ့ရ တတ်သည်။

သည်းခြေအိတ်ရောင်ရမ်းသူများ၏ထက်ဝက်ခန့်သည် အပူချိန်၁၀၀ ဒီဂရီဖာရင်ဟိုက်အထိ အဖျားတက်လေ့ ရှိသည်။

အချိန်ကြာလာသည်နှင့်အမျှ ညာဘက်ကိုယ်တစ်ခြမ်း ပို၍ နာ ကျင်လာလေ့ရှိပြီး အထူးသဖြင့် အသက်ရှူချိန်နှင့် လှုပ်လှုပ်ရှားရှား ပြုလုပ်ချိန်တို့တွင် နာကျင်မှုကို ခံစားရတတ်သည်။

သို့သော် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများတွင် သည်းခြေအိတ်ရောင်ရမ်းမှု ရောဂါလက္ခဏာများမှာ မထင်မရှားဖြစ်နေလေ့ရှိသည်။

သည်းခြေအိတ်ရောင်ရမ်းသူအချို့တွင် သည်းခြေအိတ်ပေါက် တတ်ပြီး အသက်အန္တရာယ်ရှိသော ရောဂါကူးစက်မှုနှင့် ကြုံတွေ့နိုင်သည်။

READ - အသည်းကြီးခြင်းနှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

Source: 7 day daily

Read times
Rate this item
(1 Vote)