What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 11 October 2022 15:31

သံလွင်ဆီမှ ရရှိနိုင်မယ့် အကျိုးကျေးဇူး (၇) ချက်

၁. အရေပြားယားယံခြင်းကို သက်သာစေတယ်။

ခြောက်သွေ့ပြီး ယားယံတဲ့အရေပြားအတွက် သံလွင်ဆီက ကူညီပေးနိုင်ပါတယ်။ ရေချိုးချိုးပြီးချင်း သံလွင်ဆီကို လိမ်းပေးထားခြင်းဖြင့် အရေပြားယားယံခြင်းကို သက်သာစေမှာပါ။

 

၂. ဆံပင် ခြောက်သွေ့ခြင်းကို လျှော့ချပေးနိုင်တယ်။

သံလွင်ဆီက ဆံသားခြောက်သွေ့မှုတွေကို လျှော့ချပေးနိုင်ပြီး ဆံပင်ကို ပိုမိုကြည့်ကောင်းစေမှာဖြစ်ပါတယ်။ ခေါင်း မလျှော်ခင်မှာ တခေါင်းလုံးကို သံလွင်ဆီရွှဲနေအောင်လိမ်းပြီး နာရီဝက်ခန့် လိမ်းထားလိုက်ပါ။ ပိုမိုထိရောက်မှုရှိစေရန် သံလွင်ဆီကို အပူပေးပြီးမှ လိမ်းကျံပါ။

 

၃. ဦးရေပြားဗောက်ထခြင်းကို သက်သာစေတယ်။

ဦးရေပြားယားယံခြင်း၊ ဗောက်ထခြင်း၊ ခြောက်သွေ့ခြင်းတို့အတွက် သံလွင်ဆီက အလွန်ထိရောက်တဲ့ နည်းလမ်းဖြစ်ပါတယ်။ ညအိပ်ရာဝင်ချိန်တွင် သံလွင်ဆီကို တစ်ခေါင်းလုံးရွှဲနေအောင်လိမ်းပြီး နောက်နေ့ မနက်မှာ လျှော်နေကျ ခေါင်းလျှော်ရည်ဖြင့် လျှော်ပေးခြင်းဖြင့် ဗောက်ကင်းတဲ့ ဆံကေသာကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

 

၄. အရေးအကြောင်းတွေကို လျှော့ချပေးနိုင်တယ်။

သံလွင်ဆီမှာ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိတွေရှိတာကြောင့် သံလွင်ဆီကို အနည်းဆုံးတပတ်မှာ ၂ ကြိမ်လိမ်းပေးခြင်းဖြင့် နူးညံ့ချောမွေ့တဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

 

၅. နှုတ်ခမ်းကြေးချွတ်ပစ္စည်းအဖြစ်လည်း အသုံးဝင်ပါတယ်။

Matte အမျိုးအစားနှုတ်ခမ်းနီတွေ အဆိုးများတဲ့အခါမှာ နှုတ်ခမ်းခြောက်သွေ့ကွဲအက်ခြင်းကို ပိုမိုခံစားရနိုင်ပါတယ်။ သံလွင်ဆီနှင့်သကြားကို ရောစပ်ပြီး နှုတ်ခမ်းမှာ သုတ်လိမ်းပေးထားလိုက်ပါ။ နှုတ်ခမ်းမှာရှိတဲ့ ဆဲလ်အသေကွာကျပြီး နူးညံ့စိုပြေတဲ့ နှုတ်ခမ်းတစ်စုံကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

 

၆. လက်သည်း၊ ခြေသည်း အလှအတွက် ပြုလုပ်နိုင်ပါတယ်။

တစ်ပတ်လျှင်တစ်ကြိမ် ခြေသည်း၊ လက်သည်းတွေကို သံလွင်ဆီနွေးနွေးထဲမှာ ၅ မိနစ်ခန့် စိမ်ထားပါ။ ခြေသည်း၊ လက်သည်းကို အာဟာရဓာတ်ဖြည့်ပေးနိုင်ပြီး လက်အရေပြားကို အထူးနူးညံ့စေပါတယ်။

 

၇. ခြောက်သွေ့တဲ့အရေပြားအတွက် မျက်နှာပေါင်းတင်လွှာအဖြစ် အသုံးပြုနိုင်ပါတယ်။

လက်ဖက်စားဇွန်းနှင့် ပျားရည်တစ်ဇွန်း၊ သံလွင်ဆီတစ်ဇွန်းကိုယူပြီး ကြက်ဥအနှစ်နှင့်ရောမွှေပါ။ မျက်နှာပေါ်မှာ ၁၅ မိနစ်ခန့်သုတ်လိမ်းပြီး အကြာမှာ ရေနွေးနွေးဖြင့် ဆေးချပါ။

 

#Myanmar Health Products Guide

Read times
Rate this item
(0 votes)