What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 01 October 2018 14:22

ကျန်းမာဝင့်ထည် လှသွေးကြွယ် အမည်ဖြင့် ပထမဦးဆုံး အကြိမ်မြောက် ကျန်းမာရေးနှင့် အလှအပဆိုင်ရာ ပြပွဲကြီးကို ဆီဒိုးနားဟိုတယ်ရန်ကုန်တွင် ကျင်းပပြုလုပ်

ရန်ကုန်၊ မြန်မာ (၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့)

- ဆီဒိုးနားဟိုတယ်ရန်ကုန်နှင့် Mingalar Bar Spa တို့ ပူးပေါင်းပြီး “ကျန်းမာဝင့်ထည် လှသွေးကြွယ်” အမည်ဖြင့် ပထမဆုံးအကြိမ်မြောက် ကျန်းမာရေးနှင့် အလှအပဆိုင်ရာ ပြပွဲကြီးကို ယနေ့ စတင်ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်သူပေါင်း ထောင်ပေါင်းများစွာ ရှိခဲ့သည်။ အဆိုပါ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ ပြပွဲကြီးကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နှင့် ၃၀ ရက်နေ့ နှစ်ရက်လုံးတွင် နံနက် ၁၀ နာရီမှ ညနေ ၆ နာရီအထိ ဆီဒိုးနားဟိုတယ်ရန်ကုန်၏ Grand Ballroom ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး တက်ရောက်လာကြသူများမှာ မိမိတို့၏ အသားအရေ အမျိုးအစားအကြောင်းကို ကျွမ်းကျင်သူများထံမှ ပိုမို လေ့လာနိုင်ပြီး သုံးစွဲရန် သင့်တော်သည့် ထုတ်ကုန်ပစ္စည်းများ၊ ကျန်းမာစွာ နေထိုင်နိုင်ရေး ဗဟုသုတများကိုလည်း သိရှိနိုင်မည် ဖြစ်သောကြောင့် တစ်နေရာတည်းတွင် အလှအပအတွက် လိုအပ်သည်များ အားလုံး ရရှိနိုင်မည် ဖြစ်သည်။

aa.JPG gf.JPG

အမျိုးသား၊ အမျိုးသမီးမရွေး ကျန်းမာလှပ စမတ်ကျစေရန် ကြိုးပမ်းလိုသည့်ဆန္ဒ ပိုမို မြင့်မားလာသည်နှင့်အမျှ မြန်မာနိုင်ငံတွင် လှပကျော့ရှင်းစွာ နေထိုင်နိုင်ရန် ပံ့ပိုးပေးသည့် လုပ်ငန်းများမှာလည်း အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် နိုင်ငံရှိလူအများမှာ ကျန်းမာကြံ့ခိုင်စေရန်နှင့် နောက်ဆုံးပေါ် အလှအပ ရေစီးကြောင်းတို့အပေါ် လျင်မြန်စွာပင် စီးမျောလိုက်ပါနေကြပြီ ဖြစ်သည်။ မြန်မာနိုင်ငံတွင် တစ်နှစ် တာအတွင်း ကျင်းပလျက်ရှိသော ကုန်စည်ပြပွဲနှင့် အခမ်းအနားများတွင် အလှအပ၊ ကျန်းမာရေး၊ ပျော်ရွှင် ချမ်းမြေ့စွာ နေထိုင်ရေး စသည်ဖြင့် အကြောင်းအရာ အစုံအလင်ကို ဝေမျှပေးနိုင်သော အခမ်းအနား ပုံစံမျိုး လစ်လပ်နေခြင်းကို ဖြည့်ဆည်းပေးလိုသောကြောင့် ဆီဒိုးနားဟိုတယ်ရန်ကုန်မှ ယခုကဲ့သို့ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ ပြပွဲကြီးကို ကျင်းပပြုလုပ်ရခြင်း ဖြစ်ပါသည်။

Beauty_and_Wellness_Fair_2018_-_Event_Partner_Booth_2_Credit_to_Sedona_Hotel_Yangon.JPG.JPG  

ကြိုတင်စာရင်းပေးသွင်းရန် မလိုအပ်ဘဲ ဝင်ကြေးအခမဲ့ဖြင့် တက်ရောက်နိုင်သောပြပွဲကြီးတွင် ဝင်ရောက်ပြသသည့် ကုမ္ပဏီပေါင်း များစွာမှ နာမည်ကျော် အလှအပနှင့် အသားအရေ ထိန်းသိမ်းမှုဆိုင်ရာ ကုန်ပစ္စည်းများ၊ ဆံပင်နှင့် မိတ်ကပ် အလှပြုပြင်ရေး သင်တန်းများ၊ အလှပြုပြင်ရေး ပစ္စည်းများ၊ ကျန်းမာရေးနှင့် ကိုယ်ကာယ ကြံ့ခိုင်ရေး ပစ္စည်းများ ပြသခြင်းတို့ အပါအဝင် အလှအပရေးရာ ကျွမ်းကျင်ဆရာဝန်များမှ အသားအရေ စမ်းသပ်ပေးခြင်း တို့ကိုလည်း အခမဲ့ ပြုလုပ်ပေးခဲ့ပါသည်။

ပြပွဲ အစီအစဉ်များတွင် ဖက်ရှင်နှင့် မော်ဒယ်လ်ရှိုး၊ အလှကုန်နှင့် spa မိတ်ဆက်ရှိုးများစွာကို ထည့်သွင်း ကျင်းပခဲ့သည်။ Miss Golden Land Myanmar 2018 ဆုရှင် ရွှေအိမ်စည် အပါအဝင် နာမည်ကျော် ပြည်သူချစ် အနုပညာရှင်များနှင့် မော်ဒယ်များမှ အဆိုပါ ရှိုးပွဲများတွင် ပါဝင်အားဖြည့်ပေးခဲ့ကြပြီး တက်ရောက်လာသူများ အတွက် Zumba အက၊ တေးဂီတနှင့် ဖျော်ဖြေရေး အစီအစဉ်များကိုလည်း တင်ဆက်ပေးခဲ့သည်။

“အခု ဈေးကွက်မှာ အလှကုန်ပစ္စည်းတွေအပေါ် စိတ်ဝင်စားမှု အလွန်များပြားလာပြီး ကျန်းမာပျော်ရွှင်တဲ့ လူနေမှု ဘဝရဲ့ ကောင်းကျိုးတွေကို အရင်ကထက် သတိထားမိလာကြတဲ့အတွက် အလှအပဆိုင်ရာ အသိပညာ ဗဟုသုတတွေရော၊ လိုအပ်တာတွေ ဝယ်ယူနိုင်မယ့် အခွင့်အရေးရော တစ်နေရာတည်းမှာ ရနိုင်အောင် ကျွန်မတို့ ဆီဒိုးနားဟိုတယ်ရန်ကုန် ကနေ အခုလို ကျန်းမာရေးနှင့် အလှအပဆိုင်ရာ ပြပွဲကြီးကို ပထဆုံးအကြိမ် ကျင်းပပြုလုပ်ရတာ ဖြစ်ပါတယ်။ ဒီနေ့ ပထမရက်မှာတင် အလှအပ၊ ကျန်းမာရေးနဲ့ ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်ရေးဆိုင်ရာ အခွင့်အလမ်းသစ်တွေကို အခုလို လူအများကြီး လာရောက်လေ့လာကြည့်ရှု့ပြီး အားပေးခဲ့ ကြတာကလည်း ကျွန်မတို့ အတွက် အားတက်စရာပါပဲ။ ဒီပွဲကြီး ဖြစ်မြောက်ရေးအတွက် ပူးပေါင်းပါဝင်ခဲ့ကြတဲ့ ကုမ္ပဏီတွေ အားလုံးကိုလည်း အခုလို ကူညီပံ့ပိုးပေးခဲ့တဲ့အတွက် ကျေးဇူးအထူးတင်ရှိကြောင်း ပြောကြားလိုပါတယ်” ဟု ဆီဒိုးနားဟိုတယ်ရန်ကုန်၏ Director of Events and Catering ဖြစ်သူ မလှဝတ်ရည်က ပြောသည်။
“ကျန်းမာဝင့်ထည် လှသွေးကြွယ် - ၂၀၁၈ ခုနှစ် ကျန်းမာရေးနှင့် အလှအပဆိုင်ရာ ပြပွဲကြီး” တွင် ပါဝင်ပြသခဲ့ကြသည့် မိတ်ဖက်ကုမ္ပဏီများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

·Platinum Partner: Mingalar Bar Spa

·Silver Partners: Real Fitness Signature, Cosmos Beauty Shop, Infinity Fitness, La Source Spa, Beauty Box Aesthetic Clinic and Eyebrow Tattoo Studio, Stella Collections, Ge-melli, Celebrity Cosmetic, Generik Paris Myanmar, Molly Cosmetics, Miccosmo

·Product Event Partners: Bella, CANMAKE, L’oreal Paris, EUSHIDO & INSIN, Ribena, Talents and Models Agency, Forever Fashion Shop, MK Advertising, Audio Engineering Enterprise., Co Ltd, Europe & Asia Commercial Company Limited, Myint Tun Oo Gems & Jewellery, and Forever One Stop Wedding Service & Planning

·Fashion and Hair & Makeup Partners: ခင်စန်းဝင်း၊ ပေါက်ပေါက် နှင့် EMKIE
ကျန်းမာရေး နှင့် အလှအပဆိုင်ရာ ပြပွဲကြီးသို့ လာရောက် လေ့လာကြည့်ရှု့သူများအတွက် အမှတ်တရ လက်ဆောင်ပစ္စည်းများ၊ အထူးလျှော့ဈေး လက်မှတ်များ အပါအဝင် ဆုလက်ဆောင်များ ရယူပိုင်ဆိုင်နိုင်မည့် ကံစမ်းမဲ အစီအစဉ်တစ်ခုကိုလည်း ကျင်းပပြုလုပ်ခဲ့ပါသည်။

Sedona Hotel Yangon နှင့် ပက်သတ်ပြီး ပိုမိုသိရှိလိုပါက www.sedonahotels.com.sg/yangon သို့မဟုတ် www.facebook.com/sedonayangon တို့တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

Read:အသည်း ကြီး လျှင် ဖရဲသီး စားပါ

အသည်း ကြီး လျှင် ဖရဲသီး စားပါ

Read times
Rate this item
(0 votes)