What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 14 October 2022 16:02

ရာသီဥတု အရမ်းပူရင် ဘာတွေ စားကြမလဲ?

ဒီရက်ပိုင်း ရာသီဥတု က အရမ်းပူလွန်းလို့ ချွေးအရမ်းထွက်ပြီး အခန့်မသင့်ရင် မူးမဲ့လဲတာတွေလည်း ဖြစ်လာပါတယ်။

 

တော်တော်များများ သိထားတာတော့ အရည်ရွှမ်းတဲ့ အသီးများဖြစ်ကြသော ဖရဲသီး၊ သင်္ဘောသီး၊ နာနတ်သီး၊ ပန်းသီး တွေ စားပေးလို့ရပါတယ်။

 

အခုနောက်ပိုင်း ဈေးကွက်အတွင်း ရောက်လာတဲ့ sport drink တွေ၊ ရေဓာတ်ဖြည့်အချိုရေ တွေလည်း သောက်လာပါတယ်။ အဲ့ဒါတွေ သောက်ရင် တစ်ခု သတိထားရမှာက သွေးတိုးရောဂါရှိတဲ့သူတွေ ကတော့ သတိထားပြီး သောက်ပါ။

 

အရွက်တွေမှာ ချွေးထွက်လို့ ဆုံရှုံးသွားတဲ့ သတ္တုဓာတ်တွေကို ပြန်လည်ဖြည့်တင်း ပေးဖို့အတွက် ဗီတာမင် သတ္တုဓါတ်များစွာပါပါတယ်။

 

အခုတလော တော်တော်များများကလည်း မာလာပာင်း တွေ Salad တွေ တော်တော် များများ စားလာကြတော့ အရွက်စားဖို့ အထူးပြောစရာ မလိုတော့ပါဘူး။

 

တစ်ခုရှိတာကတော့ အရမ်းချွေးထွက် ပြီးနောက်ပိုင်း စားရင်တော့ အစပ်တော့ လျှော့စားပေးဖို့လိုပါတယ်။

 

ရာသီဥတုက အရမ်းပူလွန်းတဲ့အတွက် အသီးအရွက်များများ စားပေးပါ။

Read times
Rate this item
(0 votes)