What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 01 November 2022 15:36

ချွေးမှတစ်ဆင့် ကူးစက်နိုင်သော ရောဂါများကို သိထားရန်လိုအပ်

ချွေးမှတစ်ဆင့် ကူးစက်နိုင်သော ရောဂါများကို သိထားရန်လိုအပ် Google.com

အားကစားခန်းမများ၊ ကစားကွင်းများ (သို့မဟုတ်) အများပြည်သူပို့ ဆောင်ရေးစနစ်များတွင် အခြားလူများ၏ ခန္ဓာကိုယ်မှ ထွက်သော ချွေးနှင့်ထိတွေ့မှုကြောင့် ရောဂါကူးစက်နိုင်သည်။ ချွေးမှတစ်ဆင့် ကူးစက်နိုင်သော ရောဂါများရှိပြီး ရောဂါရှိသူ၏ ချွေးနှင့်ထိတွေ့မှုမှတစ်ဆင့် ကူးစက်နိုင်သည်။

 

Methicillin-Resistant Staphylococcus aureus (MRSA) ဟုခေါ်သော ရောဂါပိုးသည် ခန္ဓာကိုယ်၏မတူညီသော အစိတ်အပိုင်း များတွင် ကုသရခက်ခဲသော ရောဂါများဖြစ်စေနိုင်သည့် စူပါပိုးမွှား တစ်မျိုးဖြစ်သည်။ ယင်းရောဂါပိုးသည် ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲနေ သော ပဋိဇီဝဆေးများကို ခုခံနိုင်သည်။ ယင်းရောဂါပိုးကြောင့် အရေပြားနာကျင်ခြင်းဖြစ်နိုင်ပြီး သွေးကြောများ၊ အဆုတ်နှင့်ဆီးလမ်း ကြောင်းတို့တွင် ရောဂါများဖြစ်နိုင်သည်။ ယင်းရောဂါပိုးသည် လူချင်းထိတွေ့မှုမှတစ်ဆင့် အလွယ်တကူ ကူးစက်နိုင်သည်။

 

အသည်းရောဂါဘီဗိုင်းရပ်စ်သည် ကွဲရှဒဏ်ရာများနှင့် ခန္ဓာ ကိုယ်တွင်း အမြှေးပါးမှတစ်ဆင့် ကူးစက်နိုင်သည်ဟု ယေဘုယျအားဖြင့် မှတ်ယူထားသော်လည်း ချွေးမှတစ်ဆင့်လည်း ကူးစက် နိုင်ကြောင်း လေ့လာမှုများက ဖော်ပြသည်။ ချွေးတွင် ယင်းဗိုင်းရပ်စ်များမပါဝင်သော်လည်း နှာခေါင်းပွတ် ခြင်း၊ နှာချေခြင်း(သို့မဟုတ်)အသက်ရှူခြင်းတို့မှ တစ်ဆင့် အရေပြားပေါ်သို့ ရောက်လာနိုင်သည်။

 

အကယ်၍ ချွေးတွင် ရောဂါပိုးပါဝင်နေ ပါက ထိမိသူ မည်သူမဆို အလွယ်တကူရောဂါကူးစက်နိုင်သည်။ Impetigo ဟုခေါ်သော အရေပြားရောဂါသည် ကူးစက်မှုနှုန်း မြင့်မားပြီး ခန္ဓာကိုယ်ချင်း ထိတွေ့မှုမှ တစ်ဆင့် ကူးစက်နိုင်သည်။ ယင်းရောဂါသည် ကလေးငယ်များကြား အဖြစ်များသော ရောဂါဖြစ်သည်။ ရေယုန်သည် ချွေးမှတစ်ဆင့် ကူးစက်နိုင်သည်ဟုလေ့လာမှုအချို့က ဖော်ပြသည်။

 

သို့သော် အသည်းရောဂါ အေ၊ စီနှင့် အေအိုင်ဒီအက်စ်ရောဂါ တို့သည် ချွေး၊ အစားအစာ၊ နှာချေခြင်း၊ ချောင်းဆိုးခြင်းတို့ ကဲ့သို့ ထိတွေ့မှုမှ တစ်ဆင့် မကူးစက်နိုင်သော ရောဂါများဖြစ်သည်။

Read times
Rate this item
(0 votes)