What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 31 August 2022 15:20

Aspirin (အက်စပရင်) ဆေးဟာ နှလုံးရောဂါကို ဖြစ် စေနိုင်သလား

Aspirin (အက်စပရင်) ဆေးဟာ နှလုံးရောဂါကို ဖြစ် စေနိုင်သလား MDN

ကျန်းမာတဲ့လူတွေဟာ အက်စပရင်ဆေးကို သောက်သုံးခဲ့ရင် နှလုံးရောဂါဖြစ်စေနိုင်မလား ဆိုတာက အငြင်းပွားဖွယ်တော့ ဖြစ်နေပါတယ်။ ထုတ်ပြန်လိုက်တဲ့ အညွှန်းကိန်းတွေအရ အကျိုးကျေးဇူးနဲ့အတူ အန္တရာယ်ဖြစ်စေနိုင်တဲ့ အခြေအနေမျိုးကို တွေ့ရတယ်လို့ ဆိုပါတယ်။

 

အက်စပရင်ဟာ သွေးကို ကျဲစေပြီး သွေးခဲခြင်းကို ကာကွယ်ပေးနိုင်ပေမယ့် နှလုံးရောဂါ သို့မဟုတ် လေဖြန်းခြင်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အက်စပရင်ဟာ ဦးနှောက်၊ အစာအိမ်နဲ့ အူလမ်းကြောင်းတွင်း သွေးယိုဆီးမှုကိုလည်း ဖြစ်စေနနိုင်ကြောင်း ပြောပါတယ်။

My_yangon1.jpg

အသက် ၆၂ နှစ်အရွယ် လူပေါင်း ၁၆၄၀ဝ၀ ကျော်ကို သုတေသနပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ အက်စပရင် ဆေးမသောက်တဲ့သူတွေမှာ လေဖြန်းခြင်း၊ နှလုံးရောဂါနှင့် နှလုံးသွေးကြောနဲ့ပတ်သတ်သော ရောဂါတွေမှာ ဖြစ်ပွားနှုန်း နည်းပါးကြောင်းတွေ့ရတယ်။

 

နှလုံးရောဂါမရှိတဲ့လူ ၁၀ဝ၀ဝ ဟာ အက်စပရင်ကို တစ်နှစ်တိတိ သောက်ပြီးနောက် အဲဒီထဲက ၆၁ ယောက်ဟာ နှလုံးရောဂါ သို့မဟုတ် လေဖြန်းခြင်းဖြစ်နိုင်ကြောင်း The Open University မှ ပါမောက္ခ ကယ်လဘင် မက်ကွန်ဝေးက ပြောပါတယ်။

 

WHO ရဲ႕ မှတ်တမ်းတွေအရ ကမ္ဘာတဝန်းမှာ နှစ်စဉ် လူ ၁၇.၉ သန်းဟာ နှလုံးရောဂါကြောင့် သေဆုံးကြောင်း သိရပါတယ်။

 

MDN

#Myanmar Health Products Guide

My_yangon.jpg

Read times
Rate this item
(0 votes)