What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 25 October 2022 13:48

အဆုတ်ကို သန့်စင်ပေးနိုင်တဲ့ အစားအစာ (၅) မျိုး

ပတ်ဝန်းကျင် လေထုညစ်ညမ်းမှုက အဆုတ်ကျန်းမာရေးကို ထိခိုက်စေပါတယ်။ အဆုတ်ကျန်းမာရေးဆိုတာ ဆေးလိပ်သောက်သူ များသာ ဂရုစိုက်ရမှာမဟုတ်ပါဘူး၊ မကြာခဏ ချောင်းဆိုးတတ်နေရင် သင့်မှာ အဆုတ်ရောဂါ ရှိနေနိုင်ပါတယ်။အဆုတ်ကို သန့်စင်ပေးမယ့် အစားအစာ (၅) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

 

၁. ငရုတ်သီး

နေ့စဉ် သင်စားနေတဲ့ အစားအသောက်ထဲမှာ ငရုတ်သီးကို ထည့်စားပေးပါ။ ငရုတ်သီးမှာ ပါဝင်တဲ့ ဓာတ်တစ်မျိုးက အဆုတ်မှာ ကပ်ငြိနေတတ်တဲ့ မကောင်းသော အချွဲအကျိတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ထို့အပြင် ငရုတ်သီးမှာ Carotene နှင့် Vitamin C ကြွယ်ဝစွာ ပါဝင်တဲ့အတွက် အဆုတ်ကို ကျန်းမာစေပြီး ရောဂါပိုးတွေ မဝင်နိုင်အောင်လည်း တားဆီးပေးပါတယ်။ အစာအိမ်ရှိသူများအနေဖြင့်တော့ ငရုတ်သီး မစားသင့်ပါဘူး။

 

၂. ဂျင်း

ဂျင်းက ကျန်းမာရေးပြဿနာတွေအတွက် တော်တေ်ာများများမှာ အသုံးဝင်ပါတယ်။ ဂျင်းသည် အဆုတ်မှာတွယ်ကပ်နေတတ်တဲ့ အချွဲအကျိတွေကို ဖယ်ရှားပေးနိုင်ပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ကြွက်သားတွေကိုလည်း ကျန်းမာစေပါတယ်။

 

၃. ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်းဟာ အဆုတ်ရဲ့ လုပ်ဆောင်ချက်တွေကို ကောင်းမွန်စေပြီး လူအများစုမှာ မကြာခဏဖြစ်တတ်တဲ့ အဆုတ်နဲ့ပတ်သတ်တဲ့ ရောဂါပိုး ကူးစက်ခြင်းတို့ကိုလည်း လျော့နည်းစေပါတယ်။

 

၄. ကြက်သွန်ဖြူ၊ ကြက်သွန်နီ

ကြက်သွန်ကလည်း အဆုတ်ကို သန့်စင်ပေးနိုင်တဲ့ အစွမ်းအာနိသင်ရှိပါတယ်။ အသက်ရှူလမ်းကြောင်းမှာ ရှိနေတတ်တဲ့ ချွဲသလိပ် ၊ အညစ်အကြေးတွေကိုလည်း ဖယ်ထုတ်ပေးနိုင်ပြီး အဆုတ်ကိုလည်း ကျန်းမာသွက်လက်စေပါတယ်။

 

၅. သလဲသီး

ဓာတ်တိုးဆန့်ကျင်မှုတွေ ကြွယ်ဝသော သလဲသီးဟာ အဆုတ်အတွက် အထူးကောင်းမွန်ပြီး ကင်ဆာဆဲလ်တွေကိုလည်း တိုက်ထုတ်ပေးနိုင်ပါတယ်။ သွေးလည်ပတ်မှုလည်း ကောင်းမွန်စေပြီး အဆိပ်အတောက်များ ဖယ်ရှားမှုကိုလည်း ကူညီပေးပါတယ်။

Read times
Rate this item
(0 votes)