What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 31 October 2020 20:36

သရက်ရွက် အရည်ကြိုသောက်လိုက်တဲ့ အခါ...

ကျနော်တို့ မြန်မာနိုင်ငံမှာ သရက်သီးကို စားကြသော်လည်း သရက်ရွက်ကို လျစ်လျူပြုထားကြတယ်။

 

တစ်ချို့တွေ သရက်ရွက် အနုတွေကို ငပိရည် တို့စရာအဖြစ် စားသုံးကြတာကိုလည်း တွေ့ရပါတယ်။ ဒါပေမယ့် ကျနော်တို့ မထင်မှတ်ထားတဲ့ အတိုင်း တစ်ခုဖြစ်လို့လာခဲ့ပါပြီး။ ဒါကတော့ သရက်ရွက် ပြုတ်ရည်ဖြစ်ပါတယ်။

 

သရက်ရွက်က အာဟာရဓာတ် ပြည့်ဝတယ်။ ဆေးဘက်ဝင်တယ်။ ဒါကြောင့်လည်း ရှေးအခါက အာယုဒိယနှင့် တရုတ်တိုင်းရင်းဆေးပညာတို့တွင် သရက်ရွက် ပြုတ်ရည်ကို အာနိသင်ရှိသော ဆေးရည်အဖြစ် သုံးစွဲခဲ့ကြတယ်။

 

သရက်ရွက်ကို Mangifera indica ရုက္ခအမည်ရှိ သရက်မျိုး၏ အရွက်ကို သုံးကြတယ်။

ဆီးချိုအပါအဝင် အခြားကျန်းမာရေး အခြေအနေများကို ထိန်းချုပ်ဖို့အတွက်လည်း သုံးကြတယ်။  ထင်ရှားသည့် အကျိုးကျေးဇူး ၈ ချက်ရှိသည်။

 

၁။ polyphenols ဆဲလ် နှင့်  terpenoids ဆဲလ် (Antioxidants ဆဲလ်တွင်ပါဝင်သော ဆဲလ်ငယ်လေးများ) အပါအဝင် သစ်ပင်တို့မှာ ရှိသည့် ဓာတ်ပေါင်းများကို ပိုင်ဆိုင်ထားတယ်။

 

Terpenoids သည် အမြင်အာရုံအတွက် အထောက်အကူဖြစ်သလို ကိုယ်ခံအား ကောင်းဖို့အတွက်လည်း အထောက်အကူဖြစ်စေပါတယ်။

 

အောက်ဆိုဒ်ဓာတ်ပေါင်းများ  မဖြစ်အောင် ပြုသော  antioxidants ဖြစ်ပါတယ်။ သို့ဖြစ်ရာ ဆဲလ်များ မပျက်စီးအောင် ကာကွယ်ပေးပါတယ်။ ရေဒီကယ်ဟု ခေါ်သော မောလီကျူးများကြောင့် ဆဲလ်များ မထိခိုက်အောင် ကာကွယ်ပေးပါတယ်။

 

၂။ polyphenols သည်လည်း  Antioxidants ဖြစ်ပါတယ်။ ရောင်ရမ်းခြင်းတွေကို သက်သာပျောက်ကင်းစေတယ်။ သုတေသန ပြုချက်များအရ သိရသည်မှာ အစာလမ်းကြောင်းရှိ ကျန်းမာရေး ကောင်းကျိုးပြု ဘက်တီးရီးယားများကို ကောင်းမွန်စေတယ်လို့ သိရပါတယ်။  ဒါ့အပြင် အဝလွန်တဲ့ ပြဿနာကို ကာကွယ်ပေးနိုင်ပါတယ်။ ဆီးချိုကို ထိန်းပေးတယ်။ နှလုံးရောဂါကို တားဆီးပေးတယ်။ ကင်ဆာကိုလည်း တားဆီးပေးနိုင်တယ်လို့လည်း ဆိုပါတယ်။

ရောင်ရမ်းခြင်း ရောဂါ အမျိုးအစာတွေဖြစ်တဲ့ သာမန် ရောင်ရမ်းခြင်း (anti-inflammatory) (ဥပမာ - ဟိုရောင် ဒီရောင် ဟိုဖု ဒီဖု ) ၊ Alzheimer သို့မဟုတ် Parkinson (ပါကင်ဆန်ရောဂါ) တွေကိုလည်း ကာကွယ်တားဆီးပေးပါတယ်။ ဆိုလိုရင်းမှာ - ရောင်ရမ်းခြင်းတွေကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို အာရုံကြောမှတဆင့် ဦးနှောက်ဆီ သို့ မရောက်ရှိအောင် ကာကွယ်ပေးခြင်း ဖြစ်သည်။

 

၃။ အဆီတိုးခြင်းကို ကာကွယ်ပေးတယ်။ တစ်ရှူးများတွင် တွယ်ကပ်နေသော အဆီများကို ခွာချပေးတယ်။ Adiponectin ရေချိန်ကို မြင့်မားစေသည်ဖြစ်ရာ ယင်းသည် အဝလွန်ခြင်းကို တားဆီးပေးသည် အဝလွန်ခြင်း အဆီများခြင်းတို့ကြောင့် ဖြစ်ပေါ်သည့် နာတာရှည်ရောဂါများ မဖြစ်ပွားတော့ချေ။

 

၄။ ဆီးချိုရောဂါကို ထိန်းပေးတယ်။ riglycerides ရေချိန်ကိုလျော့ကျပေးတယ်။ ယင်းသည်  type 2 diabetes (အမျိုးအစား ၂ ဆီးချိုရောဂါ ) ကြောင့် မြင့်မားနေတတ်သည်ကို လျှော့ချပေးတယ်။ သွေးအချို ရေချိန်ကိုလည်း လျော့ကျစေးတယ်။

 

၅။ကင်ဆာ ဆန့်ကျင် သတ္တိရှိတယ်။ အောက်ဆိုဒ်ဖြစ်ခြင်းကြောင့် ဖြစ်ပေါ်သော ဒဏ်ထိခြင်းနှင့် ရောင်ရမ်းခြင်းတို့ကို တိုက်ခိုက်ပေးတယ်။ သရက်ပင်အခေါက်သားတွင်လည်း အလားတူသတ္တိရှိတယ်။

 

၆။ အစာအိမ် ပြည်တည်နာကို ကုသပေးတယ်။ အစာချေခြင်းကို ထောက်ကူဖြစ်တယ်။ ရှေးအခါက အစာအိမ် အနာအတွက် သရက်ရွက်မှုန့်ကို သုံးခဲ့ကြတယ်။

 

၇။ အရေပြားကျန်းမာရေး ကောင်းစေတယ်။ အရေပြား အိုမင်းခြင်းဖြစ်စဉ်ကို ထိန်းပေးသည်မှာ ယင်းတွင် ပါဝင်သော အောက်ဆိုဒ်ဖြစ်ခြင်းကို တားဆီးပေးသည့် သတ္တိကြောင့် ဖြစ်တယ်။  ရေပြားခြောက်ပြီး အက်ကွဲခြင်း၊ ယားယံခြင်း အခြအနေများကို ကုစားပေးတယ်။

 

၈။ ဆံပင်တွေကိုလည်း အားကောင်းစေတယ်။ ဆံပင်ပေါက်နှုန်းကို ကောင်းစေတယ်။ ထို့ကြောင့် ဆံပင်အတွက် ထုတ်လုပ်သော အလှကုန်များတွင် သရက်ရွက်ကို ထည့်သွင်းသုံးစွဲကြတယ်။ အဓိကကျသည်မှာ သရက်ရွက်၏ အောက်ဆိုဒ်ဖြစ်ခြင်းကို တားဆီးကာကွယ်သောသတ္တိကို ယူသုံးခြင်း ဖြစ်တယ်။ မွေးညှင်းပေါက်များ မျက်စီးအောင် ကာကွယ်ပေးသည်ဖြစ်ရာ မွေးညှင်းပေါက်များ ပျက်စီးကုန်ပြီး ဆံပင် ပြန်မပေါက်နိုင်ခြင်း မကြုံရတော့ချေ။

 

သရက်ရွက်ကို အသုံးပြုပုံပြုနည်း

 

သရက်ရွက် အစိမ်းကို ရေစင်စင်ဆေး။ အရွက် ၁၀ မှ ၁၅ ရွက်အထိကို ရေ ၁၅၀ မီလီလီတာဖြင့် ပြုတ်။

ပွက်ပွက်ဆူပြီးလျှင် ပြန်အေးအောင် ထားပြီး သောက်သုံးနိုင်ပြီ ဖြစ်သည်။

အရွက်အစိမ်း မရပါက သရက်ရွက်ခြောက်တို့ကို လက်ဖက်ခြောက်သဖွယ် ထုပ်ပိုးရောင်းချသော အထုပ် ဝယ်ယူပြီး ပြုတ်သောက်နိုင်သည်။ လက်ဖက်ရည် သောက်သည့်နည်းတူ သောက်သုံးရန် ဖြစ်သည်။ 

အမှုန့်အဖြစ်ဖြင့်လည်း ထုတ်လုပ်ရောင်းချသော်လည်း သရက်ရွက် အမှုန့်စစ်စစ်ဖြစ်ကြောင်း  စိတ်မချရပါက မသုံးသင့်ပေ။

 

Translated By Myanmar Health Guide 

Ref: Health Line

Read times
Rate this item
(1 Vote)