What's New




Wednesday, 08 March 2023 09:52

ခေါင်းကိုက်ပျောက်ဆေး ကော်ဖီ

ခေါင်းကိုက်ပျောက်ဆေး ကော်ဖီ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ကော်ဖီတွင်ပါသော ကဖင်းဓာတ်သည် စွဲမက်ဖွယ်ကောင်းသော ဓာတ်ပေါင်းတစ်မျိုး ဖြစ်သည်။ ကော်ဖီကို စွဲစွဲလမ်းလမ်း အမြဲသောက်နေကျ၊ မသောက်ရသည့်အခါ ကဖင်းကို ယင်းထလျှင် ခေါင်းကိုက်တတ်သည်။

ကဖင်းဓာတ်ကို ခန္ဓာကိုယ်က တုံ့ပြန်ပုံကြောင့် ကဖင်း ရရှိနေခြင်းဟာ တစ်ခါတစ်ရံမှာ ခေါင်းကိုက်ခြင်းကို သက်သာရာ ရစေပါတယ်။

 

ကဖင်း မရလို့ ခေါင်းကိုက်တာ ရှိသလို ကဖင်းရလို့ ခေါင်းကိုက်ပျောက်တာလည်း ရှိပါတယ်။

 

ခေါင်းကိုက်ခြင်း ဖြစ်ပေါ်စေတဲ့ အကြောင်းရင်း အမျိုးမျိုး အဖုံဖုံ ရှိနေလို့ ဘာကြောင့် ခေါင်းကိုက်နေရတာလဲဆိုတာ အကြောင်းရင်းအမှန် အတိအကျ အပ်ကျမတ်ကျ ဖော်ထုတ်သတ်မှတ်‌ေပးဖို့ ခက်ခဲပါတယ်။ ဒါပေမဲ့ ကော်ဖီသောက်ခြင်းနဲ့ ခေါင်းကိုက်ခြင်း ဆက်နွှယ်ပုံအရ ကော်ဖီကြောင့် ခေါင်းကိုက်တာ၊ ကော်ဖီကြောင့် ခေါင်းကိုက်ပျောက်တာကို ခန့်မှန်းသိရှိနိုင်ပါတယ်။

  

 ကြိုးကြားကြိုးကြား မနက် အိပ်ရာထ ခေါင်းမကြည်တာကနေ ခေါင်းကိုက်တာအထိ ဖြစ်ပွားတတ်တဲ့သူကို ကုသပေးဖို့အတွက် အကြောင်းရင်းခံ သိရအောင် CT scan လုပ်ပြီး အဖြေရှာလည်း အကြောင်းရင်းအမှန်ကို အတိအကျ သိဖို့ ခက်ပါတယ်။ ဒါပေမဲ့ ကော်ဖီသောက်တဲ့ အလေ့အထကို ကြည့်ပြီး ခေါင်းကိုက်ခြင်းဟာ ကော်ဖီကြောင့်လားဆိုတာ ဆန်းစစ်ပေးနိုင်ပါတယ်။

 

 ကဖင်းနှင့် ခေါင်းကိုက်ခြင်း ဆက်နွှယ်ပုံကို လေ့လာကြည့်ရင် ကဖင်းက လူ့ခန္ဓာကိုယ်အပေါ် သက်ရောက်ပုံကို သိရမှာ ဖြစ်ပါတယ်။

 ကော်ဖီကို ပုံမှန်အားဖြင့် သောက်တဲ့သူတစ်ဦးဟာ ကဖင်းကို ပုံမှန် ရရှိနေပါတယ်။ ကော်ဖီ ပုံမှန်သောက်နေကျကို ရုတ်တရက် မသောက်ဖြစ်တော့ရင် ဘာတွေ ဖြစ်လာနိုင်သလဲ ဆိုတာကိုလည်း သိရမှာ ဖြစ်ပါတယ်။

ကဖင်းဓာတ်ကို ခန္ဓာကိုယ်မှ အလွယ်တကူ ရယူနိုင်ပါတယ်။ ရယူပြီးတဲ့အခါ ကဖင်းဓာတ်က 

အပျော့စားလှုံ့ဆော်မှုတွေ ပေးပါတယ်။ လူအပေါ် မူတည်ပြီး ၁၂ နာရီကြာတဲ့အထိ အကျိုးသက်ရောက်ပါတယ်။ 

ကဖင်းဓာတ်က ဗဟိုအာရုံကြောစနစ်ကို အားကောင်းစေတယ်။ နိုးနေစေတယ်။ နိုးကြားနေစေတယ်။ စိတ်ဆောင်တဲ့အတွက် အင်ပြည့်အားပြည့် ဖြစ်နေစေတယ်။ အာရုံစူးစိုက်မှု ကောင်းနေစေတယ်။ စိတ်ကြည်နေစေတယ်။

ကဖင်းက ဦးနှောက်ကို ဝန်းရံထားတဲ့ သွေးကြောတွေကို ကျဉ်းကျုံ့စေပါတယ်။ အဲဒီအချက်ဟာ ခေါင်းကိုက်ခြင်းနှင့် ကော်ဖီတို့ ဆက်နွှယ်မှု ဖြစ်ပါတယ်။

 

အထက်မှာ ဆိုခဲ့သည့်အတိုင်း ခေါင်းကိုက်ခြင်း ဖြစ်ပေါ်စေတဲ့ အကြောင်းရင်း အမျိုးမျိုး အဖုံဖုံ ရှိနေတာမှာ အကြောင်းတစ်မျိုးက ဦးနှောက်အတွင်းရှိ သွေးကြောများ ကျယ်လာခြင်း သို့မဟုတ် ရောင်လာခြင်းကြောင့် ခေါင်းကိုက်ပါတယ်။ ဘေးပတ်ပတ်လည်မှ တစ်ရှူးများကို ဖိတဲ့အတွက် နာကျင်တဲ့ ဝေဒနာ ဖြစ်ပေါ်ပြီး ခေါင်းကိုက်တဲ့ ရလဒ် ထွက်ပေါ်လာပါတယ်။

ကော်ဖီသောက်လို့ ကဖင်းကို ရလိုက်တဲ့အခါ ကဖင်းက သွေးကြောတွေကို ကျဉ်းစေတဲ့အတွက် ကျယ်နေတဲ့ သွေးကြောတွေ ကျဉ်းသွားပြီး တစ်ရှူးတွေအပေါ် မပိတော့တဲ့အတွက် ဝေဒနာပျောက်ပြီး ခေါင်းကိုက်လည်း ပျောက်သွားပါတော့တယ်။ 

 

နံနက်ခင်း ခေါင်းမကြည် ခေါင်းကိုက်တာဟာ အိပ်ချိန် နည်းလွန်းရင်လည်း ဖြစ်တတ်ပါတယ်။ အိပ်ချိန် များလွန်းလျှင်လည်း ဖြစ်တတ်ပါတယ်။ ရေဓာတ် နည်းနေရင်လည်း ဖြစ်တတ်ပါတယ်။ ညအချိန် ဟောက်ခြင်းကြောင့်လည်း ဖြစ်တတ်ပါတယ်။ အိပ်နေစဉ် အသက်ရှူကျပ်ခြင်းကြောင့်လည်း ဖြစ်တတ်ပါတယ်။ သွေးတိုးရင်လည်း ဖြစ်တတ်ပါတယ်။ လူ့ဦးခေါင်းခွံမှာ နှာခေါင်းပေါက် နှင့် ဆက်သွယ်ထားတဲ့ ဦးခေါင်းခွံ အတွင်း လေလမ်းကြောင်း ကျပ်စို့ရင်လည်း ခေါင်းကိုက်တတ်ပါတယ်။ 

ညဘက် အချိုစားတာများလို့ မနက်ဘက် ခေါင်းကိုက်တာလည်း ရှိပါတယ်။

Source Bangkokpost 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Wednesday, 08 March 2023 09:54
Rate this item
(0 votes)