What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 11 May 2018 11:35

ဗိုက်ခွဲမွေးပြီးနောက်မပြုလုပ်သင့်သောအချက်များ

ဗိုက်ခွဲမွေးပြီးနောက် ဆီးပိုက်ဖြုတ်ပြီးတာနဲ့လမ်းစလျှောက်လို့ရပါပြီး။ဘေးအကူနဲ့လျှောက်လိုပါရတယ်။ခုတင်ပေါ်မှာ

တစ်ချိန်လုံးလှဲလျောင်းနေတာထက်လမ်းလျှောက်တာကအနာကျက်ပိုမြန်စေနိုင်ပါတယ်။အစပိုင်းမှာတော့ခေါင်းမူးခေါင်း

နောက်ခြင်းဖြစ်တက်တာကြောင့် နှေးနှေးသာလျှောက်ရပါမယ်။ တဖြည်းဖြည်းနဲ့လမ်းပုံမှန်လျှောက်လာနိုင်မှာဘဲဖြစ်ပါတယ်။

ဝမ်းမချုပ်ပါစေနဲ့။ရေများများသောက်ပါ။နာကျက်နေစဉ်မျာ ချုပ်ရိုးကို ဒဏ်ပြုခြင်းက ဘေးထွက်ဆိုးကျိုးများစေနိုင်ပါတယ်။ အိမ်သာစသွားနိုင်တဲ့

အခါဆီးဝမ်းကို အောင့်ထားခြင်းမပြုလုပ်ရ။ဆီး ၊ ဝမ်းချုပ်တဲ့အခါအနာကို ပိုနာစေနိုင်ပါတယ်။ဗိုက်ခွဲထားတာကြောင့် အိပ်ယာက ထလိုက်တဲ့အခါ

ဗိုက်က နာတက်ပြီး အိမ်သာသွားဖို့ ခဏခဏ ထ ရတယ်ဆိုပေမဲ့လည်း အိမ်သာကိုသွားရပါမယ်။ကလေးမွေးပြီးပြီးချင်း လေ့ကျင့်ခန်းမလုပ်သင့်ပါ။

ကလေးမွေးပြီးချိန်တွင် အကျီ င်္ပွပွကြီးတွေ ဝတ်ရတာစိတ်ညစ် ရပေမယ့် ကိုယ်ကျပ်အကျီ င်္ဝတ်နိုင်ဖို့အချိန်တစ်ခုကို စောင့်ရပါတယ်။ဗိုက်ကို

စောစောဒဏ်ပေးခြင်းက ဗိုက်အတွင်းချုပ်ရာ သွေးထွက်စေနိုင်ပါတယ်။ဒါကြောင့် လေ့ကျင့်ခန်းလုပ်ခြင်းတယ်ဆိုရင် ကလေးကိုတွန်းလှည်းထဲထည့်၍ တွန်းခြင်း ၊

ကလေးကိုချီ၍ ဆော့ကစားခြင်းစတဲ့ လေ့ကျင့်ခန်းတွေ ကို လုပ်ပေးသင့်ပါတယ်။

ဗိုက်ခွဲမွေးပြီးပထမရက်တွေမှာ အစာပျော့ပျော့တွေကိုဘဲစားသင့်ပါတယ်။အစပ် ၊ အကြော် ၊ မာသောအစားအစာ (ဥပမာ - ဆိတ်သားပြုပ်ကြော်မာမာ)တွေမစားသင့်ပါဘူး။

ကလေးမွေးပီးချိန်မှာဗိုက်ကလက်မခံနိုင်သေးတာ ကြောင့် အစာအိမ်ချဉ်ဖောက်ခြင်း ၊ ရင်ပူစေခြင်း စသည့်လက္ခဏာတွေ ဖြစ်တက်ပါတယ်။

ချုပ်ရိုးကိုဂရုစိုက်ရပါမယ်။ချုပ်ရိုး အမြန်းခြောက်စေရန် ရေနွေးစိမ်ချိုးခြင်းများမပြုရပါဘူး။ဆေးရုံကဆင်းပြီး ၂ ပတ်အတွင်း ကလေးကိုချီတာကလွဲလို့

အလေးအပင် မ မှ သင့်ပါဘူး။ အတွင်းချုပ်ရိုးအနာ တွေကို အနာကျက်စေဖို့အချိန်တစ်ခုစောင့်ရပါတယ်။သက်တောင့်သက်သာရှိမယ့်အနေအထားမျိုးတွင်းအိပ်ပါ။

ချုပ်ရိုးဖြေပြီးအနာကောင်းကောင်းကျက်နေမယ့် ကျောခင်းအိပ်တာကို ပိုနာကျင်ကိုက်ခဲစေနိုင်ပါတယ်။ဒါကြောင့်ဘေးတစ်စောင်းအိပ်ဖို့လိုအပ်နေနိုင်ပါသေးတယ်။

ကလေးအိပ်စင်းလေကို ခုတင်းဘေမှာထားအိပ်ပါ။ဒါမှညဘက်ကလေးချော့ ၊ နို့တိုက်တဲ့အခါကုန်းကုန်း ထရပြီး ခွဲကြောင်းနာခြင်းကို လျော့နည်းစေနိုင်ပါတယ်။

ခင်ပွန်းနဲ့အတူ ချစ်တင်းနှောရောခြင်းသတိထားပါ။ ပုံမှန် ၆ ပတ်အတိတိ အတူမနေရပေမယ့် တခါတလေ အားအင်းပြည့်ဖို့ အချိန်ပိုလိုအပ်ပါတယ်။

ဆရာဝန် မှာကြားတဲ့အတိုင်းဆေးများကိုမှန်မှန်သောက်ပါ။ဆရာဝန် မှာကြားတဲ့အတိုင်းဆေးများကိုမှန်မှန်သောက်ပါ။ဆရာဝန်ညွှန်းကြားထားတဲ့ဆေးတွေကိုဘဲ

သောက်သုံးသင့်ပါတယ်။ဆရာဝန်ညွှန်းထားတဲ့ဆေးတွေမှာ ဆေးအစုံပါတက်တာကြောင့် ကိုယ်စိတ်ထင်ရာအတိုင်း ဝယ်သောက်ခြင်းများ မပြုလုပ်ရပါ။တချို့ဆေးတွေက

မိခင်နို့ရည် ကတဆင့် ကလေးဆီရောက်တာကြောင့် ရင်သွေးငယ်အတွက်တခြားအားဆေးများ မသုံးစွဲသင့်ပေ။ဒါကြောင့် ၆ ပတ်အထိ ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးခြင်းများပြုလုပ်၍ နားနေသင့်ပါတယ်။

source: Drmyanmar.com

Read: အပေါ်ယံအရေပြားတွေ ပျက်စီးရခြင်း အဓိကအကြောင်းရင်းများ

အပေါ်ယံအရေပြားတွေ ပျက်စီးရခြင်း အဓိကအကြောင်းရင်းများ

Read times Last modified on Monday, 14 May 2018 11:00
Rate this item
(4 votes)