What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 05 March 2019 13:26

ကလေးအသေမွေးဖွားပြီး လျင်မြန်စွာ ကိုယ်ဝန်ရှိလျှင်လည်း ဘေးအန္တရာယ်ကင်း

ကလေးအသေမွေးဖွားပြီး တစ်နှစ်အတွင်း ထပ်မံကိုယ်ဝန်ရှိ သော အမျိုးသမီးများသည် အနည်းဆုံး ၂ နှစ်စောင့်ပြီး ကိုယ်ဝန်ယူ သော အမျိုးသမီးများထက် ထပ်မံ၍ ကလေးအသေမွေးဖွားနိုင်ခြင်း နှင့် အခြားအရှုပ်အထွေးများ ပိုရှိနိုင်သည့်အန္တရာယ်မရှိဟု လေ့လာ မှုအသစ်တစ်ရပ်က ဖော်ပြပါတယ်။

ကလေးအရှင်မွေးဖွားခဲ့သော အမျိုးသမီးများ ကိုယ်ဝန်ထပ် မယူမီ ၂ နှစ် စောင့်ဆိုင်းရန်နှင့် ကိုယ်ဝန်ပျက်ကျခဲ့လျှင် အနည်းဆုံး ခြောက်လ စောင့်ဆိုင်းရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ထောက်ခံထားပါတယ်။

 

သို့သော် အထောက်အထားများ နည်းပါးသဖြင့် ကလေးအသေ မွေးဖွားခြင်းနှင့်ပတ်သက်၍ ထောက်ခံအကြံပြုထားခြင်းမရှိပေဘူး။

 

ယခုလေ့လာမှုအတွက် သုတေသီများသည် ၁၉၈၀ နှင့် ၂၀၁၆ ကြားတွင် ယခင်က ကလေးအသေမွေးဖွားဖူးသော အမျိုးသမီး ၁၄,၅၀၀ ၏ ကလေးမွေးဖွားမှု အချက်အလက်များကို ဆန်းစစ်လေ့ လာခဲ့ပါတယ်။

 

သုတေသီများ လေ့လာခဲ့သော မွေးဖွားမှုများတွင် ၉၈ ရာခိုင် နှုန်းက ကလေးအရှင်မွေးဖွားပြီး ၂ ရာခိုင်နှုန်းသာ အသေမွေးဖွားခဲ့ပါတယ်။

 

ပထမအကြိမ် ကလေးအသေမွေးဖွားပြီးနောက် ၁၂ လ အ တွင်း ထပ်မံကိုယ်ဝန်ရရှိသူများသည် ထပ်မံကိုယ်ဝန်ဆောင်ရန် ၂၄ လနှင့် ၅၉ လကြား စောင့်ဆိုင်းခဲ့သူများထက် ကလေးအသေမွေး ဖွားမည့်အန္တရာယ် ပိုမများကြောင်း သုတေသီများက တွေ့ရှိခဲ့ပါတယ်။

 

ယင်းလေ့လာမှုမှ တွေ့ရှိချက်များကို ဖေဖော်ဝါရီ ၂၈ ရက် Lancet ဆေးပညာဂျာနယ်တွင် ဖော်ပြခဲ့ပါတယ်။

 

မိမိတို့၏ တွေ့ရှိချက်များသည် ကလေးအသေ မွေးဖွားပြီး နောက် ထပ်မံကိုယ်ဝန်ဆောင်လိုသော အမျိုးသမီးများနှင့် ကိုယ်ဝန် ရလာသော အမျိုးသမီးများကို အာခမံချက်ပေးနိုင်မည်ဟု မျှော်လင့် ကြောင်း စာတမ်းပြုစုသူ သုတေသီအန်နက်ရှီဂန်က ပြောပါတယ်။

 

Source:7daydaily

Health Products Directory

Read times
Rate this item
(1 Vote)