What's New




Saturday, 29 April 2023 21:06

ဒတ်ခ်ျတရားရုံးက ကလေး ၅၅၀ အတွက် သုတ်ပိုး လှူခဲ့သူကို အလှူရပ်ရန် အမိန့်ချ

ဒတ်ခ်ျတရားရုံးက ကလေး ၅၅၀ အတွက် သုတ်ပိုး လှူခဲ့သူကို အလှူရပ်ရန် အမိန့်ချ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

နယ်သာလန်နိုင်ငံကို တုန်လှုပ်သွားစေသည့် နောက်ဆုံးထွက်ပေါ်သည့် သားဖွားမှုအရှုပ်တော်ပုံတွင် သုတ်ပိုးလှူဒါန်းမှုမှတစ်ဆင့် ကလေးပေါင်း ၅၅၀ ကျော်ကို မွေးဖွားခဲ့သည်ဟု သံသယရှိသူ အမျိုးသားတစ်ဦးကို ဒတ်ခ်ျတရားသူကြီးများက သောကြာနေ့တွင် သုတ်ပိုးလှူဒါန်းမှု ရပ်တန်းမှ ရပ်ရန် အမိန့်ပေးခဲ့သည်။:

.

“Jonathan M” ဟုသာ အမည်ကို သိခွင့်ပေးသည့် အသက် ၄၁ နှစ်ရှိသူ အမျိုးသားသည် သုတ်ပိုးအလှူဖြင့် မွေးဖွားသည့် ကလေးများ၏ အခွင့်အရေး ကာကွယ်ပေးသည့် ဖောင်ဒေးရှင်းတစ်ခုနှင့် ၎င်း၏ သုတ်ပိုးဖြင့် ကလေးမွေးထားသူ မိခင်တစ်ဦးတို့က တရားရုံးသို့ တိုင်တန်းခဲ့ကြသဖြင့် အရေးယူဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

.

ဒတ်ခ်ျဆေးဘက်ဆိုင်ရာ လမ်းညွှန်ချက်များအရ သုတ်ပိုးအလှူရှင်တစ်ဦးသည်  ၁၂ ခုထက် မပိုသော  မိသားစုများတွင် ကလေး ၂၆ ယောက်ထက် မပိုသော ဖခင် ဖြစ်ရမည်ဟု ကန့်သတ်ချက် ရှိသည်။

အဆိုပါ အမျိုးသားသည်  သုတ်ပိုးလှူဒါန်းခြင်းကို ၂၀၀၇ ခုနှစ်တွင် စတင်ခဲ့သည်။ ယခုအထိ ကလေး ၅၅၀ နှင့် ၆၀၀ ကြား မွေးထုတ်ပေးရန် သုတ်ပိုးလှူဒါန်းပြီး ကူညီပေးခဲ့သည်ဟု တရားသူကြီးများက ပြောကြားသည်။

သို့ဖြစ်ရာ တရားရုံးသည် “ဤစီရင်ချက်ထုတ်ပြန်ပြီးသည့်နောက်တွင် တရားခံသည် ၎င်း၏ သုက်ရည်ကို အလားအလာရှိသော မိဘအသစ်များသို့ လှူဒါန်းခြင်းမပြုရန် တားမြစ်ထားသည်”ဟု အမိန့်စာ ထုတ်ပြန်သည်။

.

Jonathan M သည် “သုတ်ရည်လှူဒါန်းလိုသောဆန္ဒဖြင့် အလားအလာရှိသောမိဘများထံ ဆက်သွယ်ခြင်း မပြုရ။ သူ၏ ဝန်ဆောင်မှုများကို အလားအလာရှိသောမိဘများထံ ကြော်ငြာခြင်း မပြုရ။  အလားအလာရှိသော မိဘများကြားတွင် အဆက်အသွယ်ပြုလုပ်သော မည်သည့်အဖွဲ့အစည်းနှင့်မဆို ပူးပေါင်းဆောင်ရွက်ခြင်း မပြုရ" ဟု အမိန့်စာတွင် ဖော်ပြထားသည်။

.

သုတ်ပိုးများ ဆက်လက်လှူဒါန်းပါက အကြိမ်တိုင်းအတွက် ဒဏ်ငွေ ယူရို ၁ သိန်း (ကန်ဒေါ်လာ ၁၁၀,၀၀၀) အပြင် နောက်ထပ် ဒဏ်ငွေများကိုလည်း ပေးဆောင်ရမည်ဟု တရားသူကြီးက အမိန့်ချမှတ်ခဲ့သည်။

Jonathan M ၏ သုတ်ပိုးဖြင့် ကလေးတစ်ဦးမွေးထားသူ မိခင်ကို “Eva” ဟုသာ အမည်ကုိ အသိပေးထားပြီး သူမက တရားရုံး စီရင်ချက်ကို အားရကျေနပ်ကြောင်း၊ ကျေးဇူးတင်ကြောင်း ပြောကြားသည်။

"အခြားနိုင်ငံများသို့လည်း တောမီးကဲ့သို့ ပျံ့နှံ့နေအောင် အ‌မြောက်အမြား လှူဒါန်း‌ေနခြင်းကို ရပ်တန့်စေခဲ့ပြီဖြစ်ကြောင်း သူမက ပြောကြားသည်။

Jonathan M သည် ဒတ်ခ်ျကိုယ်ပိုင်ဆေးခန်း Cryos သို့ ပင်တိုင်လှူဒါန်းခဲ့သည့်အပြင် ပြည်ပမှ အလှူခံသည့် ဆေးခန်းများသို့လည်း သူ့သုတ်ပိုးများကို ပေးပို့ခဲ့သည်။

.

"အလှူရှင်က ယခင် သူ့သုတ်ပိုးဖြင့် မွေးပြီးသား ကလေးအရေအတွက်နှင့် ပတ်သက်ပြီး အလားအလာရှိသည့် မိဘများကို တမင်ရည်ရွယ်ချက် ရှိရှိဖြင့်  လွဲမှားစွာ အသိပေးခဲ့သည်" ဟု တရားရုံး၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ယခုအခါ သူ့သုတ်ပိုးဖြင့် ကလေးများ ရာဂဏန်းသည် ဖအေတူမအေကွဲအဖြစ် အမျိုးတော်စပ်သူများ ဖြစ်နေကြသည်။ ကြီးမားသည့် မိသားစု ဆွေမျိုးကွန်ရက်တစ်ခု ဖြစ်ပေါ်နေစေသည်။ ၎င်းတို့ဆန္ဒမပါဘဲ အမျိုးတော်စပ်နေကြရခြင်း ဖြစ်နေသဖြင့် လူ့အခွင့်အရေး ဆုံးရှုံးကြရသဖြင့် သုတ်ပိုးအလှူဖြင့် မွေးဖွားသည့် ကလေးများ၏ အခွင့်အရေး ကာကွယ်ပေးသည့် ဖောင်ဒေးရှင်းတစ်ခုကလည်း တရားရုံးသို့ တိုင်တန်းခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ဖအေတူမအေကွဲ တော်စပ်မှန်း မသိကြရသဖြင့် အကြောင်းတိုက်ဆိုင်ပြီး ဖအေတူမအေကွဲ မောင်နှမတို့ သွေးရင်းစပ်ယှက်ခြင်း (incest) အရေးကိစ္စလည်း ရှိနေစေသည်။ 

.

“ကလေးငယ်တွေရဲ့ အကျိုးဆက်က လေးနက်လွန်းတာကြောင့် အမျိုးကောင်းသားကို သုတ်ရည်ထပ်မပေးဖို့ တားမြစ်ရပါတယ်”ဟု တရားသူကြီးတစ်ဦးက မှတ်ချက်ပြုပါသည်။

Source Bangkokpost 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Saturday, 29 April 2023 21:07
Rate this item
(0 votes)